EPL ရွှေဖိနပ်ဆုရှင် ဂျေမီဗာဒီကို ၂၀၂၃ထိ အသင်းက သက်တမ်းတိုး

လက်စတာစီးတီးအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး ဂျေမီဗာဒီကို ၂၀၂၃ခုနှစ်ထိဆက်ရှိမဲ့ စာချုပ်သက်တမ်း တိုးခဲ့ပြီး ကစားသမားရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရှင်ကို ထပ်ဆင့်ဂုဏ်ပြုတဲ့အနေနဲ့ လစာလည်း တိုးပေးခဲ့ပါတယ်။ ဗာဒီဟာ အသက်အရွယ်နဲ့မလိုက်အောင် အသင်းမှာ စွမ်းဆောင်ပေးနိုင်နေဆဲ ကစားသမားလည်း ဖြစ်ပါတယ်။ အသင်းနဲ့ သက်တမ်းကုန်ချိန်မှာတော့ သူ့အသက်က ၃၆ နှစ်ရှိလာမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က တိုက်စစ်မှူးတွေဖြစ်တဲ့ အော့ဘာမီယမ်၊ စတားလင်းနဲ့ ဒန်နီအင့်ဂ်တို့ကိုကျော်ပြီး ၂၃ဂိုးသွင်းကာ ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ခဲ့သလို အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်

Read more

လူမည်းတစ်ဦးသေဆုံးမှုကြောင့် အမေရိကန်နိုင်ငံတွင် ဆန္ဒပြမှုများပြန်လည်ဖြစ်ပွား

အရင်တစ်ပတ်နှောင်းပိုင်းက ဝစ်ကွန်ဆင်ပြည်နယ်၊ ကီနိုရှာမြို့မှာ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွားလာလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး တိုနီအဲဗားစ်ဟာ အင်္ဂါနေ့က ဝစ်ကွန်ဆင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

တနင်္လာနေ့က ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး ဆူပူရမ်းကားနေသူတွေကို ဝစ်ကွန်ဆင်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပေမယ့် သိပ်မကြာခင်မှာ လူစုလူဝေးပြန်ဖြစ်လာပြီး ပုလင်းတွေ၊ မီးတုတ်တွေနဲ့ ရဲတပ်ဖွဲ့ကို ပြန်လည်ပစ်ပေါက်ခဲ့ပါတယ်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ နန်းတော်ရာတပ်ဦးကျောင်း ဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်

 

နေပြည်တော် သြဂုတ် ၂၆

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု နန်းတော်ရာတပ်ဦးကျောင်း ဆရာတော် ဦးပညာစက္က အရှင်သူမြတ်အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ဝါဆိုသင်္ကန်းနှင့် အန္တရာယ်ကင်း ကမ္မဝါစာများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အဋ္ဌမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ အဋ္ဌမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပါတီဌာနချုပ်ရုံးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီြး့မှင့်ခြင်း၊ ပါတီဥက္ကဋ္ဌကြီးနှင့် ပါတီတာဝန်ရှိသူများက ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ပြုပြုသမျှသော ကောင်းမှုတို့အား ရေစက်ချ အမျှဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌဦးခင်ရီ၏ ဇနီး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်သည့် ဒေါက်တာကျော်ကျော်ဌေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝေလွင်နှင့်ဇနီး၊ ဦးသောင်းအေးနှင့်ဇနီး၊ ဦးသူရိန်ဇော်၊ ဦးအောင်တင်မြင့်၊ ပြောရေးဆိုခွင့်ရှိသူများနှင့် ဦးစီးရုံးအဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
Read more

ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပြည်ခိုင်ဖြိုးမှ ငွေများလှူဒါန်း

 

၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid -19 ရောဂါကာကွယ်ရေးအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီ၀င်)နှင့် စစ်တွေမြို့နယ် ပါတီဥက်္ကဋ္ဌ ဒေါ်အေးမာခင်တို့မှ စစ်တွ ေပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ဃဥဠှီု-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေသိန်း (၃၀)ကျပ် အား ပေးအပ်ခဲ့ရာ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီ ဒေါက်တာဇော်လွင်မှ လက်ခံရယူခဲ့ပြီး ပြည်နယ်ပါတီသို့ ကျေးဇူးတင် ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။

Read more

တပ်မတော်၊ရဲ ၊ နိုင်ငံရေးပါတီတချို့ အပါအဝင် အစိုးရ အားနည်းချက် ဝေဖန်သည့် Facebook Account များ ပိတ်သိမ်းမှု သမ္မတရုံး၏ SMMT အဖွဲ့ နှင့် Facebook ကို ကြံ့ခိုင်ရေးပါတီက အဆိုတင် မေးခွန်းထုတ်

 

ရန်ကုန်၊ ဩဂုတ် ၂၅

တပ်မတော်၊ ပြည်သူရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီတချို့၏ Facebook Account များ ၊ အစိုးရအားနည်းချက်ကို ဝေဖန်သည့် ပြည်သူများ၏ Facebook Account များ ပိတ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတစ်ရပ် တင်သွင်း၍ မေးခွန်းထုတ်လိုက်သည်။

Read more

ဘားအံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ရေကြီးနစ်မြှုပ်မှု ခံစားနေရသူများအား ဆန်နှင့်ဆီအခမဲ့ဝေငှ

 

ဘားအံ သြဂုတ်လ

Read more

Facebook တွင် ထိုင်းတော်ဝင်မိသားစုအကြောင်း ဆွေးနွေးမှုပြုလုပ်ခြင်းများကို ပိတ်ပင်

Facebook  ကုမ္ပဏီသည် ၄င်း၏ ဝန်ဆောင်မှုများကို အသုံးပြုကာ ထိုင်းဘုရင်နှင့်တော်ဝင်မိသားစုအကြောင်း ဆွေးနွေးမှုပြုလုပ်ခြင်းများကို ပိတ်ပင်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ထိုင်းနိုင်ငံအတွင်း၌ လက်ရှိ အစိုးရအဖွဲ့နုတ်ထွက်ရန် တောင်းဆိုသော ဆန္ဒပြမှုများ မြင့်တက်လာခဲ့ပြီးနောက်တွင် ထိုင်းဘုရင်နှင့် တော်ဝင်မိသားစု အကြောင်းကို ဆိုရှယ်မီဒီယာများတွင် ဝေဖန်သုံးသပ်မှု ပြုလုပ်ခြင်းများ မြင့်တက်လာခဲ့သည်။ ထိုင်းအစိုးရဘက်မှ ထိုကဲ့သို့ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခြင်းကို တားဆီးနိုင်ခြင်း မရှိပါက Facebook  ကုမ္ပဏီအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု သတိပေးခဲ့ပြီးနောက်တွင် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်းဘုရင်နှင့်တော်ဝင်မိသားစုအကြောင်း ဆွေးနွေးခြင်း၊ ဝေဖန်သုံးသပ်ခြင်းများ ပြုလုပ်နေသည့် Pages များအား ထိုင်းနိုင်ငံအတွင်း၌ အသုံးပြုခွင့် မရအောင် Facebook  ကုမ္ပဏီဘက်မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ အတွင်း၌ ဘုရင်နှင့်တော်ဝင်မိသားစု ၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ပါက ပြင်းထန်သည့်ထောင်ဒဏ်များ ချမှတ်နိုင်သည့်တည်ဆဲဥပဒေရှိနေသည်။

Read more