ပြည်ခိုင်ဖြိုးပါတီလေဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့

 

မိုးညှင်း စက်တင်ဘာ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးကျော်စိုးလေး၏ စီမံညွှန်ကြားမှုဖြင့် မိုးညှင်းခရိုင်ပါတီ အရန် ကော်မတီဝင် ဦးခင်မောင်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးလမိုင်နှင့်ကော်မတီ ဝင်များ၊ ဟိုပင်ဒေသပါတီတာဝန်ခံ ဦးမြဝင်းနှင့်ကော်မတီဝင်များသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးညှင်းမြို့နယ် အင်းလေးကျေးရွာ မှ လေဘေးသင့်နေအိမ် ၁၃ လုံး အတွက် နေအိမ်တစ်လုံးလျှင် ငွေ ကျပ်သုံးသောင်းနှုန်းဖြင့် စုပေါင်း ငွေကျပ် ၃၉ဝဝဝဝ ကို သက်ဆိုင် သည့်မိသားစုဝင်များထံ ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Read more

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်

 

မိတ္ထီလာ စက်တင်ဘာ ၁၃

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့ အထက(၁) ကျောင်း ဧကရာဇ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှ ၁ဝ နာရီခွဲအထိ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လူကုန်ကူးမှုတိုက် ဖျက်ရေးစာစီစာကုံး၊ပန်းချီ၊ကာတွန်း ပြိုင်ပွဲ ဆုရကျောင်းသား ကျောင်း သူများအား ဆုပေးပွဲကျင်းပခဲ့ ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ မိတ္ထီ လာမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါ တီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည် များ၊ ရပ်မိရပ်ဖ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်းအင်အား ၃ဝဝ ခန့် တက်ရောက်ပါကြောင်း သိရသည်။

Read more

မန်စီးတီးအသင်း ကမ္ဘာ့ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံးအသင်းဖြစ်လာ

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက ဝင်ငွေပေါင် သန်း ၅၀၀ ကျော်ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ဝင်ငွေအကောင်းဆုံး ဖြစ်လာသော်လည်း မိမိတို့အသင်း၏ ခရီးစဉ်ရှည်ကြီး မပြီးဆုံးသေးကြောင်း အသင်းဥက္ကဋ္ဌ ကယ်လ် ဒွန်းအယ်လ်မူဘာရက်က ပြော သည်။

၂၀၁၈ ဇွန်လ ၃၀ ရက်အထိ တွက်ချက် ထုတ်ပြန်သော နှစ်စဉ် အစီရင်ခံစာတွင် မန်စီးတီးသည် ပေါင်သန်း ၅၀၀ ပမာဏကိုကျော်လွန်သည့် ဒုတိယ  အင်္ဂလန် ကလပ်အသင်းအဖြစ် အတည်ပြု ခဲ့သည်။

Read more

တူရကီလိဂ်တစ်နှစ်တာအကောင်းဆုံး နောက်ခံလူဆု ပီပီ ရရှိ

တူရကီလိဂ် တစ်နှစ်တာအကောင်းဆုံးနောက်ခံလူဆုကို ဘက်ဆီးတပ်စ်မှ ရီးရဲလ်အသင်းသားဟောင်း ပေါ်တူဂီ လက်ရွေးစင် ပီပီရရှိခဲ့သည်။ တူရကီစူပါလိဂ်၏ ပြီးခဲ့သည့်နှစ် အကောင်းဆုံးကစားသမားများကို ပြည်သူနှင့် ကျွမ်းကျင်သူများက ရွေးချယ်ခဲ့ပြီး ဆုရကစားသမားများအား စက်တင် ဘာ ၁၂ ရက် ညကဆုချီးမြှင့်ခဲ့သည်။

တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂါလာတာစာရေးတိုက်စစ်မှူးဟောင်း ဂိုမစ်က ရရှိပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂါလာတာစာရေး နည်းပြ ဖာတစ်တီရင်ရရှိသည်။

Read more

အမေရိကန် ပိုင်နက်အနီးအထိ ရုရှား ဗုံးကြဲလေယာဉ်များ ချဉ်းကပ်ပျံသန်းခဲ့

အမေရိကန် ပိုင်နက်အနီးသို့ ရုရှား မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ချဉ်းကပ်ခဲ့မှုကြောင့် အမေရိကန် တိုက်လေယာဉ်များ ပျံတက်ပြီး ကြားဖြတ် စောင့်ကြည့်ခဲ့ရကြောင်း သိရသည်။

အမေရိကန် စစ်တပ်၏ မြောက်အမေရိက လေကြောင်းကာကွယ်ရေး ဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ရုရှား၏ TU-95 ဗုံးကြဲလေယာဉ်နှစ်စီး အလာစကာ ပြည်နယ်အနီးထိ ချဉ်းကပ် ပျံသန်းလာကြောင်း အတည်ပြုခဲ့သည်။ ယင်းအခြေအနေကို အရေးပေါ် တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က F-22 ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်စီးကို ချက်ချင်း စေလွှတ်ခဲ့သည်။

Read more

အဲဗာတန်အသင်း အမှတ်လျော့(သို့) ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိ

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၀က်ဖို့ဒ်အသင်းကို ကိုင်တွယ်နေတဲ့ မာကိုဆေးလ်ဗားကို တရားမ၀င် ချဉ်းကပ်မှုအတွက် အမှတ်လျော့(သို့)ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလပ်အသင်းနှစ်သင်းအကြား ကာလရှည်အငြင်းပွားမှုဟာ ကြာသပတေးနေ့က The Times သတင်းစာရဲ့ ဖော်ပြမှုကြောင့် ပိုပြီးအရှိန်မြင့်တက် လာခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲဗာတန်အသင်းရဲ့ မာကိုဆေးလ်ဗားကို ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး စတင်စစ်ဆေးနေပြီလို့ သတင်းတွေ ထွက်လာပါတယ်။ ၀က်ဖို့ဒ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီက အဲဗာတန်ဟာ နည်းပြမာကိုဆေးလ်ဗားကို တရားမ၀င် ချဉ်းကပ်ခဲ့တယ်လို့ ဆိုခဲ့ပြီး ပရီးမီးယားလိဂ်ထံ တိုင်ကြားခဲ့ပါတယ်။

Read more

လူမှုကွန်ရက်တွင် အစွန်းရောက် ရေးသားချက်များကို တစ်နာရီအတွင်း ဖယ်ရှားရန် ဥပဒေသစ် ဥရောပသမဂ္ဂ ပြဌာန်းမည်

Google, Facebook, Twitter နှင့် အခြား အွန်လိုင်း ပလက်ဖောင်းများသည် ၄င်းတို့ပလက်ဖောင်းမှ အစွန်းရောက် အကြောင်းအရာပါ ရေးသားချက်များအား တစ်နာရီအတွင်း ဖယ်ရှားရန် ဥပဒေသစ်ကို အတည်ပြုနိုင်ရန် ဥရောပပါလီမန်သို့ ဥရောပသမဂ္ဂအမှုဆောင်အရာချုပ်က တင်သွင်းလိုက်သည်ဟု Russia Today က ရေးသားဖော်ပြသည်။
အချိန်တစ်နာရီသည် အကြီးမားဆုံးပျက်စီးဆုံးရှုံးမှုဖြစ်ရန် လုံလောက်သည်ဟု အမှုဆောင်အရာချုပ်က ပြောဆိုသည်။ ယခုဥပဒေသစ် အတည်ဖြစ်ခဲ့လျှင် အချိန်တစ်နာရီအတွင်း အစွန်းရောက် အကြောင်းအရာပါ ရေးသားချက်များကို ဖယ်ရှားခြင်း မရှိသော လူမှုပလက်ဖောင်းသည် ၄င်းတို့၏ တစ်နှစ်တာအမြတ်အစွန်း၏ ၄ ရာခိုင်နှုန်းကို ဒါဏ်ငွေအဖြစ် တပ်ရိုက်မည်ဖြစ်ရာ Google ပလက်ဖောင်း တစ်ခုတည်းကပင် ဒေါ်လာ ၄-ဘီလျံ ဒါဏ်ရိုက်ခံရဖွယ် ရှိနေသည်ဆို၏။

Read more

နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး ဆက်လက်အားဖြည့်ရန် တရုတ်နှင့် ဂျပန် သဘောတူ

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဟာ ရုရှားနိုင်ငံ ဆိပ်ကမ်းမြို့ ဗလာဒီဗိုစတော့မှာ ကျင်းပတဲ့ အရှေ့ပိုင်းစီးပွားရေးဖိုရမ်နဲ့ ဆက်စပ် ဆွေးနွေးပွဲအတွင်း စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေး ဆက်လက်အားဖြည့်ဖို့ အစည်းအဝေးအတွင်း သဘောတူခဲ့ကြတယ်လို့ တရုတ်အစိုးရမီဒီယာ စီစီတီဗွီက ပြောပါတယ်။

Read more

မြောက်ကိုရီးယား လက်အောက်ခံ ကုမ္ပဏီတွေ ကန် ပိတ်ဆို့

မြောက်ကိုရီးယားနိုင်ငံက နောက်ကွယ်က ထိန်းချုပ်ထားတယ်ဆိုတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေမှာ အခြေစိုက်တဲ့ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီနှစ်ခုကို အမေရိကန်နိုင်ငံက ပိတ်ဆို့ လိုက်ပါတယ်။

ကြာသပတေးနေ့က အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ တရုတ်ပြည်က Siliver Star ကုမ္ပဏီနဲ့ ရုရှားမှာဖွင့်ထားတဲ့ ကုမ္ပဏီခွဲတွေကို ပိတ်ဆို့လိုက်တာပါ။ ဒီကုမ္ပဏီမှာ မြောက်ကိုရီးယားနိုင်ငံက Jong Song Hwa ဟာ အမှုဆောင်အရာရှိချုပ်တဦးဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ်များအတွက် နိုင်ငံရပ်ခြားကနေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

Read more

ပရီးမီးယားလိဂ်မှာ ပင်နယ်တီတွေ ပိုများလာတော့မယ်

မနှစ်က လိဂ်ဖလားနဲ့အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ပွဲစဉ်အချို့မှာစမ်းသပ်အသုံးပြုခဲ့ပြီး ဒီနှစ်ကစကာ ပရီးမီးယားလိဂ် ပွဲစဉ် အနည်းဆုံး ၁၉ ပွဲကနေ အများဆုံး ပွဲ ၆၀ အထိ အသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲကို မနက်ဖြန်ကစပြီး ဗီဒီယိုစောင့်ကြည့်စနစ်(VAR) စတင်အသုံးပြုသွားတော့မယ်လို့ သိရပြီး တစ်ချိန်တည်းမှာ ပွဲ ၅ ပွဲ ကို တစ်ပြိုင်နက်တည်း အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

Read more