ရေခဲစိမ် ကြက်တောင်ပံမှာ Covid-19 ပိုးတွေ့ရှိဟု တရုတ်ပြောဆို

ဘရာဇီးနိုင်ငံမှ တရုတ် နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့သို့ တင်သွင်းသော အေးခဲကြက် တောင်ပံနမူနာများတွင် ကိုရိုနာ ဗိုင်းရပ်စ်များ စစ်ဆေးတွေ့ရှိ ကြောင်းယင်းမြို့၏ အစိုးရက ကြာသပတေးနေ့က ပြောကြား သောကြောင့် ညစ်ညမ်းနေသော အစားအစာ တင်သွင်းမှုများ ကြောင့် ရောဂါပျံ့နှံ့မှုများ ထပ်မံ ဖြစ်ပွားနိုင်သည်ဆိုသော စိုးရိမ်မှုများ ထွက်ပေါ်လာသည်။

Read more

မူလတန်းလွန်ကျောင်းအတွက် COVID-19 ကြိုတင်ကာကွယ်ရေးပစ္စည်းများမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လှူဒါန်း

 

ဗန်းမော် သြဂုတ် ၁၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျောင်းသားကျောင်းသူများ COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာ မူလတန်းလွန် ကျောင်းအတွက် ကျောင်းဖွင့်ချိန်၌ လိုအပ်မည့် COVID-19 ကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သည့် လက်ဆေးဘေစင်သုံးခု၊ ခြေနင်းအမှိုက်ပုံး ငါးပုံး၊ PPE ဝတ်စုံတစ်စုံ၊ လက်ဆေးဆပ်ပြာ ဆယ်တောင့်၊ လက်ဆေး သန့်စင်ရည်တစ်ဘူးနှင့် နှာခေါင်းစည်း ၅ဝ တို့အား ယမန်နေ့နံနက် ၁၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။

Read more

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နောက်လယ်ရပ်ကွက် ဒေသခံများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ လှူဒါန်း

 

မြိတ် သြဂုတ်လ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နောက်လယ်ရပ်ကွက်သူ ရပ်ကွက်သားများထံ ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ကူညီပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင် မြိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ကော်မတီဝင်များနှင့် တာဝန်ရှိပါတီဝင်များက နောက်လယ်ရပ်ကွက်အတွင်းရှိ စားဝတ်နေရေးခက်ခဲ သော ပြည်သူများအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် နှာခေါင်းစည်း အစရှိသည်တို့ကို ရပ်ကွက်တွင်းရှိ ရပ်ကွက်သူရပ် ကွက်သားများထံသို့ တိုက်ရိုက်ထောက်ပံ့ပေးအပ်ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

Read more

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

 

ရန်ကုန် သြဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ယမန်နေ့ နံနက် ၁ဝ နာရီမှ စတင်ကာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းသို့ သွားရောက်ကာ ကျောင်းတိုက်ဆရာတော်ကြီးများထံသို့ ဝါဆိုသင်္ကန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

Read more

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပသွယ်အထက (ခွဲ) စာသင်ကျောင်းသို့ PPE ဝတ်စုံ နှာခေါင်းစည်းနှင့် အလှူငွေများ လှူဒါန်း

 

ပန်းတနော် သြဂုတ် ၁၃

ဧရာဝတီတိုင်း ဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပန်းတနော် မြို့နယ်ပသွယ်ကျေးရွာရှိ အထက(ခွဲ) စာ သင်ကျောင်းတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ တစ်စုံ၊ နှာခေါင်းစည်း ကိုးဘူးနှင့် အလှူငွေကျပ်တစ် သိန်းလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ ကျောင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

Read more

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၇/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ဧရာဝတီတိုင်းဒေသကြီး” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

Read more

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၈/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ပြည်ထောင်စုနယ်မြေ” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

Read more

COVID-19 ကာကွယ်ဆေးများ ကြိုတင်မှာယူမှု ဆေးအလုံးရေ ငါးဘီလီယံကျော်အထိရှိ

ဝါရှင်တန်- စမ်းသပ်မှုများအတွင်း ထိရောက်မှုရှိကြောင်း အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေး တစ်မျိုးမျှ မရှိသေးသော်လည်း ကမ္ဘာတစ်ဝန်း ကြိုတင်မှာယူထားသည့် ကာကွယ်ဆေးအလုံးရေ ၅ ဒသမ ၇ ဘီလီယံ ရှိသည်။

အနောက်တိုင်းမှ ကာကွယ်ဆေးသုံးမျိုးနှင့် တရုတ်မှ ကာကွယ်ဆေးနှစ်မျိုးကို လူထောင်ချီ ပါဝင်သည့် အဆင့် (၃)စမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

Read more

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့၍ လီဗာပူးအသင်းဆုကြေးပေါင် ၁၇၅ သန်းရရှိ

လီဗာပူးအသင်းသည် ယခု ဘောလုံးရာသီတွင်ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ခြင်းအတွက် ဆုကြေး  ပေါင် ၁၇၅ သန်း ရရှိမည်ဖြစ်သည်။ လီဗာပူးသည်ပရီးမီးယားလိဂ် ချန်ပီယံဆုအား ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ကာ ဒုတိယနေရာမှ  မန်စီးတီးအသင်းအား ၁၈မှတ်အထိ အသာရအောင်စွမ်းဆောင်နိုင်ခဲ့သည်။ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ် က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကြောင့် စိုးရိမ်မှုတချို့ဖြစ်ပေါ်ခဲ့သော်လည်း ရည်မှန်းထားသည့်အတိုင်း ဖြစ်အောင်စွမ်းဆောင် နိုင်ခဲ့၍ ကျေနပ်မိကြောင်းပြောသည်။ သို့သော် လီဗာပူးအသင်းအပါအဝင် ပရီးမီးယားလိဂ် အသင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများကြောင့် ပွဲစဉ်များကိုရွှေ့ဆိုင်း ခြင်းနှင့်ရုပ်/ သံ မထုတ်လွှင့်နိုင်ခြင်းများ ကြုံတွေ့ခဲ့၍ ရုပ်/သံကုမ္ပဏီ များထံမှရရှိမည့် ရုပ်/သံလွှင့်ခများ ထဲမှ ပမာဏတစ်ခု လျှော့ချမည်ကို သဘောတူညီခဲ့ရသည်။

Read more

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၅/၂၀၂၀)

 
သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

Read more