မလေးရှားဝန်ကြီးချုပ်ဟောင်း ဇနီး စွဲချက်ထပ်တိုး
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ဇနီးကို ဆိုလာစွမ်းအင်ထုတ်လုပ်ခွင့်ရဖို့ အစိုးရနဲ့ စာချုပ်ချုပ်နိုင်ရေး ကိစ္စမှာ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၂ ခုနဲ့ ဒီကနေ့ ထပ်မံစွဲဆို လိုက်ပါတယ်။
တရားရုံးကရရှိတဲ့အချက်အချက်တွေအရ နာဂျစ်ရာဇတ်ရဲ့ဇနီးဖြစ်သူ ရိုစ်မာ မန်ဆန် Rosmah Mansor ဟာ နိုင်ငံအရှေ့ပိုင်း ဆာရာဝတ်ပြည်နယ်က ကျောင်းတွေမှာ ဆိုလာစွမ်းအင်စီမံကိန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း လာဘ်ငွေတောင်းထားတာတွေ၊ ရယူထားတွေရှိတယ်လို့ ဖော်ပြပါတယ်။
Read more