သခွားသီးနဲ့ ကြက်ဥအကာ မျက်နှာပေါင်းတင်ဆေး

 
ဒီနည်းလေးကတော့ ချွေးပေါက်များကို သေးငယ်စေပြီး အသားအရေကို ကျစ်လစ်စေပါတယ်…အသားအရေတွဲကျသူတွေအတွက်လဲ ကောင်းပါတယ်….
🙂
ပြုလုပ်ပုံလေးကတော့….

? အအေးခံထားတဲ့ သခွားသီးတစ်လုံးကို အခွံခွာပြီး Blender ထဲမွှေပါ…
? ကြက်ဥတစ်လုံးရဲ့ အကာရယ်၊ ဗီတာမင်အီးတစ်လုံးရယ်၊ သံပုယိုရည် လက်ဖက်ရည်တစ်ဇွန်းရယ် ကို ရောထည့်ပြီး သမအောင်မွှေပါ…
? ရလာတဲ့အရည်ကို မျက်နှာသန့်သန့်ပေါ်လိမ်းပေးပါ…
? မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ..
? ချွေးပေါက်များကို သေးငယ်စေပြီး အသားအရေကို ကျစ်လစ်စေပါတယ်…
? မျက်ဝန်းအောက်ဖက်ဧရိယာက အသားအရေတွဲကျသူတွေအတွက်လည်း
ကောင်းပါတယ်…

မျက်နှာအဆီပြန်သူ တို့အတွက် အုန်းရည်

မျက်နှာပြင်မှ အဆီပြန်၊ ချွေးထွက်လို့ စိတ်ပျက်နေသူတို့ အတွက်ပါ။ ဒါတွေကြောင့်မို့လို့ ဝင်းလက်တောက်ပတဲ့ မျက်နှာပြင် အလှတွေပျက်နေတယ်လို့ သင်ထင်ပါသလား။
မျက်နှာပြင်အဆီပြန်တာကို ဇျေးကြီးတဲ့ အလှပြင် ပစ္စည်းတွေကို တကူတက ရှာဖွေ ဝယ်ယူနေစရာမလိုပဲ လတ်ဆတ်တဲ့ အုန်းရည်ကို
အသုံးပြု ဖြေရှင်းနိုင်ပါတယ်။

အမြဲငယ်ရွယ်နုပျိုနေစေဖို့ မပြုလုပ်သင့်တဲ့ အချက် (၁၀) ချက်

Shaolin kung fu ကိုယ်ခံပညာဆိုတာ အကြီးမားဆုံးပျော်ရွှင်မှု၊ လူတစ်ဦးတစ်ယောက် အသက်လုံခြုံမှုနဲ့အတူ ဘဝကို အဆုံးစွန်ထိ ရှင်သန်စေနိုင်စွမ်းရှိတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ထိန်းသိမ်းခြင်းနဲ့ ဆက်နွယ်ပါတယ်။ တစ်သက်လုံး ဒေါင်ဒေါင်မြည် ကျန်းမာစေဖို့ ကွယ်လွန်သွားပြီဖြစ်တဲ့ Shaolin ကိုယ်ခံပညာရှင်နဲ့ Instant Health: The Shalin Qigong Workout for Longevity ကလောင်ရှင် Shifu Yan Lei မှ ဖော်ပြပေးထားတဲ့ အချက် (၁၀) ချက်ရှိ ပါတယ်။ အဲဒါကတော့ –

အရွယ်တင်နုပျိုစေဖို့ “S” သုံးလုံးကို ရှောင်ကြစို့

အသက်အရွယ်ကြီးရင့်လာတာကို တားဆီးထားလို့မရသလို ရပ်တန့်လိုက်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အသက်အရွယ်ထက် ပိုပြီးနုပျိုကျန်းမာနေအောင်တော့ လုပ်လို့ရပါတယ်။ နုပျိုလန်းဆန်းကျန်းမာဖို့ လုပ်သင့်တဲ့အချက်တွေ အများကြီး ရှိတဲ့အထဲက အရေးကြီးပြီး လူသတိမထားမိတဲ့အချက် (၃) ချက်ကို ဖော်ပြပေး လိုက်ပါရစေ။ အတိုကောက် S သုံးလုံးလို့ မှတ်သားကြတဲ့ Sun (နေ)၊ Stress (စိတ်ဖိစီးမှု)၊ Sugar (သကြားဓါတ်) စတာတွေကို မိမိခန္ဓာကိုယ်တွင်း ရောက်ရှိမှု နည်းနိုင်သမျှနည်းအောင် ရှောင်ရှားကြရမှာဖြစ်ပါတယ်။