Author: USDP 2016
ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေးကော်မတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန်၊ အောက်တိုဘာ ၎
ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ယမန်န့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ကော်မတီဝင် များနှင့်တွေ့ဆုံ၍ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဉ်များကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ သည်။
အစီအစဉ်အရ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ကိုယ်စားလှယ်လောင်း များနှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများက ပံ့ပိုးကူညီရမည့် လုပ်ငန်း စဉ်များကို မှာကြားခဲ့သည်။
UWSA ဖမ်းထားတဲ့ “ဝ” ခရစ်ယာန်ဓမ္မဆရာတွေ ပြန်လွတ်
ရှမ်းပြည်နယ် အထူးဒေသ၂မှာ UWSA ခေါ် ၀တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ၀လူမျိုး ခရစ်ယာန်ဓမ္မဆရာ ၁၀၀ လောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့လားဟူ ဓမ္မဆရာ ၉၀ ကျော်ကိုတော့ လွှတ်မပေး သေးကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ဒီလို ပြန်လွှတ်ပေးရာမှာ ဘာသာရေးဆိုင်ရာကန့်သတ်ချက်တွေပါဝင်တဲ့ ခံဝန်ချက်ကို လက်မှတ်ထိုးရတယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
Read moreတိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်သူအချို့က အခြေခံဥပဒေကို လွှဲချနေဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဆို
တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်သူအချို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတားအဆီး တစ်ခုအဖြစ်လွှဲချနေကြသည်ဟု ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဥက္ကဋ္ဌ ဦးသန်းဌေး က ပြောဆိုလိုက်သည်။ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ USDP ပါတီ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ဦးသန်းဌေးက ပြောကြား ခဲ့ခြင်းဖြစ်သည်။
Read more၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေး
အောက်တိုဘာ (၄)၊ မင်းဘူး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ စကုမြို့ရှိ ဇာတ်ရုံခန်းမတွင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး မင်းဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆန္ဒရှင်ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် (၈) နာရီ ၃၀ မိနစ်က ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။
Read moreပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတီတော်မြတ်များအား ဖူးမျှော်ကြည်ညို၍ အလှူငွေပေးအပ်လှူဒါန်း
အောက်တိုဘာ ၄၊ မင်းဘူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ချိန် တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျာင်းတော်ရာ စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် စေတီတော်မြတ်ကြီးအကျိုးတော်ဆောင်ချုပ်နှင့် ကျောင်းကြီးကျောင်းဆရာတော် အရှင်ဓမ္မစာရအား ဖူးမျှော်ကြည်ညိုပူဇော်၍ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Read moreအင်္ဂလန်နည်းပြ ဆောက်ဂိတ် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထိ သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆို
နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းနဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့တာကြောင့် ၎င်းကို အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲထိ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ အရင်သဘောတူစာချုပ်အရ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ၂၈ နှစ်အကြာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ဦးဆောင်ပေးခဲ့သူဖြစ်ပါတယ်။
Read moreမန်ယူကို ကျော်ဖြတ်ပြီး ဝင်ငွေ ပေါင် ၆၅၉ သန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးကလပ်ဖြစ်လာတဲ့ ရီးယဲလ်မက်ဒရစ်
ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူအသင်းနဲ့ ပြိုင်ဘက် ဘာစီလိုနာတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာတယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ပြီး စုစုပေါင်း ဖလား ၁၃ ထိ ပိုင်ဆိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ၂၀၁၇-၁၈ ရာသီအတွင်း စံချိန်တင် ဝင်ငွေ ပေါင် ၆၅၉ သန်း ရရှိခဲ့ပြီး မနှစ်ကထက် ပေါင်သန်း ၆၀ ပိုမြင့်တက်ခဲ့ပါတယ်။
Read moreဂိုး ၈၀၀၀ မြောက်ကို လာမီလာ သွင်းခဲ့တာလို့ UEFA အတည်ပြု
ချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ဂိုး ၈၀၀၀ မြောက်ကိုသွင်းယူခဲ့သူက အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းမဟုတ်ဘဲ စပါးကွင်းလယ်လူ လာမီလာ ဖြစ်တယ်လို့ UEFA ကအတည်ပြုလိုက်ပါတယ်။ အစောပိုင်းမှာ ဘရုဂျက်ဘက် ကို ဂရစ်ဇ်မန်းသွင်းတဲ့ ဂိုးက ၈၀၀၀ မြောက်ဖြစ်တယ်လို့ သတ်မှတ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ ဘာစီလိုနာ ဘက်ကို လာမီလာသွင်းခဲ့တဲ့ ဂိုးကသာအမှန်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Read moreအမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို အလေးမထားဟု အီရန်ခေါင်းဆောင်ပြောကြား
အီရန်နိုင်ငံခေါင်းဆောင် အယာတိုလာခိုမေနီက အမေရိကန်ဘက်မှ အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကို အလေးထားမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
အမေရိကန်သည် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်အပြင် လာမည့်နိုဝင်ဘာအတွင်း၌ အီရန်နိုင်ငံ၏ ရေနံရောင်းချမှုကဏ္ဍကို ပတ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်ရန်လည်း စီစဉ်လျက်ရှိသည်။ အမေရိကန်ဘက်မှ ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများကြောင့် ၂၀၁၈ ခုနှစ်အတွင်း၌ အီရန်နိုင်ငံသုံးငွေကြေးသည် တန်ဖို ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
Read more