သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၂/၂၀၂၀)


Read more









လှည်းကူး၊ ဩဂုတ် (၁၀)
နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းတို့ကို အမှူထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းသည် `ပြည်သူမှ ပြည်သူသို့ ´အစီအစဉ်အဖြစ် Covid -19 ကာလအတွင်း အခက်အခဲရှိနေတဲ့ ပြည်သူများကို ဆန်လှူဒါန်းတဲ့ အလှူတစ်ခု ရက်ဆက်ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ပေါ်က “လယ်ပေါ်ကျောင်းတိုက် ဓမ္မာရုံ” တွင် ကျွန်းကလေးရွာနဲ့ သပြေရိုးရွာ ရှိ မိသားစု ၁၃၈ စု ကို တစ်အိမ်ထောင် ဆန် (၆) ပြည်နူန်းနဲ့ ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။
Read more
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ PGA ချန်ပီယံရှစ် ဂေါ့ဖ်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသား မိုရီကာဝါ အနိုင်ရပါတယ်။ တနင်္ဂနွနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးနေ့ပွဲစဉ်မှာ မိုရီကာဝါက (၆၄)ချက်ရိုက်ခဲ့ပြီး စုစုပေါင်းရိုက်ချက် (၂၆၇)ချက်နဲ့ ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံသား ပေါလ်ကေစီနဲ့ အမေရိကန်နိုင်ငံသား ဒပ်စတင်ဂျွန်ဆင်တို့ကတော့ မိုရီကာဝါကို ဖိအားလိုက်ပေးခဲ့ပေမယ့် စုစုပေါင်းရိုက်ချက် (၂၆၉)ချက်နဲ့ ပူးတွဲဒုတိယသာ ရခဲ့ပါတယ်။ကမ္ဘာ့အဆင့် (၁၂)မှာရပ်တည်နေတဲ့ မိုရီကာဝါအတွက်တော့ ကစားသမား ဘဝ ဒုတိယမြောက် မေဂျာဆုဖလား ဖြစ်ခဲ့ပါတယ်။
Read more
ဟိုပင်။ သြဂုတ်
ယနေ့ မိုးညှင်းမြို့နယ် ဟိုပင်ဒေသ စစ်မှုထမ်းဟောင်းရုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ယနေ့ မနက် ၈ နာရီခွဲတွင် ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်းကျပ် (၁၀၀၀၀၀ကျပ်) လှူဒါန်းခဲ့ရာ စစ်မှုထမ်းဟောင်း ဆရာကြီးဦးခင်မောင်ဝင်းနှင့် အဖွဲ့မှ လက်ခံခဲ့ ကြသည်။
Read more
ဝန်းသို သြဂုတ် ၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဝန်းသိုမြို့နယ် နမ်းခမ်းဒေသသို့ သွားရောက်ပြီး နမ်းခမ်းအခြေခံပညာ အထက်တန်း ကျောင်းနှင့် နမ်းခမ်းတိုက်နယ် ဆေးရုံသို့ COVID-19 ကပ် ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၁၅စုံ၊ Mask အခု ၁ဝဝဝ၊ Hand Gel ၁ဝ ဘူး၊Thermometer သုံးခုတို့ကိုလှူဒါန်းခဲ့သည်။
Read more
ရေဖြူ သြဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မဝိဟာရ ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အရှင်ဥုတ္တမအား ဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
Read more