အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆားချက်တံတား ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေ အိတ်များ လှူဒါန်း

မန္တလေး သြဂုတ်လ

အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် ဆားချက်တံတားကွန် ကရစ်လမ်းခင်းရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲက အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေ အိတ်များအား အဆိုပါတံတားရှိရာသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာသို့ ပါတီပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ လိုက်ပါကူညီ ဆောင်ရွက်ခဲ့သည်။

Read more

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဆေးရုံအတွက် လူနာခုတင်နှင့် လေးဝတီကုလရက္ခိတ အသင်းအတွက် PPE ဝတ်စုံလှူဒါန်း

ကျောက်ဖြူ သြဂုတ်လ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်း၊ ပါတီကော်မတီဝင်များနှင့် ရုံးဝန်ထမ်းများသည် ယနေ့ မွန်းလွဲ ၂ နာရီက ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ COVID-19 ရောဂါကာလအတွင်း သီးသန့်လူနာခန်း Isolation Room တွင် အသုံးပြုနိုင်ရန်အတွက် လူနာခုတင် နှစ်လုံးကို လှူဒါန်းခဲ့ပြီး လေးဝတီကုလ ရက္ခိတအသင်းတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

လူမည်းအမျိုးသား ပစ်ခတ်ခံရမှုကို ကန့်ကွက်၍ တင်းနစ်မယ်အိုဆာကာ ပြိုင်ပွဲမှ နုတ်ထွက်

ဝစ်ကွန်ဆင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင်မထားသော လူမည်းအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းကို ကန့်ကွက်၍ ဂျပန်မှတင်းနစ်မယ် နာအိုမီအိုဆာကာက နယူးယောက်မြို့ Western of Sourtern အိုးပင်းတင်းနစ်ပြိုင်ပွဲအကြို ဗိုလ်လုပွဲမှ နုတ်ထွက်ခဲ့သည်။ ဂရင်းဆလမ်နှစ်ကြိမ်ချန်ပီယံ အိုဆာကာသည် ဘယ်လ်ဂျီယံ မှ အဲလစ်မာတင်နှင့် ကစားခဲ့ရမည်ဖြစ်သည်။

Read more

လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာတွင် ဒေသကို အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ပြောကြား

 

နေပြည်တော်၊ သြဂုတ် ၂၇

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာ၌ ဒေသကို အမှန်တကယ် အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားသည်။

ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံစဉ်တွင် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဝင်ငွေနည်း အနှေးယာဉ် လုပ်သားများသို့ ဆန်လှူဒါန်းပွဲ တက်ရောက်

 

ရန်ကုန် သြဂုတ်လ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေသည် ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၈ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပသော ဝင်ငွေနည်းအနှေးယာဉ်လုပ်သား ၁၂၈ ဦးအား ဆန်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေ၊ ပါတီဗဟိုကော်မတီဝင် တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးနိုင်ဝင်း၊ ဒေါ်ချိုချိုအေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် ပါတီကော်မတီဝင်များ၊ အနှေးယာဉ်လုပ်သားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြာအင်းကျေးရွာအုပ်စု အလကကျောင်းခွဲသို့ အမှိုက်ပုံးနှင့် နှာခေါင်းစည်းများ လှူဒါန်း

 

မိုးကောင်း သြဂုတ် ၂၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်နယ်မြေ တွဲဖက် တာဝန်ခံ ဦးသန်းစိုးသည် ကြာအင်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးမြင့်ဖေ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၂နာရီက ကြာအင်းကျေးရွာအုပ်စု အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက်၍ အမှိုက်ပုံးနှစ်ပုံးနှင့် နှာခေါင်းစည်း ၁ဝဝ တို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာနည်ရှိန်က လက်ခံပြီး ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

Read more

လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေကြီးနစ်မြုပ်နေသော ပြည်သူများအား ဆန်နှင့်ခေါက်ဆွဲခြောက်များ ဝေငှပေး

 

လှိုင်းဘွဲ သြဂုတ် ၂၇

လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိမ်း၊ အရွေးချယ်ခံကိုယ်စားလှယ်များ၊ ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ၌ ရေကြီးနစ်မြုပ်နေသော အိမ်ခြေ ၈၅ဝ အတွက် ဆန်နှင့် ခေါက်ဆွဲခြောက်များ စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၂ သိန်း ဖိုးခန့် လက်ဝယ် အရောက် လိုက်လံဝေငှ ပေးခဲ့ကြောင်း သိရသည်။

Read more

ကျောက်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှMask နှင့် Face Shield များလှူဒါန်း

 

ကျောက်ဖြူ သြဂုတ်

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၈ နာရီ က စနဲမြို့နှင့် ဇင်ချောင်းအုပ်စုတို့မှ ဈေးရောင်းဈေးဝယ် သူများအား COVID-19 ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက်Mask နှင့်Face Shield များကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြကြောင်း သိရသည်။ သိန်းဖေ(မာန်အောင်)

Read more

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃) ကြိမ်မြောက် အခြေခံစားကုန်များ ထောက်ပံ့

မိုင်းယောင်း သြဂုတ် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့တွင် အဖွဲ့သုံးဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ပူးပေါင်းကာ မြို့ပေါ်ကိုးရပ်ကွက်၌ COVID ကာလအတွင်း ပြည် သူများ၏ စားဝတ်နေရေး အခက်အခဲကို အထောက်အပံ့ဖြစ်စေရန် အခြေခံမီးဖိုဆောင်သုံး စားကုန်ဖြစ်သည့် ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

Read more