ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ တတိယအကြိမ် ဆန်ရောင်းချမှုအဖြစ်မောရဂီဝါရပ်ကွက်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဈေးနှုန်းချိုသာစွာရောင်းချပေး

 

မန္တလေး ဖေဖော်ဝါရီ ၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက် (၇၅)လမ်း ၃၄x၃၅ ကြားရပ်ကွက်ရှိ ရပ်ကွက်ပြည်သူများအား ယမန်နေ့နံနက် ၉နာရီခွဲမှ မွန်းတည့် ၁၂နာရီ အထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ တတိယ အကြိမ်ဆန်ရောင်းချမှုအဖြစ် ဈေးနှုန်းချို သာစွာ ရောင်းချပေးခဲ့သည်။

Read more

ပုလဲမြို့နယ်တွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပုလဲ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်း ရေးမှူးဦးမြင့်စိုးသည် ပုလဲမြို့နယ် ပိတောက်ကုန်း(မ)ကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ လှူဖွယ်ပစ္စည်းများဆက်ကပ်ခြင်း၊ ဦးစောဖေနေအိမ်၌ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားနှင့်ပါတီဝင်များအား ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

Read more

မဲဇာချောင်းကူး ဘဝငြိမ်းချမ်းရေးတံတားတည်ဆောက်ရာတွင် ဒေသခံပြည်သူများနှင့်အတူ အင်းတော်ပြည်ခိုင်ဖြိုးလူငယ်များ လုပ်အားဒါနပြု

 

အင်းတော် ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီးကသာ ခရိုင် အင်းတော်-ဗန်းမောက် မြို့နယ်ခြား ဗန်းမောက်မြို့နယ် အတွင်းရှိ ရွှေပါရမီတောရကျောင်း ကျောက်မဲတောင်ဆရာတော်ဦးစီး သော မဲဇာချောင်းကူးဘဝငြိမ်းချမ်း ရေးတံတား ကိုယ်ထူကိုယ်ထတည် ဆောက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီ အထိ အင်းတော်မြို့နယ်အတွင်းရှိ မော်တိတ်ဒေသ စေတနာရှင်ပြည် သူများနှင့်အတူ အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှလူငယ်များစုပေါင်း လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ပုသိမ် ဖေဖော်ဝါရီ ၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပါတီဗဟိုအလုပ် အမှုဆောင် ဧရာဝတီတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းတို့ သည် ပုသိမ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌများ နှင့် ယမန်နေ့ နံနက် ၁ဝ နာရီက တွေ့ဆုံပွဲကျင်းပခဲ့သည်။

Read more

မက်မောလောက်စရာ ခံစားခွင့်တွေ ရရှိခဲ့တဲ့ အာရှဖလားချန်ပီယံ ကာတာအသင်းသားများ

ကာတာအသင်း အနိုင်ယူခဲ့တဲ့ အသင်းတွေထဲမှာ ဆော်ဒီ၊ တောင်ကိုရီးယား၊ ယူအေအီး နဲ့ ဂျပန်တို့လို နာမည်ကြီးအသင်းတွေ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် အာရှဖလားချန်ပီယံ ကာတာအသင်းသားတွေဟာ မက်မောလောက်စရာ ဆုကြေးငွေတွေနဲ့ အခြားသော အကျိုးခံစားခွင့်တွေကို ရရှိခဲ့တယ်လို့ Fox Sports Asia က ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ပြန်လည်ရေးသားထားရာမှာ ကာတာကစားသမားတစ်ဦးချင်းစီဟာ ဆုကြေးငွေပေါင် (၂)သန်းစီ ရရှိခဲ့တယ်လို့ သိရပါတယ်။

Read more

ဇန်န၀ါရီလ မြန်မာလိဂ် အကောင်းဆုံးဆုများကို ရတနာပုံအသင်း သိမ်းပိုက်

ဇန်န၀ါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် ရတနာပုံတိုက်စစ်မှူး ၀င်းနိုင်ထွန်း(ဓာတ်ပုံ − MNL)

 

ဇန်န၀ါရီလအတွက်  တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်း တိုက်စစ်မှူး ၀င်းနိုင်ထွန်းနှင့် အကောင်းဆုံးနည်းပြဆုကို ရတနာပုံနည်းပြ ဦးအောင်ကျော်မိုးတို့ ရရှိခဲ့သည်။

အဆိုပါ အကောင်းဆုံးဆုများကို ဖေဖော်ဝါရီ ၂ ရက်က မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်သည့် ရတနာပုံနှင့် မကွေးအသင်းတို့ ပွဲစဉ်မတိုင်မီ ချီးမြှင့်ခဲ့သည်။

Read more

တာလတ်ပစ်ဒုံးလက်နက်များဟန့်တားရေးစာချုပ်မှ အမေရိကန် နုတ်ထွက်ပါက ရုရှား နုတ်ထွက်မည်

ရုရှားသမ္မတ ပူတင်က အမေရိကန်နိုင်ငံအနေဖြင့် တာလတ်ပစ်နျူကလီးယားဒုံး လက်နက်များ ဟန့်တားရေး စာချုပ်မှ နုတ်ထွက်မည်ဆိုပါက ၎င်းတို့ နိုင်ငံအနေဖြင့်လည်း အဆိုပါသဘောတူ စာချုပ်မှ ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်းနှင့် ဒုံးကျည်အသစ်များ စမ်းသပ်ထုတ်လုပ်ခြင်းကို စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Read more

အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ် သမ္မတရွေးကောက်ပွဲဝင်မည်

အမေရိကန်အောက်လွှတ်တော်အမတ် တူဆီဂတ်ဘတ်ဟာ လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂတ်ဘတ်က သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်တာကို   သူတာဝန်ထမ်းတဲ့ ဟာဝိုင်အီ ပြည်နယ်မှာ တရားဝင်ကြေညာလိုက်တာပါ။

အမေရိကန်ကပြား ဂတ်ဘတ်ဟာ အမေရိကန်ကွန်ဂရက်မှာ ပထမဆုံး ရွေးကောက်ခံရတဲ့ ဟိန္ဒူဘာသာဝင် ဖြစ်ပါတယ်။

Read more

ကန်တက္ကသိုလ်တု တက်ဖို့ကြိုးစားတဲ့ အိန္ဒိယ ကျောင်းသား တရာကျော် အရေး

အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်အတု တခုမှာ ကျောင်းဝင်ခွင့်လျှောက်ပြီး ပြည်ဝင်ခွင့်ဗီဇာ ရယူခဲ့တဲ့ အိန္ဒိယကျောင်းသား တရာကျော် အမေရိကန်မှာ အဖမ်းခံနေရတဲ့ကိစ္စကို အမေရိကန်အစိုးရက သက်သက် ညှာညှာ စဉ်းစားပေးစေလိုကြောင်း အိန္ဒိယအစိုးရက တောင်းဆိုလိုက်ပါတယ်။

Read more

အီရန်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားတွင် တာဝေးပစ်ဒုံးကျည်သစ် ထုတ်ဖော်ပြသ

၁၉၇၉ အစ္စလာမ်မစ် တော်လှန်ရေး နှစ်(၄၀)ပြည့် အခမ်းအနားများ ကျင်းပစဉ်အတွင်း အီရန်သည် မိုင် ၈၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်သော တာဝေးပစ် ပဲ့ထိန်းဒုံးကျည်သစ် တစ်စင်းကို ထုတ်ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ဆန့်ကျင်မှုနှင့် ဥရောပနိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို အာခံခြင်းအဖြစ် အီရန်သည် ဒုံးကျည်အစီအစဉ်ကို ချဲ့ထွင်နေပြီး အထူးသဖြင့် ပဲ့ထိန်း ဒုံးကျည်ကဏ္ဍတွင် ဖြစ်သည်။

Read more