မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ သဲနီကျေးရွာ ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ချီးမြှင့်

 

မိုးမိတ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သဲနီ ကျေးရွာ အမက(၁၄)တွင် ကျင်းပ သော ၂ဝ၁၈-၂ဝ၁၉ ပညာရေး စုံညီပွဲတော် အခမ်းအနားကို ကျောင်းသားကျောင်းသူလေးများ က မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့သည်။

Read more

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်များစိုက်ထူ ကျေးရွာပါတီဝင်များနှင့်တွေ့ဆုံ ပါတီဝင်စိစစ်ခြင်းများဆောင်ရွက်

 

ကျောက်ကြီး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှစိုက်ထူရန်ကျန်ရှိနေသည့် ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်များအား ယနေ့ နံနက် ၈ နာရီမှစတင်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့်အတူ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ အင်းနက် ကျေးရွာအုပ်စု ငါးဗျက်အင်းကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးလှစိန်နေအိမ်ရှေ့နှင့် မရမ်းကျေးရွာ အုပ်စု ကျွဲတလင်းကျေးရွာ ပါတီဥက္ကဋ္ဌ စောဝင်းမြင့်နေအိမ်ရှေ့နှင့် ထိုက်ထူကျေးရွာ ပါတီဥက္ကဋ္ဌ စောတင်ထူးနေအိမ်ရှေ့တွင် အသီးသီးစိုက်ထူခဲ့ကြပြီး ကျေးရွာပါတီ ဝင်များတွေ့ဆုံခဲ့ကြပြီး နယ်မြေခံမြို့နယ် ပါတီကော်မတီဝင်ဦးစိုးနိုင်နှင့် ရေးရာ အလိုက်ကော်မတီဝင်များက ပါတီဝင်စိစစ် ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Read more

ဝန်းသိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ဝန်းသို ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ဝန်းသို မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်များ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

Read more

ကျောက်ဖြူတွင် ပြည်ခိုင်ဖြိုးပါတီက အခမဲ့နယ်လှည့်ဆေးကုသမှုလုပ်ဆောင်

 

စစ်တွေ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးပြီး ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများအထိသွားရောက်ကာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိနေကြောင်း သိရ သည်။အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့ သည်ယမန်နေ့နံနက်၁ဝနာရီခန့်ကကျောက် ဖြူမြို့နယ် လိပ်ခမော်အုပ်စု လိပ်ခမော် ရွာသစ်နေ ဒေသခံကျေးရွာသူ ကျေးရွာ သားများ၏ ကျန်းမာရေးအားအခမဲ့ကူညီ စောင့်ရှောက်ပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါနယ်လှည့်ဆေးကုသမှုအဖွဲ့သည် ကျောက်ဖြူမြို့နယ်တွင်း ကျန်ရှိနေသည့် ရပ်ကွက်/အုပ်စုများသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင် ပေးသွားမည်ဖြစ်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဟင်္သာတခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဇလွန် ဇန်နဝါရီ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်းသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဟင်္သာတခရိုင်နှင့် ခရိုင်အတွင်းရှိ ခြောက်မြို့နယ်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

Read more

စာသင်ကျောင်းအဆောက်အအုံ ပန္နက်တင်အခမ်းအနားကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၂၉

နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်း အလက စိုက်/တက္ကသိုလ် အမက၊ အိုက်စောက် အမက၊ မရင်းကြီး အမက ကျောင်းများတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးလှဌေးဝင်းကိုယ်စား မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဖိုးသိန်းနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်၍ ယမန်နေ့ နံနက် ၁ဝ နာရီမှ ၁၁ နာရီအထိ ပန္နက်တင်ခဲ့ကြကြော%8

Read more

ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကွမ်းတုံကျေးရွာတွင် ရေနွေးကြမ်းဝိုင်းဖွဲ့ဆွေးနွေး

 

ထီးချိုင့် ဇန်နဝါရီ ၂၉

ထီးချိုင့်မြို့နယ် ကွမ်းတုံကျေးရွာမှ ထီးချိုင့်မြို့နယ်တာဝန်ခံ ဦးစိုးစိုး၊ မြို့နယ်အမှုဆောင်များဖြစ်ကြသော ဦးမျိုးမင်းကျော်၊ ဦးဝင်းနိုင်၊ ဦးဇော်မျိုး တို့ ဦးဆောင်ပြီး ဦးဇော်မျိုးနေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရေနွေးကြမ်းဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ သန်လျင်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးခင်မောင်စိုး၊ ပါတီဗဟိုကော်မတီဝင် ဦးအုန်းမြင့်နှင့် သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက သံလျင်မြို့နယ်ပါတီကော်မတီရုံးတွင် ကျင်းပသည်။

Read more

နိုင်ပွဲဆက်ရလဒ်ရပ်တန့်သွားခဲ့သော်လည်း ရှုံးပွဲမကြုံအောင်ရှောင်ရှားနိုင်ခဲ့ခြင်းကို ဆိုးလ်ရှား ကျေနပ်

မန်ယူနည်းပြဆိုးလ်ရှားက ဘန်လေကို 2-2 သရေကျလိုက်ပြီး နိုင်ပွဲဆက်ရလဒ် ရပ်တန့်သွားခဲ့သော်လည်း 2 ဂိုး အရှုံးကို နောက်မှလိုက်ကစားပြီး ရှုံးပွဲမကြုံအောင် ရှောင်ရှားနိုင်ခဲ့ခြင်းကို ကျေနပ်မိသည်ဟု ပြောကြားလိုက်သည်။

မန်ယူအသင်းမှာ အိမ်ကွင်းတွင် အဓိကကစားသမားများစုံလင်ခဲ့သော်လည်း အစောပိုင်းတွင် ဘန်လေအသင်းက ဦးဆောင်ဂိုး 2 ဂိုးသွင်းယူသွားခဲ့ခြင်းကြောင့် နောက်မှလိုက်ကစားခဲ့ရသည်။ ဒုတိယပိုင်းနောက်ကျမိနစ်တွင် ပေါ့ဘာ၏ပင်နယ်တီနှင့် နာကျင်အချိန်ပိုတွင် လင်ဒီလော့ဖ်၏ ချေပဂိုးများကြောင့် အိမ်ကွင်းရှုံးပွဲကြုံရမည့် အခြေအနေမှ ရှောင်ရှားနိုင်ခဲ့သည်။ ယခုကဲ့သို့ နှစ်ဂိုးအရှုံးကိုနောက်မှလိုက်ကစားပြီး သရေတစ်မှတ် ရယူနိုင်ခဲ့ခြင်းမှာ ယာယီနည်းပြဆိုးလ်ရှားလက်ထက် ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။

Read more

ဧရာဝတီယူနိုက်တက်းနည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်

မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းဟာ အသင်းနည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့ပြီလို့ အသင်းဖေ့စ် ဘုတ်စာမျက်နှာမှာ တရားဝင် ကြေညာခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရရှိနိုင်ဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ဧရာဝတီ ယူနိုက်တက်အသင်းဟာ နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

Read more