ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာလုပ်ရှားမှူ တစ်ရပ်အနေဖြင့် လွိုင်ကော်ခရိုင် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု အောင်ဝိဇ္ဇာညီနောင် ဆုတောင်းပြည့်တန်ခိုးကြီး ငြိမ်းချမ်းရေးပြယုပ် သဘာဝ ကျောက်စေတီတော်တွင် မြေသားနံရံအားမြေညှိခြင်း တောင်တက်လမ်းအား ကွန်ကရက်ခင်းခြင်း လုပ်အားဒါန သွားရောက် ဆောင်ရွက်ခြင်း

 

လွိုင်ကော် – မေ ၆

Read more

လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

လားရှိုး၊ မေ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် လူထုစကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲကို ဆုံကွယ်ကျေးရွာ ဓမ္မာရုံ၌ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ကျင်းပခဲ့ရာ လျှစ်စစ်မီးပြတ် တောက်မှု၊ စားဝတ်နေရေး ကြပ်တည်းမှု၊ ပညာသင်ကြားရေးတွင် ဆရာဆရာမ မလုံလောက်မှု အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေများအား ဒေသခံလူငယ်များက မေးမြန်းဆွေးနွေး ခဲ့ကြသည်။

Read more

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မေ ၅၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ၄-၅-၂၀၁၉ ရက်နေ့၌ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအား တက်ရောက် ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ မိမိတို့ပါတီ၏ ရှေ့ဆက်လုပ်ဆောင် သွားမည့် လုပ်ငန်းစဉ်များ၊ မဲဆန္ဒနယ်အတွင်းရှိ ပြည်သူများ၏ လိုအပ်ချက်များ၊ မိမိတို့ပါတီ အောင်မြင်မှု ဆက်လက် ရရှိရန်အတွက် စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ကြရန် အချက်များအား တက်ရောက် လာသူများနှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းပါတီကော်မတီဝင်များ ခရိုင်ဥက္ကဌများ အတွင်းရေးမှူးများနှင့် ပုသိမ်မြို့တွင် တွေ့ဆုံ

 

မေ ၆ ၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင်များ၊ တိုင်းအတွင်းရှိ ခရိုင်ပါတီများမှ ခရိုင်ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ပါတီခန်းမတွင် ၆-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင် ပြောကြားခဲ့ပါသည်။

#USDP

Read more

ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

နေပြည်တော်၊ မေ ၃

ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးအုပ်စု၊ ချောင်းကမ်းကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအား ၃-၅-၂၀၁၉ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

Read more

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနား မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်

 

တောင်သာ မေ ၂

မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲမှ ညနေပိုင်းအထိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးနှင့် (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တိုင်း ခရိုင် မြို့နယ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 

ရန်ကုန် မေ ၂

Read more

လုံခြုံရေးအကြီးအကဲအား မိဖုရားအဖြစ် ထိုင်းဘုရင်ရွေးချယ်

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းသည် ၄င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးအကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေသော ဆူသီဒါအား တရားဝင်လက်ထပ်ကာ မိဖုရားအဖြစ် ရွေးချယ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော မဟာဗာဂျီရာလောင်ကွန်းသည် ယခင်က သုံးကြိမ် လက်ထပ်ခဲ့ဖူးသူဖြစ်ကာ ရင်သွေး ခုနှစ်ဦး ပိုင်ဆိုင်ထားပြီး မိဖုရားအဖြစ် ရွေးချယ်ခံခဲ့ရသော ဆူသီဒါ သည် မဟာဗာဂျီရာလောင်းကွန်း၏ လုံခြုံရေးအဖွဲ့ဝင် ကာလရှည်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး ဗိုလ်ချုပ်ကြီး အဆင့်နှင့်ညီမျှသော ရာထူးအား တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ရေနံချောင်း ဧပြီ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်း ပါတီကော်မတီဝင်များသည် ရေနံ ချောင်း၊ ချောက်နှင့် ဆိပ်ဖြူမြို့ နယ်များသို့ရောက်ရှိခဲ့ပြီး အဆိုပါ မြို့နယ်များမှပါတီတာဝန်ရှိသူများ နှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

Read more