အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖေဖော်ဝါရီ ၅ ရက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောမည်

ဝါရှင်တန် ဇန်န၀ါရီ ၂၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၅ ရက်တွင် နိုင်ငံတော်အခြေပြုမိန့်ခွန်းကို ပြောကြားမည် ဖြစ်ကြောင်း သိရသည်။ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို နိုင်ငံတော်အခြေပြုမိန့်ခွန်းပြောကြားရန် ဖိတ်ကြားထားကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌရုံးက ယမန်နေ့တွင် ကြေညာလိုက်သည်။

Read more

တောဝက်များ မဝင်ရောက်နိုင်ရန် ဒိန်းမတ်အစိုးရက နယ်စပ်ခြံစည်းရိုး စတင်တည်ဆောက်

တောဝက်များ သွားလာလှုပ်ရှားမှု ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် ဒိန်းမတ်အစိုးရသည် ဂျာမနီနိုင်ငံနှင့် နယ်စပ်တွင် ၄၃ မိုင် ရှည်လျား သည့် ခြံစည်းရိုးတစ်ခု စတင်ဆောက်လုပ်နေသည်။

ဘယ်လ်ဂျီယံနိုင်ငံတွင် တောဝက်နှစ်ကောင် သေဆုံးစေ ခဲ့သည့် အာဖရိကဝက်တုပ်ကွေး ရောဂါသည် ဒိန်းမတ်၏ ကြီးမား သော ဝက်လုပ်ငန်းကို ခြိမ်းခြောက်နိုင်သဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေ သည်။

Read more

နည်းပညာခိုးယူသည်ဟူသော စွပ်စွဲချက်ဖြင့် ဟွာဝေး ကုမ္ပဏီကို အမေရိကန် က တရားစွဲ

ဝါရှင်တန် ဇန်န၀ါရီ ၂၉

အမေရိကန်အာဏာပိုင်များသည် တရုတ် နည်းပညာကုမ်္ပဏီကြီးဖြစ်သည့် ဟွာဝေး ကို ရာဇ၀တ်မှုစွပ်စွဲချက်ဖြင့် အမှုဖွင့်ခဲ့ပြီး ဟွာဝေးမှ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ နှင့် အဖွဲ့ဝင်များကို အမှုဖွင့်ခဲ့သည်။

အမေရိကန်တရားရေးဌာနသည် ဟွာဝေးကုမ္ပဏီမှ ဘဏ္ဍာရေးအကြီးအကဲ လည်းဖြစ်၊ ဟွာဝေးကုမ္ပဏီ တည်ထောင် သူ၏ သမီးလည်းဖြစ်သူ မန်ဝမ်ကျို့ကို စွဲချက်ပေါင်း ၁၃ ချက်ဖြင့် အမှုဖွင့်ထားသည်။

Read more

ကန် နဲ့ ဆက်ဆံရေး တိုးတက်နိုင်ဟု မြောက်ကိုရီးယား ပြော

တကယ်လို့ အမေရိကန်ကသာ မြောက်ကိုးရီးယားရဲ့ နျူးကလီးယား လျော့ချရေးအားထုတ်မှုကို ယုံကြည်လောက်ဖွယ်တိုင်းတာမှုတွေ၊ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ တုံ့ပြန်ခဲ့မယ်ဆိုရင် မြောက်ကိုးရီးယားနဲ့ အမေရိကန်ဆက်ဆံရေးဟာ အံ့သြဖွယ်ကောင်းလောက်အောင် အရှိန်နဲ့တိုးတက်လာမှာ ဖြစ်တယ်လို့ မြောက်ကိုးရီးယားက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဟန်တေးဆောင်း (Han Tae Song) က ဂျနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂကလက်နက်ဖျက်သိမ်းရေး ညီလာခံမှာ အဲဒီလိုပြောလိုက်တာဖြစ်ပြီး ကိုးရီးယား ကျွန်းဆွယ်မှာ ရေရှည်ငြိမ်းချမ်းဖို့နည်းလမ်းရရှိအောင် မြောက်ကိုးရီးယားက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

Read more

စာအောင်သံဃာတော်များ သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာတော် ၂၆၉၇ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီပါဝင်လှူဒါန်း

 

ပဲခူး ဇန်နဝါရီ ၂၈

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေ မော်ဓောစေတီတော်မြတ်ကြီး ရင်ပြင် တော်တွင် ယမန်နေ့ နံနက် ၉ နာရီ က ရွှေမော်ဓောစေတီတော်မြတ် ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ၊ဂိုဏ်းပေါင်းစုံသံဃနာယက ဆရာတော်ကြီးများ၊ စာအောင် သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့်သံဃာတော်၂၆၉၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပခဲ့သည်။

Read more

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ စလီကျေးရွာ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

 

ယမန်နေ့(၂၈-၁-၂၀၁၉) ရက်နေ့၊ ညနေ (၁၈း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဌ ဦးဘိုစံသည် ခရိုင်ပါတီကော်မတီဝင် ဦးခင်မောင်ထွန်း၊ ခရိုင်ပါတီ ဘဏ္ဍာရေှးမှူး ဦးအောင်ဝင်း၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ ဖန်မင်အုပ်စု စည်းရုံးရေး တာဝန်ခံ မြို့နယ်ကော်မတီ ဦးကျော်နိုင် ဦနမ်နွန်းနှင့် မြို့နယ် ကော်မတီဝင်များ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်မူအန်တူငဲတ (ခ) မဖြိုးနှင့် အမျိုးသမီး အဖွဲ့ဝင်များ၊ ပါတီရုံး ဝန်ထမ်းများသည် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု စလီကျေးရွာ ပြည်သူများဖြင့် တွေ့ဆုံရန်
ကွင်းဆင်း သွားရောက် ခဲ့ပါသည်။

Read more

ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာလှုပ်ရှားမှု

 

ဝက်လက် ဇန်နဝါရီ ၂၈

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၉နာရီခန့်က မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်၊အမျိုးသမီးရေးရာတာဝန်ခံဒေါ်တင်မာနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များဦးဆောင်ပြီး ရုံးသာ ကျေးရွာဓမ္မစကူးလ်ကျောင်းသို့ အာဟာရဒါနကျွေးမွေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရုံးသာကျေးရွာဓမ္မစကူးလ်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၂ဝ ရှိပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရေးကူညီပေးပါရန် ကျောင်းသားမိဘများကတောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကဲကြီး(ဝက်လက်)

Read more

နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

နတ်တလင်း ဇန်နဝါရီ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲ၌ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ နယ်(အနောက်ခြမ်း)ကုန်းသာကျေး ရွာအုပ်စု ခင်ဇေယျကျေးရွာ ဦးသက်နိုင်ဦး (ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ) နေအိမ် တွင် ကျင်းပခဲ့သည်။

Read more

ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မြစ်သား ဇန်နဝါရီ ၂၈

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကို ယမန်နေ့ နံနက် ၉နာရီက ကျန် တောကျေးရွာ ပါတီကော်မတီဝင် ဦးစိန်ဝင်းထွန်းနေအိမ်၌ ကျောက် ဆည်ခရိုင် ပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမွှေးနံ့သာ များဖြင့်ပက်ဖျန်း၍ အောင်မြင်စွာ ကျင်းပခဲ့သည်။

Read more

ဝမ်းတွင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဝမ်းတွင်း ဇန်နဝါရီ ၂၈

ဝမ်းတွင်းမြို့နယ် ထီးလှိုင်အုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်သိန်းနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ ထီးလှိုင်ကျေးရွာပါတီဥက္ကဋ္ဌ ဦးမောင်ကြိုင်နှင့်ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆိုင်းဘုတ်တင်အခမ်းအနားအပြီး ရေနွေးကြမ်းစကားဝိုင်းလည်း ကျင်းပခဲ့ကြောင်း သိရသည်။

Read more