Author: USDP 2016
ကြပ်စခန်းကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်ပွဲနှင့် တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများတက်ရောက်
သာစည် နိုဝင်ဘာ ၁၃
သာစည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ တိုင်းလွှတ်တော်ကိုယ်စား လှယ်နှစ်ဦး ဦးမိုးမြင့်သိန်းနှင့် ဦးစံ ထွန်း၊ အတွင်းရေးမှူး ဒေါ်ကြူ ကြူမော်၊ ဘဏ္ဍာရေးမှူး ဦးခင် မောင်ငြိမ်း၊ နယ်မြေတာဝန်ခံနှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ပြည်ညောင် ကျေးရွာ”ကြပ်စခန်းကျေးရွာ” အုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ခဲ့ကြပြီး သစ်ပုလွေ/ လယ်စပင်ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲသို့ဆက်လက်တက်ရောက် ခဲ့ကြသည်။
Read moreရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးတက်ရောက်
ရန်ကုန် နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံး၌ ယနေ့နံနက် ၁ဝ နာရီက စတင်ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံဦးခင်ရီက အမှာစကားပြောကြားခဲ့ပြီးနောက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အမှာစကားပြောကြားခဲ့သည်။
ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံဦးသူရိန်ဇော် မြိုင်ကြီးငူဆရာတော်ရုပ်ကလာပ်အားဖူးမြော် ဈာပနအတွက်အလှူငွေလှူဒါန်း
လှိုင်းဘွဲ နိုဝင်ဘာ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်သည် ယမန်နေ့နံနက် ၁ဝ နာရီခန့်က ပါတီဗဟိုကော်မတီဝင် ကရင်ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစန်းကို လိုက်ပါ၍ မြိုင်ကြီးငူဆရာတော်ရုပ်ကလာပ်အား ဖူးမြော်ပြီး ဆရာတော် ဈာပနအခမ်းအနားကျင်းပရန်အတွက် အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့သည်။ အခမ်းအနားသို့ ဘားအံခရိုင် ပါတီကော်မတီဝင်များ၊ လှိုင်းဘွဲမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာပါတီဝင်အင်အား ၃ဝ တက်ရောက်ခဲ့သည်။
စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စလင်း နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးမင်းဘူး ခရိုင် စလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီက စလင်း မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင် လွင်က မြို့နယ်ပါတီ၏ တစ်လတာ အတွင်း လှုပ်ရှားဆောင်ရွက်ခဲ့မှု များ၊ တိုင်းဒေသကြီးပါတီနှင့်ခရိုင် ပါတီတို့၏ လုပ်ငန်းလမ်းညွှန် များကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးဇော်နိုင်ကကြား ဖြတ်ရွေးကောက်ပွဲအတွေ့အကြုံများ ကို ရှင်းလင်းပြောကြားခဲ့သည်။
ကသာတွင် ကျေးရွာအုပ်စုပါတီရုံးဆိုင်းဘုတ်တင် ကျေးရွာပါတီဝင်များ တွေ့ဆုံပွဲကျင်းပ
ဝက်လက် နိုဝင်ဘာ ၁၂
ကသာမြို့နယ် အထက်ဝဲကြီးကျေးရွာအုပ်စု ဦးညွန့်ဖေနေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီတွင် ပြည်ခိုင်ဖြိုးပါတီကျေးရွာအုပ်စုပါတီ ရုံးဆိုင်းဘုတ်တင်ပွဲနှင့် ကျေးရွာပါတီဝင်များတွေ့ဆုံပွဲကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော် မတီဝင်(ကသာခရိုင်တာဝန်ခံ)ဦးအောင်ကိုစံ၊ ကသာမြို့နယ် ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌနှင့် ကော် မတီဝင်များ အင်အား ၄၃ ဦး တက်ရောက်ကြသည်။
ကျွန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးဖလားဗိုလ်လုပွဲ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တက်ရောက်အားပေး
မိုးကောင်း နိုဝင်ဘာ ၁၂
ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေး မှူး ဖလားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းခွဲအားကစား ကွင်း၌ကျင်းပရာ ကျွန်းတောရပ် ကွက်(က)အသင်းက ဆားမှော် ကျေးရွာအုပ်စု အသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့်အနိုင်ရဗိုလ်စွဲသွားသည်။
ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးလူငယ် လုပ်အားဒါနပြု
ပန်းတနော် နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာအဖွဲ့တာဝန်ခံ ဦးစလင်းထွန်းဦးဆောင်သော ပါတီဝင်များသည် ယမန်နေ့ နံနက် ၉နာရီမှစတင်ပြီး ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်ရှိ ညောင်ပင်သာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မြက်များ ရှင်းလင်းခြင်း၊ လမ်းမြေကြီးဖို့ခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းစသည်ဖြင့် စုပေါင်းလုပ်အားဒါန ပြုလုပ်ခဲ့ကြသည်။
ပါတီဗဟိုအတွင်းရေးမှုးတိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီရုံးတွင်နိုဝင်ဘာလ(၁၀)ရက်နံနက်(၁၀)နာရီကပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းနှင်ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုးဦးသာဝင်းတိုင်းပါတီကော်မတီဝင်များခရိုင်ပါတီဥက္ကဌများမြို့နယ်ပါတွဥက္ကဌများတွေ့ဆုံပွဲအခမ်းအနားကိုတိုင်းပါတီကော်မတီရုံးစည်းဝေးခမ်းမတွင်ကျင်းပကြောင်းသိရှိရသည်။
အစီအစဉ်အရပါတီဗဟိုအတွင်းရေးမှုးဦးသန်းထွန်းမှပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ရန်ကိစ္စများကိုဆွေးနွေးသည်။
ထို့နောက်ရန်ကုန်တိုင်းပါတီအတွင်းရေးမှုးဗဟိုကော်မတီဝင်ဦးသာဝင်းနှင့်ခရိုင်ဥက္ကဌများ မြို့နယ်ပါတီဥက္ကဌများမှပြန်လည်ဆွေးနွေးတင်ပြကြပြီးအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ထိန်ဝင်း(YGN)
Read more
မြဝတီမြို့နယ်၊ဝှေ့ရှမ်းကျေးရွာ၌ ပြည်ခ်ုင်ဖြိုးပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ
ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ဝှေ့ရရှမ်းကျေးရွာ၌ပြည်ခိုင်ဖြိုးပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကိုယနေ့(၁၁.၁၁.၂၀၁၈)တွင်ပြုလုပ်ရာ အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ကရင်ပြည်တာဝန်ခံဦးသူရိန်ဇော်(ဗဟိုကော်မတီဝင်)၊ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးစောမြင့်ဦး၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစောဝင်းထိန်၊ပြည်နယ်ကော်မတီဝင်များ၊မြဝတီခရိုင်ပါတီဥက္ကဌ၊မြဝတီမြို့နယ်ပါတီဥက္က၊ကော်မတီဝင်များနှင့်ပါတီဝင်များတက်ရောက်ခဲ့ကြပြီး ပါတီဝင်အဆိုပြုလွှာပေးအပ်သူစုစုပေါင်းမှာ(၄၅၂)ဦးဖြစ်ကြောင်းသိရှိရပါသည်။
Read more