ကရင်ပြည်နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ဖာပွန်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် များစိုက်ထူ

 

ဖာပွန် စက်တင်ဘာ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၇ နာရီခွဲမှ ၁၁နာရီခွဲအထိ ဖာပွန်မြို့ အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုးရုံးရှေ့၊ မဲသလွတ်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ အုပ်စု၊ ဝှေ့ဆန်ကျေးရွာအုပ်စု၊ မထောကျေးရွာအုပ်စုစသည့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် ကိုယ်စား လှယ်လောင်း ဗီနိုင်းဆိုင်းဘုတ် ၁၅ခု စိုက်ထူခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်လောင်း ဗီနိုင်းစိုက်ထူပွဲများသို့ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသငါးခုတွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များစိုက်ထူ အောင်နိုင်ရေးအလံများ လွှင့်ထူ

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသတာဝန်ခံ များ၊ဝန်းရံသူပါတီဝင် လူငယ်မောင်မယ်များ ပါဝင်၍ ယမန်နေ့ နံနက် မင်္ဂလာအချိန်မှစ၍ ဖြူးဒေသ၊ အုတ်ဖြတ်ဒေသ၊ညောင်ပင်သာဒေသ၊ ကညွတ်ကွင်းဒေသနှင့် ဇေယျဝတီ ဒေသများသို့ လှည့်လည်၍ လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ ဓာတ်ပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ၍ အောင်နိုင်ရေးအလံများ လွှင့်ထူ ခဲ့ကြကြောင်း သိရသည်။ ကျော်ဆွေဝင်း(ရွှေအင်း)

Read more

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နေအိမ်ကန့်သတ်ထားသည့် ပြည်သူများအား ကြက်သွန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

 

မကွေး စက်တင်ဘာ

မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ပြည်သူ့လွှတ်တော် ဦးအောင်သိန်းကျော်၊ အမျိုးသားလွှတ်တော် ဦးကြည်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဦးတင်မျိုးဇော်၊ ဦးတင် ဌေးအောင် အပါအဝင် အလှူရှင်များလှူဒါန်း သော ကြက်သွန်နှင့် ကြက်ဥများအား ဃသလငိ-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် အတည်ပြု ပိုးတွေ့လူနာ တစ်ဦးတွေ့ရ၍ နေအိမ်ကန့်သတ်ခြင်း ခံထားရသော လျောင်းတော် ဦးကျေးရွာရှိ အိမ်ခြေ ၄၂ဝ အတွက် တစ်အိမ်ထောင်လျှင် ကြက်ဥလေးလုံး၊ ကြက်သွန် ၅ဝ ကျပ်သားနှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဝင်းမောင်(မကွေး)

Read more

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူ

 

မအူပင် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပုံပါဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့က မအူပင် မြို့နယ် ခနောင်ထော်ကျေးရွာ၌ ခနောင်ထော်ကျေးရွာ ပါတီအောင်နိုင်ရေး အဖွဲ့များက ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဖြိုးမောင်ဇော်(မအူပင်)


Read more

တတိယမြောက် ဂရင်းစလမ်ချန်ပီယံဆုကို အိုဆာကာ ရယူ

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပနေတဲ့ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို ဂျပန်တင်းနစ်မယ် အိုဆာကာ ရယူနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဆီဒင်အဆင့်(၄)အိုဆာကာနဲ့ ဘီလာရုစ်တင်းနစ်မယ် အဇာရန်ကာတို့ ဆုံတွေ့ခဲ့ကြတာပါ။ ဆီမီးဖိုင်နယ်မှာ နာမည်ကြီး ဆီရီနာဝီလျံကို အနိုင်ရပြီး (၂၀၁၃)နောက်ပိုင်း ဂရင်းစလမ် ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်လာခဲ့တဲ့ အဇာရန်ကာဟာ သူမရဲ့ အကောင်းဆုံးလက်စွမ်းနဲ့ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ အိုဆာကာက လက်စွမ်းပိုကောင်းခဲ့ပြီး အမှတ်တွေရယူနိုင်ခဲ့ပါတယ်။ (၂)နာရီနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်ပြီးချိန်မှာတော့ အိုဆာကာက (၁း၆၊၆း၃၊၆း၃) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီး ကစားသမားဘဝ တတိယမြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဆာကာဟာ သူမကစားခွင့်ရခဲ့တဲ့ ဂရင်းစလမ်ပြိုင်ပွဲ ဗိုလ်လုပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို လည်း စိုက်ထူသွားနိုင်ခဲ့ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လွှင့်ထူ

 

စစ်တွေ စက်တင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံများကို ယမန်နေ့က ရခိုင် ပြည်နယ်ပါတီရုံးအပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ပါတီရုံးများတွင် လွှင့်ထူခဲ့ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ အောင်နိုင်ရေး အလံပေးအပ်

 

ညောင်ဦး စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အောင်လံလွှင့်ထူခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရွေးကောက်ပွဲအောင်နိုင်ရေး အလံတင်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနား တက်ရောက်

 

ချောင်းဦး စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းသည် ယမန်နေ့ နံနက် ၆ နာရီက မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင်ပွဲနှင့် မြို့နယ်ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်း အနားသို့ တက်ရောက်ခဲ့သည်။

Read more