ဟင်းသီးဟင်းရွကတွေနဲ့ သစ်သီးတွေ စားတာက အသားတွေ စားတာထက် ပိုပြီးကျန်းမာစေပါတယ်။ အသီးအနှံတွေက ဗီတာမင်ဓာတ်အရမ်းကြွယ်ဝတာမို့ အသားအရေကို စိုပြည်စေပါတယ်။
ဟင်းသီးဟင်းရွကတွေနဲ့ သစ်သီးတွေ စားတာက အသားတွေ စားတာထက် ပိုပြီးကျန်းမာစေပါတယ်။ အသီးအနှံတွေက ဗီတာမင်ဓာတ်အရမ်းကြွယ်ဝတာမို့ အသားအရေကို စိုပြည်စေပါတယ်။
အချိန် ၂ မိနစ်အတွင်း ပြုလုပ်နိုင်မှာဖြစ်ပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်တဲ့ မနက်စာဖြစ်ပါတယ်။ ကျန်းမာရေး ပညာရှင်တိုင်းက မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးဖို့ တိုက်တွန်း ကြပါတယ်။ အာဟာရရှိတဲ့ မနက်စာက တစ်နေ့တာလုပ်ငန်းတွေကို ခွန်အားရှိစွာ လုပ်ကိုင်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဝိတ် လျှော့လိုသူတွေနဲ့ မနက်စာချက်ပြုတ်ဖို့ အချိန်မရသူတွေအတွက် ကျန်းမာပြီး အာဟာရရှိတဲ့ သစ်သီးဖျော်ရည် တစ်ခွက်က မနက်စာအာဟာရကို တာဝန်ယူပေးပါလိမ့်မယ်။ ငှက်ပျောသီးနဲ့လိမ္မော် ပေါင်းစပ်ထားတဲ့ Smoothie က ပြုလုပ်ရလွယ်ပြီး အရသာလည်းရှိ၊ အဟာရလည်း ရှိပါတယ်။
Slow and Study Wins the race ဆိုတဲ့စကားအတိုင်း ဖြေးဖြေးနှင့်မှန်မှန်ပြုလုပ်ခြင်းက အောင်မြင်မှုကို ရရှိစေ ပါတယ်။ ၀ိတ်လျော့တဲ့နေရာမှာလည်း ဒီလိုပါပဲ။ ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် လေ့ကျင့်ခန်း ပြုလုပ် ခြင်း၊ အစားအသောက်ဖြင့် ထိန်းချုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သို့သော် လူအများစုသည် မြန်မြန်ဝိတ်ကျလို သဖြင့် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း၊ ကယ်လိုရီနည်းပါးသော အစားအစာများကိုသာ ရွေးချယ်စားသုံးခြင်း တို့ကို ပြုလုပ်လာကြပါတယ်။
ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူများ ဖြစ်နိုင်ချေ ရှိတဲ့ ရောဂါများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ Decreasing eyesight။ ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင်အာရုံ ကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက် နေမှုကြောင့် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။
အသီးအနှံတွေက ခန္ဓာကိုယ်အတွက် အရမ်းကောင်းတယ်လို့ သိထားကြပေမဲ့ တချို့အစားအစာတွေနဲ့ တွဲစာ မိတဲ့ အခါ အန္တရာယ်ဖြစ်စေနိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ သူတို့မှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိနေပေမဲ့ အခု ပြောပြမယ့်အစားအစာတွေက တစ်ပြိုင်တည်းတွဲစားမယ်ဆိုရင် လူကြီးတွေဆိုရင် နေထိုင်မကောင်းဖြစ်စေရုံပေမဲ့ ကလေးငယ်တွေမှာသေဆုံးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိထားဖို့ ဖော်ပြလိုပါတယ်။
(၁) ရေဝင်တဲ့ဖက်ကို ခေါင်းစောင်းထားပါ။ ပြီးရင်ဖြစိတဲ့ နားကို လက်ဖဝါးနဲ့ တင်းကြပ်နေအောင်ဖိပြီး လေ ဟာနယ်ဖြစ်အောင် လုပ်ပါ။ ၅ စက္ကန့်ထားပြီး ချက်ချင်းပြန်လွှတ်လိုက်ပါ။ ရေမထွက်မချင်း လုပ်ပေးနိုင် တယ်။
တရုတ်နံနံ (parsley) မှာ ရောဂါပိုးသတ်ဆေး၊ သွေးကြွစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်တာကြောင့် တရုတ်နံနံ စားခြင်းကနေ ခန္ဓာကိုယ်တစ်ခုလုံး အကျိုးခံစားစေပါတယ်။ ဆီးချိုရောဂါရှိသူတွေအပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။
လောကမှာရှိတဲ့ ဘယ်အရာမဆို အကောင်းနဲ့အဆိုး ယှဉ်တွဲနေတယ်ဆိုတာ လူတိုင်း သိပြီးဖြစ်ပါတယ်။ ချောကလက်ကလည်း လောကရဲ့ အရာဝတ္ထုတွေထဲကတစ်ခုဖြစ်တဲ့အတွက် သူ့မှာလည်း ကောင်းတဲ့အကွက်ရော ဆိုးတဲ့အကွက်ပါ ပါဝင်ပါတယ်။ ဒါပေမဲ့ အများစုကတော့ ချော့ကလက်မှာ antioxidant နဲ့ Flavanoids တွေ များစွာပါဝင်တဲ့ အတွက် နှလုံးနဲ့ကင်ဆာရောဂါဖြစ်ပွားမှု လျော့နည်းစေတယ်ဆိုတာပဲ သိကြပါတယ်။
ဆောင်းရာသီ ၀င်လာတာမို့ လူတွေအအေးမိ၊ ချောင်းဆိုးတွေ အဖြစ်များနေပြီ ဖြစ်ပါတယ်။ အအေးမိ ချောင်းဆိုး တဲ့ အခါ ပိုက်ဆံ အကုန်ခံပြီး နာမည်ကြီး တံဆိပ်နဲ့ ချောင်းဆိုးပျောက်ဆေး ၀ယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီး ဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ ညွှန်းလိုက်ပါတယ်။
လူတိုင်းမနက်မိုးလင်ရင် မနက်စာကို စားသုံးကြရပါတယ်။ မနက်စာဟာ လူတွေအတွက် အရေးကြီးတဲ့ ပထမဆုံး အစာစားချိန်တစ်ခုဖြစ်ပါတယ်။ မနက်စာစားပြီး နေ့တစ်နေ့အတွက် ခွန်အားတွေကိုဖြည့်ဆည်းကာ အလုပ်လုပ်ကြ ရတာဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအတွက် မနက်စာဟာ အာဟာရပြည့်ဝတဲ့ အစားအစာဖြစ်စေဖို့ လိုအပ်ပါ တယ်။ ကြက်ဥဟာ မနက်စာအတွက် အာဟာရပြည့်ဝစေတဲ့အစားအစာတစ်ခုအဖြစ် ကျန်းမာရေးအကျိုးကျေးဇူး များပုံကို လေ့လာသူတွေက အခုလို ဖော်ပြထားကြပါတယ်-
ကြက်ဥဟာ ဗိုက်ပြည့်စေပြီး အဆာခံပါတယ်
ကြက်ဥမှာပါတဲ့ ပရိုတင်းနဲ့ အသားဓာတ်တွေက လူတွေအတွက် စွမ်းအင်တွေကို သိုလှောင်ထိန်းသိမ်းပေးသလို အဆာခံစေပြီး ဗိုက်ပြည့်တင်းစေပါတယ်။ မနက်စာစားတဲ့အခါ ကြက်ဥလေးတစ်လုံးလောက် ပါဝင်ဖြည့်စွက်လိုက် ခြင်းဖြင့် နေ့လည်စာစားချိန်မတိုင်မှီ စောစီးစွာဆာလောင်ခြင်းတို့ ကင်းဝေးစေပါတယ်။