
ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးထားပါက ကိုဗစ်ရောဂါကြောင့်သေဆုံးနိုင်ခြေမှာ ၁.၅ရာခိုင်နှုန်းသာ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ (၂၈-၁-၂၀၂၂) ရက်နေ့မှ (၇-၉-၂၀၂၂) ရက်နေ့အထိ တွေ့ရှိရတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံထားရှိမှု အခြေအနေတွေ ကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူတွေရဲ့ (၈၄.၁) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူတွေနဲ့ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံထားတဲ့သူတွေ ဖြစ်ကြပြီး (၁၄.၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံ ထားရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။








