Author: USDP 2016
လာမည့် ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားတွင် အသင်း ၆၄ သင်းအထိတိုးမြှင့်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်စီစဉ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့သောအစည်းအဝေးတွင် လာမည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်း ၆၄ သင်းထိ တိုးမြှင့်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။
လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါနိုင်ငံတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းမှ ၄၈ သင်းထိပထမဆုံးအကြိမ် တိုးမြှင့်ထားကာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိရန် သေချာနေတာဖြစ်ပါတယ်။
Read moreဂျိုကိုဗစ် ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူမယ့် မာရေး

ဗြိတိန်တင်းနစ်သမားဟောင်း အန်ဒီမာရေးဟာ အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲတွေမှာ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ အေတီပီ မာစတာအမျိုးအစား ပြိုင်ပွဲတွေဖြစ်ကြတဲ့ ပြိုင်ပွဲ ၂ ခု စလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး နည်းပြ အန်ဒီမာရေး ရဲ့အဖွဲ့ကလည်း အမေရိကန်နိုင်ငံမှာ လေ့ကျင့်မှု တွေ ပြုလုပ်နေတဲ့ ဂျိုကိုဗစ် နဲ့ ပူးပေါင်းဖို့အတွက် တနင်္လာနေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။
Read moreယူကရိန်းနှင့် ထောက်လှမ်းရေးသတင်းမျှဝေဖလှယ်မှု အမေရိကန်ရပ်ဆိုင်း

ယူကရိန်းစစ်ပွဲအတွက် ထောက်လှမ်းရေး သတင်းအချက်အလက်မျှဝေမှုအား ရပ်ဆိုင်းလိုက်ကြောင်းသိရသည်။
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz က ထရမ့်အစိုးရအနေဖြင့် ယူကရိန်းနှင့် ပတ်သက်ပြီး ရှုထောင့်အားလုံးကို ခတ္တရပ်ဆိုင်းကာ ပြန်လည်သုံးသပ်နေကြောင်း ဆိုသည်။
အမေရိကန်ထောက်လှမ်းရေးသည် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းနိုင်ငံတွင်း စစ်ဆင်ရေးစတင်ချိန်မှစပြီး စစ်ရေးဆိုင်ရာ အချက်အလက်များ ယူကရိန်းစစ်တပ်အား တိုက်ရိုက်မျှဝေခဲ့သည်။
Read moreတရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်မည့် ထရမ့်၏အမိန့်စတင်အသက်ဝင်

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန်နှစ်ဆတိုးမြှင့်ကောက်ခံမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အမိန့်ကြေညာချက်သည် မတ်လ ၄ ရက်မှစ၍ အသက်ဝင်လာခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ တင်သွင်းလာ သည့် ကုန်ပစ္စည်းများအပေါ်ကောက်ခံနေသည့် သွင်းကုန်ခွန်ကို နှစ်ဆတိုးမြှင့်လိုက်သည့် ထရမ့်၏အမိန့် ကြေညာ ချက်သည် ယခုအချိန်မှစ၍ အသက်ဝင်လာပြီဖြစ်ကြောင်း အိမ်ဖြူတော်မှတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား ခြင်း ဖြစ်သည်။
Read moreရုရှားမှာ အလုပ်သွားလုပ်မယ့် မြန်မာလုပ်သား ၂၄ ဦးကို Pilot Project နဲ့စေလွှတ်

မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့နဲ့ လုပ်ခလစာပိုမိုကောင်းမွန်တဲ့ နိုင်ငံတွေကို လုပ်သားစေလွှတ်ခြင်းကြောင့် လုပ်သားဈေးကွက် တိုးချဲ့ရှာဖွေနိုင်ဖို့အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကို Pilot Project နဲ့ စေလွှတ်နိုင်ခဲ့တယ်လို့ အလုပ်သမား ဝန်ကြီးဌာနထံက သိရပါတယ်။
အလုပ်သမား ဝန်ကြီးဌာနဟာ မြန်မာ – ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရေရှည်တည်တံ့ခိုင်မြဲ စေဖို့နဲ့ မြန်မာနိုင်ငံကလုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်ရေးကို ရှေးရှုပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
Read moreလာမည့်ဘောလုံးပြိုင်ပွဲမှစတင်ပြီး ဂိုးသမားများအတွက် လက်ထဲတွင် ဘောလုံးကို ရှစ်စက္ကန့်သာထားနိုင်မည့်စည်းမျဉ်းသစ် အသုံးပြုမည်

လာမည့်ဘောလုံးပြိုင်ပွဲမှစတင်ပြီး ဂိုးသမားများအတွက် လက်ထဲတွင် ဘောလုံးကို ရှစ်စက္ကန့်သာထားနိုင်မည့်စည်းမျဉ်းသစ် အသုံးပြုမည်
လာမည့်ဘောလုံးပြိုင်ပွဲမှစတင်ပြီး ဘောလုံး လောကတွင်ဂိုးသမားများအတွက် စည်းမျဉ်းသစ် တစ်ရပ်ဖြစ်သည့် ဘောလုံးကို လက်ထဲတွင် ရှစ်စက္ကန့် သာထားနိုင်မည့်စည်းမျည်းသစ်ကို စတင်အသုံးပြု မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဘောလုံးအဖွဲ့အစည်း ဘုတ်အဖွဲ့ (International Football Association Board)က အဆိုပါစည်းမျဉ်းသစ်ကို အတည်ပြုခဲ့ပြီးနောက် လာမည့်ဘောလုံးပြိုင်ပွဲများတွင် စတင်ကျင့်သုံးမည် ဖြစ်သည်။
Read moreကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ကို ခေါ်ယူချင်နေတဲ့ မန်စီးတီး

ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ် ကို စောင့်ကြည့်မှုတွေပြုလုပ်နေတဲ့ ဥရောပထိပ်သီးကလပ်တွေထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဖာဘရီဂတ်စ် ဟာ ကိုမိုအသင်းကို ၂၁ နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေပြိုင်ပွဲကို တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။
ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ၊ အင်တာမီလန်၊ မန်စီးတီး နဲ့ အေစီမီလန်အသင်းတို့ဟာ ဖာဘရီဂတ်စ်နဲ့ ကိုမိုအသင်း တို့ရဲ့ အနာဂတ်ကို စောင့်ကြည့် နေကြတာ ဖြစ်ပါတယ်။
Read more










