
သင်ဟာ အလုပ်မှာ တစ်နေ့လုံးနီးပါး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်ရသူဆိုရင်တော့ သင့်မျက်လုံးအတွက် ဂရုစိုက်ပေးရမယ့် အချက်လေးတွေ ရှိလာပါပြီ။ ဒီအချက်ကလေးတွေကို ဂရုမပြုပဲ ကွန်ပျူတာရှေ့ မနားမနေ အလုပ်လုပ်နေမယ်ဆိုရင်တော့ မျက်လုံးအားနည်းလာမှာဖြစ်ပြီး၊ မျက်ရည်ပူကျတာမျိုး၊ ခေါင်းကိုက်တာမျိုး စတဲ့ မျက်လုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားလာရမှာ အသေအချာပါပဲ။ ဒီတော့ ခုပြောပြပေးမယ့် အချက်ကလေးတွေ ကို သေချာလိုက်နာ လုပ်ဆောင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။







