Author: USDP 2016
ထိုင်းလိဂ်ကလပ် ချောင်ဘူရီနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ စည်သူအောင်
ရတနာပုံအသင်းကနေ ထိုင်းလိဂ်ကလပ် ချောင်ဘူရီအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ မြန်မာ့လက်ရွေးစင်ကစားသမား စည်သူအောင်ဟာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ရတနာပုံအသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီလို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ စည်သူအောင်ကတော့ ချောင်ဘူရီအတွက် (၁၁)ပွဲ ကစားပေးခဲ့ပြီး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ စာချုပ်ဖျက်သိမ်းရတဲ့ အကြောင်းရင်းကို မသိရသေးသလို ဒီသတင်းကို နှစ်ဖက်အသင်းက တရားဝင်ထုတ်ပြန်ကြေညာခြင်းတော့ မရှိသေးတာကိုလည်း တွေ့ရပါတယ်။
Read moreအင်ဒိုနီးရှား ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဝီဒိုဒို အနိုင်ရဟု အတည်ပြု
အင်ဒိုနီးရှားနိုင်ငံရဲ့ ဧပြီလ ရွေးကောက်ပွဲရလဒ်အရ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဇွန်လ ၂၇ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဧပြီလ ရွေးကောက်ပွဲမှာ သမ္မတ ဝီဒိုဒိုဟာ ထောက်ခံမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အနိုင်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ဝီဒိုဒိုကို စိန်ခေါ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပွာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ချပေးဖို့ ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။
Read moreရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
ရန်ကုန် ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
Read moreတက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ဂုဏ်ပြု
ပုသိမ်ကြီး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်က ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ပါတီကော်မတီဝင်များ၏ သားသမီးများအား ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။
Read moreပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပုံမှန် အစည်းအဝေး ကျင်းပ
ပုသိမ်ကြီး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက်က ရပ်ကျေးပုံမှန် အစည်းအဝေး ကျင်းပခဲ့ သည်။
အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ တက်ရောက် ခဲ့သည်။
Read moreကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲနှင့် ရပ်ကွက်/ကျေးရွာ ပါတီအဖွဲ့များ လပတ်ပုံမှန် အစည်းအဝေး ကျင်းပ
အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယမန်နေ့ နံနက် (၉) နာရီက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲနှင့် ရပ်ကွက်/ကျေးရွာ ပါတီအဖွဲ့များ လပတ်ပုံမှန် အစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါသည်။
Read moreပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
လားရှိုး၊ ဇွန် ၂၇
လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ မိုးလုံလေလုံ အားကစားရုံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
Read moreကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ သာသနာပြု ကျောင်းတိုက်ဆရာတော် များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး သွားရောက်ဖူးမျှော်
လောက်ကိုင်၊ ဇွန် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့သို့ ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ဇွန်လ ၂၆ ရက်နေ့ နံနက် ၈ နာရီက လောက်ကိုင်မြို့ရှိ မဟာ မုနိ(ဗဟို) သာသနာပြုကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ရာဇိန္ဒအား ဖူးမျှော်ကန်တော့၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး လောက်ကိုင်မြို့ ကိုးကန့်ချမ်း%B
Read more