တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား

တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် မြေပြိုမှုဖြစ်ပွား

ပေကျင်း ဇွန် ၂

တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ Xizang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ယမန်နေ့က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရကာ ခုနစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ဒန်ကွန်စီရင်စု ကွန်ဒိုမြို့တွင် ယမန်နေ့ည ၉နာရီခွဲခန့်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read more

နိုင်ငံအဝန်း ကျောင်းသားကျောင်းသူ ၅၈ သိန်းကျော် စတင်ပညာသင်ယူနေ

၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် နိုင်ငံအဝန်းမှာ ကျောင်းသူ ကျောင်းသား ၅၈ သိန်းကျော် စတင် ပညာသင်ယူနေပြီလို့ ပညာရေးဝန်ကြီးဌာနထံက သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကအခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ မေလ ၂ ရက်နေ့ မနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။

Read more

ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုဆွတ်ခူးထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းသည် (၃)ယောက်တွဲ Men Regu event ၏ ဗိုလ်လုပွဲ၌ မလေးရှားအသင်းကို ထိုက်တန်စွာအနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)ယောက်တွဲပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အုပ်စုတွင်းပွဲစဉ်များတွင် အိမ်ရှင်တရုတ်နိုင်ငံအသင်း၊ မလေးရှားနိုင်ငံအသင်းတိုကိုအနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း လာအိုနိုင်ငံအသင်းကိုအနိုင်ယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဉ်တွင် မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
________________________

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိမြို့ဖများ၊ဒေသခံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ



ပုသိမ် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ပုသိမ်မြို့၌ မြို့မိမြို့ဖများ၊ဒေသခံလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ



ပြင်ဦးလွင် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် နှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် လိုက်ပါလျက် မေလ (၃၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။

Read more




———————-
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်နှင့် ဦးလှသိန်းတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ PERM မြို့တွင် ကျင်းပပြုလုပ်မည့် International Conference of Asian Political Parties (ICAPP) မှ ကြီးမှူးကျင်းပသည့် Standing Committee အစည်းအဝေးသို့ တက်ရောက်မှု မှတ်တမ်းဓာတ်ပုံများ


Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ


ပုသိမ် မေ ၃၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်းရေးမှူးဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်/ခရိုင် တစ်ခုချင်းအလိုက် ပါတီတာဝန်ရှိသူများ၊ တိုင်းပါတီကော်မတီဝင်များနှင့် ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၃)ရက်တိုင်တိုင်တွေ့ဆုံ၍ ပါတီရေးရာများ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

Read more

နိုင်ငံသားတိုင်းက ကိုယ့်နိုင်ငံကိုယ် တန်ဖိုးထား ချစ်မြတ်နိုးသော (We Love Myanmar)(We Are Myanmar) စိတ်ဓါတ်ရှိဖို့လိုကြောင်း ပါတီဒုတိယဥက္ကဌ ဦးလှထွန်းမှ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ၌ ပြောကြား



မန္တလေး မေ ၃၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် ဗဟိုအလုပ်အမှုဆောင်
ဦးတင့်လှိုင်မြင့် လိုက်ပါလျက် မေလ(၃၀)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပါတီဒုတိယဥက္ကမှ မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား တိုင်ပင်ဆွေးနွေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဥက္ကဌများကို
Zoom Meeting ဖြင့် အစည်းအဝေးပြုလုပ်၍ မှာကြားပြီး ဖြစ်သလို၊ တက်ရောက်လာကြသူများ အနေဖြင့်လည်း လက်ရှိပကတိ မြေပြင် အခြေအနေမှန်များကိုတင်ပြစေလိုကြောင်း ဦးစွာနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

Read more

ပါတီ ဒုတိယဥက္ကဌ ဦးလှထွန်းမှ သီတဂူဆရာတော် ဘဒ္ဒန္တဒေါက်တာဉာဏိဿရအား သွားရောက်ကြည်ညိုဖူးမြှော်ကန်တော့၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံရှူံးခဲ့သော စေတီပုထိုးများ ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေများဆက်ကပ်လှူဒါန်း



စစ်ကိုင်း မေ ၂၉

စစ်ကိုင်းမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းသည် (၂၉-၅-၂၀၂၅) ရက်နေ့၌ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီတဂူဝိပသနာ အကယ်ဒမီကျောင်း၌ သီတင်းသုံးတော်မူသော သီတဂူဆရာတော်ဘဒ္ဒန္တ ဒေါက်တာဉာဏိဿရအား
သွားရောက်ကြည်ညို ဖူးမြှော်ကန်တော့၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံရှူံးခဲ့ရသော စေတီပုထိုးများ ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပါတီဒုတိယဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ရာ သီတဂူအဓိပတိဆရာတော်ကြီးမှ လမ်းညွှန်ဩဝါဒများ မိန့်ကြားတော်မူ ခဲ့ပါသည်။
_____________________

Read more