ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ပထနေ့အဖြစ် ပြည်နယ်ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ ဦးအောင်သူ၊၊ ပြည်နယ်ကော်မတီဝငများ၊ (၆) ခရိုင်၊ (၁၉) မြို့နယ်မှ အမျိုးသမီးရေးရာအဖွဲ့များ၊ စုစုပေါင်း အင်အား (၄၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

Read more

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

နေပြည်တော်၊ ၂၈.၁၁.၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးနှင့်ဖွံ့ဖြိုးရေပါတီ ပြည်ထောင်စုနယ်မြေ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ပြည်ထောင်စုနေမြေရုံးတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌပါတီ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေပါတီတာဝန်ရှိသူများ အမျိုးသမီးညီလာခံ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့်နိုင်ငံတော်အလံအလေပြုခြင်းဖြင့်စတင်ခဲ့ပြီး “ကေသရာဇာခြင်္သေ့” သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဗဟိုအလုပ်မှုဆောင် ဦးဝေလွင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်ထောင်စုနယ်မြေပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပမည့် ဒုတိယပိုင်းအစီအစည်များအား ခရိုင်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ယဉ်ယဉ်အေးမှ ဖတ်ကြားရှင်းလင်းခဲ့ပြီး အခမ်းအနားပထမပိုင်းအားရုတ်သိမ်းခဲ့သည်။

Read more

မလေးရှားတွင် မြန်မာဘောလုံးပရိသတ်များ တိုက်ခိုက်ခံရမှု AFF ကိုတိုင်ကြား

နိုဝင်ဘာ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆူဇူကီးဖလား မလေးရှားနဲ့ မြန်မာဘောလုံးပွဲစဉ် အပြီးမှာ မလေးရှား ပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ မြန်မာပရိသတ်တွေရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာဘောလုံး အဖွဲ့ချုပ်က အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ကို တိုင်ကြားထားပါတယ်။

AFF ဆီကို အီးမေးလ်နဲ့ အကြောင်းကြားစာပေးပို့ပြီး နောက်နောင် ဒါမျိုးမဖြစ်စေဖို့ ကူညီ ဆောင်ရွက်ပေးပါရန် တောင်းဆိုထားတယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ် အထွေအထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

Read more

ချန်ပီယံလိဂ်ပွဲ (၁၀၀)ပြည့် နိုင်ပွဲရတဲ့ ပထမဆုံးကစားသမား ဖြစ်လာတဲ့ ရော်နယ်ဒို

ဒီစံချိန်ကို ရရှိခဲ့တဲ့ နိုင်ပွဲမှာ ရော်နယ်ဒိုက အနိုင်ဂိုးသွင်းပေးခဲ့သူ မန်ဇူကစ်အတွက် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားပြောင်မြောက်တဲ့ စံချိန်မှတ်တမ်းတွေကို စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ရယူနိုင်ထားခဲ့တဲ့ ရော်နယ်ဒိုအတွက် နောက်ထပ်စံချိန်တစ်ခုလည်း ဖြစ်ခဲ့ပြီး ကစားသမားပြိုင်ဘက် လီယွန်နယ်မက်ဆီကို နောက်ကောက်ချ နိုင်ခဲ့ပြန်တာလည်း ဖြစ်ပါတယ်။

Read more

ဖယ်လိုင်နီ ဂိုးသွင်းအပြီး ပက်ပက်စက်စက် အောင်ပွဲခံသွားတဲ့ မော်ရင်ဟို

မန်ယူအသင်းက ဆွစ်ဇာလန်ကလပ်ယန်းဘွိုင်းစ်ကို 1-0 နဲ့အနိုင်ရခဲ့တဲ့ မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ရောက်မှ ကွင်းလယ်လူဖယ်လိုင်နီက အနိုင်ဂိုး ရယူပေးခဲ့တာဖြစ်ပြီး အဲဒီဂိုးဝင်သွားချိန်မှာ ကွင်းဘေးစည်းမှာ ရှိနေတဲ့ နည်းပြမော်ရင်ဟိုက ကစားသမားတွေ သောက်ဖို့ထားတဲ့ ရေဗူးတွေကိုပါ ရိုက်ခွဲလိုက်ကာ ဒေါသတကြီးနဲ့ အောင်ပွဲခံခဲ့ပါတယ်။

Read more

မလေးရှားက ဘုရားကျောင်း ပြဿနာ ၂၁ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင်မှာ ကုမ္ပဏီတခုပိုင်မြေပေါ်က အိန္ဒိယဘုရားကျောင်းပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်လို့ ဆူပူရမ်းကားအကြမ်းဖက်တဲ့ လူ ၂၁ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

တနင်္လာနေ့မနက်က၊ ဆီလမ်ဂေါပြည်နယ်အလယ်ပိုင်း ဂျာယမြို့နယ်မှာရှိတဲ့ သီရိမဟာ မာရီယမ်မန်း ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းနေတဲ့ အိန္ဒိယလူမျိုးတွေကို လူအုပ်စုတစုက ဝင်ရောက် တိုက်ခိုက်ပြီး၊ ကားတွေကို မီးရှို့လိုက်ပါတယ်။ အဲဒီကျောင်းကို One City Development ကုမ္ပဏီက ပိုင်တယ် လို့ဆိုပါတယ်။

Read more

ရုရှားကဖမ်းထားတဲ့ ယူကရိန်းသင်္ဘောသားတချို့ကို ထောင်ဒဏ်အပြစ်ပေး

ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တနင်္ဂနွေနေ့တုန်းက ပင်လယ်နက်ထဲမှာ ရုရှားရေတပ်ကနေ ဖမ်းဆီးခဲ့တဲ့ ယူကရိမ်း သင်္ဘောသား ၂၄ဦးထဲက ၁၂ ဦးကို ၂လဖမ်းဆီးထားဖို့ ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားဒေသက တရားရုံးတခုကနေ အမိန့်ချ မှတ်လိုက်ပါတယ်။

ယူကရိမ်းရေတပ်သင်္ဘောသုံးစီးမှာပါလာတဲ့ သင်္ဘောသားတွေဟာ ရုရှားရေပိုင်နက်ထဲကို တရားမ၀င် ၀င်ရောက်ခဲ့ကြပြီး ရုရှားနယ်ခြားစောင့်တပ်တွေရဲ့သတိပေးချက်ကိုလည်း ဂရုမစိုက်ခဲ့ကြဘူး လို့ ရုရှားဘက်က စွပ်စွဲပါတယ်။

Read more

ခရစ်ယာန်သင်းအုပ်ဘုန်းတော်ကြီးများအား ရိုးဖြောင့်မှုမရှိဟု ဖိလစ်ပိုင်သမ္မတ ဝေဖန်

ဖိလစ်ပိုင် သမ္မတဒူတာတီသည် နိုင်ငံအတွင်းရှိ ခရစ်ယာန်ကက်သလစ်ခရစ်ယာန် ဘုရားကျောင်းများတွင် ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များ ပြုလုပ်လျက်ရှိသော သင်းအုပ် ဘုန်းတော်ကြီးများအား ရိုးဖြောင့်မှု မရှိဟု ဝေဖန်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

Read more

ကိုရီးယားရိုးရာအားကစားနည်းအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်မည်

Photo: KIM JAE-HWAN / AFP

ကိုရီးယားကျွန်းဆွယ်တွင် ရှေးအစဉ်အဆက်ကတည်းက ယှဉ်ပြိုင်ကစားခဲ့သော ရိုးရာနပန်းအားကစားတစ်ခုအား ယူနက်စကို၏ ကမ္ဘ့ာယဉ်ကျေးမှုအမွေအနှစ်များ စာရင်းအတွင်းသို့ ထွည့်သွင်း မည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

ယူနစ်ကိုအဖွဲ့သည် သမိုင်းဝင်နေရာများနှင့် သမိုင်းဝင်အဆောက်အအုံများ၊ သဘာဝအလှတရားများကို ကမ္ဘ့ာယဉ်ကျေးမှုအမွေအနှစ်စာရင်းအတွင်းသို့ ထည့်သွင်းကာ ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်ခဲ့သည်။

Read more

အိုးထရက်ဖို့ဒ် ဖိအားဒဏ်မခံနိုင်ပါက အိမ်မှာပဲနေဖို့ ကစားသမားတွေကို မော်ရင်ညို ပြော

မန်ယူနည်းပြ မော်ရင်ညိုက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ဖိအားဒဏ်ကို မခံနိုင်ပါက အိမ်မှာပဲနေပြီး တီဗွီကြည့်ဖို့ အသင်းသားတွေကို ပြောကြားခဲ့ပါတယ်။

Read more