မန်ယူ ချန်ပီယံလိဂ်ဖလားရ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်ပွဲ ဖာဂူဆန် နည်းပြတာဝန်ယူမည်

မန်ချက်စတာ ယူနိုက်တက်အသင်း ၁၉၉၉ တုန်းက ချန်ပီယံလိဂ် ဖလားရတဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ကစားမယ့်ပွဲစဉ်မှာ နည်းပြဟောင်း ဆာအဲလက်ဖာဂူဆန်ဟာ မန်ယူအသင်းကို နည်းပြအဖြစ် တာဝန်ယူသွားမှာပါ။

မန်ယူအသင်းဟာ ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီးမှ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရ ချန်ပီယံဖြစ်ခဲ့ပါတယ်။

Read more

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော မြန်မာအမျိုးသမီးအသင်းကို ဂုဏ်ပြုဆုငွေချီးမြှင့်

အိန္ဒိယလေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ (Hero Gold Cup)  တွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ဂုဏ်ပြုဆုကြေးကျပ်သိန်း ၅၅၀ ချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ဖော်ပြသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နီပေါ၊ အီရန်၊ အိန္ဒိယတို့နှင့် ယှဉ်ပြိုင်ခဲ့သော အုပ်စုပတ်လည် ပွဲစဉ်များတွင် အနိုင်ရရှိခဲ့ပြီး နီပေါနှင့် ထပ်မံယှဉ်ပြိုင်ရသည့် ဗိုလ်လုပွဲတွင် ဂိုးပြတ်အနိုင်ရကာ အောင်မြင်မှု ရခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် မနေ့က နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

Read more

ဆော်ဒီအိမ်ရှေ့မင်းသား အာရှခရီးစဉ်အတွင်း ကန်ထရိုက်ချုပ်ဆိုမှုများ ပြုလုပ်မည်

အစ္စလာမ္မာဘတ် ဖေဖော်ဝါရီ ၁၇

ဆော်ဒီအာရေဗျနိုင်ငံ၏ ဩဇာအာဏာကြီးမားသည့် တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်သည် တနင်္ဂနွေနေ့က ပါကစ္စတန်သို့ ရောက်ရှိခဲ့သည်။ပါကစ္စတန်သို့ ရောက်ရှိမှုသည် ၎င်းအာရှခရီးစဉ်အစဖြစ်ပြီး ယင်းခရီးစဉ်အတွင်း အကျိုးအမြတ်များသည့် ကန်ထရိုက်စာချုပ် ချုပ်ဆိုမှုများ ပြုလုပ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကာ ၎င်း၌ မဟာမိတ်များ ရှိနေသေးသည်ကို ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားရန် မိုက်ပန့်စ် အလေးပေး

ဝါရှင်တန် ဖေဖော်ဝါရီ ၁၇

ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီး အစည်းအဝေးမတိုင်မီ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က အလေးအနက်ပြောကြားခဲ့သည်။

စနေနေ့က မြူးနစ်လုံခြုံရေး ကွန်ဖရင့်အစည်းအဝေး၌ မိုက်ပန့်စ်က မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ ယခုလနှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ထိပ်သီး အစည်းအဝေးကျင်းပရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ မိုက်ပန့်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးတစ်ရပ်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်နေကြောင်း ၎င်းက ပြောခဲ့သည်။

Read more

ထိုင်းစစ်အစိုးရ ဝန်ကြီးချုပ်ပါ ၆၈ ဦးကို ကိုယ်စားလှယ်လောင်းအဖြစ် ကော်မရှင်ခွင့်ပြု

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ ကို တွေ့ရစဉ်)

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ အပါအဝင် ဒီမိုကရေစီလိုလားတဲ့ မဟာမိတ်ပါတီ ပေါင်းစုံက ကိုယ်စားလှယ် ၆၈ ယောက်ကို ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့က အသိအမှတ် ပြုလိုက်ပါတယ်။

Read more

အမေရိကန် တောင်းဆို၍ ဂျပန်ဝန်ကြီးချုပ်က ဒေါ်နယ်ထရန့်ကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းပေးရန် အစိုးရက တောင်းဆိုပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သည့် ဆောင်းဦးရာသီက အမည်စာရင်းတင်သွင်း ခဲ့ကြောင်း Asahi သတင်းစာက ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြသည်။

မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုများ စတင်ပြီး တင်းမာမှု ဖြေလျှော့အောင် လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှင်ဇိုအာဘေး က ၎င်းကို နိုဗယ်ငြိမ်းချမ်းရေးဆု အမည်စာရင်းတင်သွင်းခဲ့သည်ဟု ထရန့်က သောကြာနေ့တွင် ပြောကြား ပြီးနောက် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Read more

ဘုတလင်​ မြို့ ​နယ်​ ​နှောယင်း ကျးရွာ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​တင်

ရွှေကျီစု ဘုတလင်
ဘုတလင်​ ။ ၁၅.၂.၂၀၁၉။

စစ်​ကိုင်းတိုင်း ​ဒေသကြီး မုံရွာ ခရိုင်​ ဘုတလင်​ မြို့ ​​​​​နယ်​ ​သပြေပင်​ကျေးရွာအုပ်​စု ​နှောယင်း ​​ကျေးရွာ ​ဒေါ်ဆန်းကြည်​ ​၏ ​နေအိမ်​ခြံဝင်း
အတွင်းတွင်​ ​ယေ​န့နံနက်​ (၁၁:၃၀) နာရီတွင်​ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​ တင်​ပွဲ အခမ်းအနား ပြုလုပ်​ခဲ့ပါသည်​။

Read more

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ခွေးရူးပြန်ရောဂါကာကွယ်ဆေးဝယ်ယူရန်အလှူငွေလှူဒါန်း

 

ပဲခူး ဖေဖော်ဝါရီ ၁၄

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူး ဦးမင်းခန့်ကျော်နှင့်မိတ် ဆွေအပေါင်းအသင်းများသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြိ%8


Read more

မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ ပါတီရုံးဆိုင်းဘုတ်အသစ်လဲလှယ်တပ်ဆင်

 

မင်းလှ ဖေဖော်ဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့ အမှတ်(၇)ရပ်ကွက် ဗိုလ်ရုံတန်း လမ်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့ နံနက်ပိုင်းက လဝက်ပုံမှန်အစည်းအဝေးပြု လုပ်ခဲ့ရာ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ ခရိုင် ပြည်ခိုင်ဖြိုးပါတီကော် မတီဝင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၊ မြို့နယ်အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီ ဝင်များ စုစုပေါင်းအင်အား ၈ဝ ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကနီမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စုတွင် ပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကနီ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ဆူးလေကုန်းကျေးရွာအုပ်စု ရပ်/ကျေးပါတီ ဥက္ကဋ္ဌ ဦးမှဲ့ခင်နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။

Read more