ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပညာသင်စရိတ်နှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများအား ပေးအပ်လှူဒါန်း

ပဲခူး နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီမှ ပညာသင်ကြားနေသော ကျောင်းနေအရွယ်လူငယ်များအား လိုအပ်သည့် ပညာသင်စရိတ် သင်ထောက်ကူပစ္စည်းများအား ပညာသင်နှစ်အစမှစ၍ ကူညီထောက်ပံ့လျှက်ရှိသည်။

Read more

ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့(၁၀.၁၁.၂၀၂၂) နေလည် (၁၁:၀၀)က မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊  ခရိုင်ကော်မတီဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှုးများ တက်ရောက်ခဲ့ကြပါသည်။

Read more

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ် ပါတီဗဟိုညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းခြင်း၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပ

သာကေတ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တတိယအကြိမ် ပါတီဗဟိုညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းခြင်း ၊ PR စနစ် ရွေးကောက်ပွဲဆိုင်ရာ နှီးနှော ဖလှယ်ခြင်းနှင့် သာကေတမြို့နယ် ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်တို့မှ ပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့(၁၀.၁၁.၂၀၂၂)နေ့လည် (၂:၀၀) အချိန်က သာကေတမြို့နယ် ပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

Read more

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦးမှ တိုင်းအတွင်းရှိ မြို့နယ် (၆) မြို့နယ် သို့ ကွင်းဆင်းဆောင်ရွက်

ပဲခူး(အနောက်)၊ နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးအောင်ချိုဦး သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၀၉:၀၀ အချိန်မှ ညနေ ၁၇:၃၀ အချိန်ထိ တိုင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများနှင့်အတူ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်(၆)မြို့နယ်သို့ ကွင်းဆင်းပြီး ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံမှုများအား ဆောင်ရွက်ခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

နိုဝင်ဘာလ ၁၀၊  နေပြည်တော်

နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကူနှစ်လုံး ဆည်စုအုပ်စု ပါတီဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Read more

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန် အသွားအပြန်ခရီးစဉ်ကို နေ့စဉ်ပျံသန်း နေပြီး အမေရိကန်ဒေါ်လာ ၃၉၀ မှ စတင်ဝယ်ယူနိုင်ကြောင်း သတင်းရရှိသည်။  ယင်းပြင်နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက်   အသွားအပြန်ခရီးစဉ်ကိုလည်း နေ့စဉ်ပျံသန်းနေပြီး အမေရိကန် ဒေါ်လာ ၁၅၀ မှ စတင် ရောင်းချပေးနေကြောင်း သိရသည်။

Read more

လျှပ်စစ်ကားများအခွန်ကင်းလွတ်ခွင့်ပြု

ပြည်ပမှတင်သွင်းသည့် လျှပ်စစ်သုံးယာဉ်(BEV)အမျိုးအစားများအတွက်  မြန်မာ့အကောက်ခွန်နှုန်းစာရင်း-၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၉၀^၂၀၂၂အရ သိရသည်။

Read more

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၆၁) ဦး တွေ့ရှိ

။ (၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၀၆၄) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၁) ရာခိုင်နှုန်း ရှိပါသည်။

Read more

အရှေ့တောင်အာရှတွင် တလအတွင်းထိပ်သီးအစည်းအဝေးကြီး ၃ခုရှိ

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုဖြစ်​နေ​သောအခြေအနေတွင် အာဆီယံ၊ G-20 နှင့် APEC ထိပ်သီးအစည်းအဝေးများကိုအ​ရှေ့​တောင်အာရှတွင်ကျင်းပမည်ဖြစ်သည်။

မြန်မာ၊ထိုင်ဝမ်နှင့်ယူကရိန်းကဲ့သို့ပြသနာများအပြင် အင်အားကြီးနိုင်ငံများအားပြိုင်မူ​ကြောင့် ပိုလာရိုင်ဇေးရှင်း ကြီးထွားလာ​နေသည့်အ​ခြေအ​နေမျိုးတွင် အစည်း​ဝေး တက်​ရေးမတက်​ရေးများကလည်း အ​တော်စဉ်စားကြရသည့် ကိစ္စဖြစ်သည်။

Read more

အမေရိကန်နဲ့ တရုတ်သမ္မတ G20 မှာ သီးသန့်တွေ့မည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျဉ်တို့ဟာ လာမယ့် တနင်္လာနေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့် စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ G20 အဖွဲ့အစည်းအဝေးမှာ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ (Act. Jake Sullivan, National Security Council adviser)

Read more