သြစတြေးလျနိုင်ငံမှ ဖောက်ထွင်းရယူထားသော ဆေးမှတ်တမ်းများကို အင်တာနက်တွင်ဖေါ်ပြနေခြင်းအား ရပ်တန့် ပေးစေလိုပါက ဒေါ်လာ ၁၀ သန်းပေးရန် ဟက်ကာများက တောင်းဆို

သြစတြေးလျနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ကုမ္ပဏီကြီးတစ်ခုထံမှ ဖောက်ထွင်းရယူထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကျန်းမာရေးမှတ်တမ်းများကို ကွန်ပျူတာဟက်ကာများက အင်တာနက်တွင် ဆက်တိုက် ထုတ်ပြန်ဖော်ပြနေလျှက်ရှိပြီး ထိုသို့ပြုလုပ်နေခြင်းကို ရပ်တန့်ပေးစေလိုပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးရမည်ဟု ယနေ့ ကြာသပတေးနေ့တွင် တောင်းဆိုထားသည်။

Read more

Meta ကုမ္ပဏီမှ ဝန်ထမ်း ၁၁,၀၀၀ လျော့ချ

Facebook ၊ Instagram နဲ့  WhatsApp တို့ကို ပိုင်တဲ့ Meta နည်းပညာကုမ္ပဏီဟာ ဝန်ထမ်းအင်အား ၁၃ ရာခိုင်နှုန်းလောက်ကို လျှော့ချခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ဝန်ထမ်းအင်အား ၈၇,၀၀၀ လောက်ထဲက ဝန်ထမ်း ၁၁,၀၀၀ ကို လျှော့ချခဲ့တာပါ။ ဒါဟာ Meta ကုမ္ပဏီရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် အစုအလိုက် အပြုံလိုက် ဝန်ထမ်းလျော့ချမှု ဖြစ်ပါတယ်။

Read more

မသန်စွမ်းတဲ့သူတွေအတွက် Gym အခမဲ့ဖွင့်ပေးထားတဲ့ အမျိုးသား

ဂျာဗီနို မက်လိန်းက အရင်ကတော့ ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ယောက်ပါ။ အခုတော့ သူက မှတ်ဉာဏ်ချို့ယွင်းတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတွေအတွက် ဟီးရိုးတစ်ယောက်ဖြစ်နေပါတယ်။ ဂျာဗီနိုက သူတို့အတွက် သီးသန့် Gym တစ်ခု ဖွင့်ထားလို့ပါ။ သူဟာ အခကြေးငွေမယူဘဲ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာအောင် ကူညီပေးဖို့ မန်ချက်စတာမြို့မှာ J7 Community Health Center ကို ဖွင့်ခဲ့ပါတယ်။

Read more

မန်ယူအသင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပေါင် ၈၂၀၀၀ ဒဏ်ရိုက်

ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲမှာ ကစားသမားတွေကို ထိန်းချုပ်နိုင်မှုမရှိခဲ့တဲ့ မန်ယူအသင်းကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) စတာလင်ပေါင် ၈၂၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လကယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့လို့ မန်ယူအသင်းသားတွေက ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်ကို ဝိုင်းဝန်ဖိအားပေးခဲ့ကြတာပါ။

ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့ပွဲမှာလည်း တွန်မီနေးက ဘရိုဂျာကို ဆွဲလှဲခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့အပေါ် ဒိုင်လူကြီး အက်သ်ဝဲလ်ကို ဝိုင်းဝန်စောဒက တက်ခဲ့ကြတာပါ။

Read more

ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆု လီဝမ်ဒေါ့စကီး ၂ နှစ်ဆက် ဆွတ်ခူး

ဥရောပရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ၂ နှစ်ဆက်တိုက် ဆွတ်ခူးသွားပါတယ်။

Read more

ဟီးရိုး ကမ္ဘာ့ချဲလင့်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်မည်

အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ ဘဟားမားစ်မှာ ကျင်းပမယ့် ဟီးရိုးကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲကို ဝင်ပြိုင် မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ကျင်းပလာခဲ့တဲ့ ဟီးရိုးကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁ ရက်ကနေ (၄)ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်အနေနဲ့ကတော့ ၂၀၁၉ ခုနှစ် နောက်ပိုင်း အခုပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်မှာဖြစ်ပါတယ်။

Read more

တိုယိုတာက ထိုင်းနိုင်ငံ EV ဈေးကွက်ထဲဝင်ရောက်တော့မည်

တိုယိုတာကုမ္ပဏီသည် အစိုးရထောက်ပံ့ကြေးများအပေါ်အမှီပြုလျက် ထိုင်းနိုင်ငံလျှပ်စစ်ကားဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ကာ ခြေကုပ်ယူနိုင်ရန်ကြိုးစားနေပြီး ထိုင်းနိုင်ငံ၌လျှပ်စစ်ကားများကို စတင်ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင်စတင်မိတ်ဆက်ရောင်းချမည့် bZ4X အမည်ရှိလျှပ်စစ်ကားသည် တိုယိုတာ၏နာမည်ကြီး Lexus အမှတ်တံဆိပ်ဇိမ်ခံကားပြီးနောက် ပထမဆုံးထုတ်လုပ်သည့် လျှပ်စစ်ကားဖြစ်ကြောင်းလည်း သိရှိရသည်။ ဂျပန်၌ထုတ်လုပ်မည့်အဆိုပါလျှပ်စစ်ကားကို ထိုင်းဘတ်ငွေ ၁ ဒသမ ၈၃ သန်း(ဒေါ်လာ ၄၉,၉၀၀) နှင့် ရောင်းချမည်ဖြစ်ပြီး အရောင်ခြောက်မျိုးဖြင့် ထုတ်လုပ်မည်ဟုသိရှိရသည်။

Read more

သင်္ဃန်းကျွန်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သင်္ဃန်းကျွန်းခရိုင် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက် ယနေ့နံနက် ၉:၀၀ နာရီအချိန်က သင်္ဃန်းကျွန်း မြို့နယ် ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

Read more

မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့် ရပ်ကွက်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်။ ။နိုဝင်ဘာ (၉)

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၉.၁၁.၂၀၂၂)နေ့လည်(၂:၀၀) က မြို့နယ် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

Read more

မုဒိတာပရဟိတ လူမှုကူညီရေးအသင်း၏ (၃)နှစ်ပြည့် အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်အားပေး

လားရှိုး နိုဝင်ဘာ ၈

၂၀၂၂ ခုနှစ်၊ နိုဝင်္ဘာလ(၈) ရက်နေ့ နံနက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း ဦးဆောင်သော ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်(၇) ရပ်ကွက်တွင်ရှိသော မုဒိတာပရဟိတ လူမှု့ကူညီရေးအသင်း၏ (၃)နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်အားပေးပြီး ပရဟိတအသင်းအတွက် အလှူငွေများ ချီးမြှင့်ထောက်ပံ့ ပေးခဲ့ကြပါသည်။

Read more