Author: USDP 2016
ပထမဆုံးအမျိုးသမီး IOC ဥက္ကဋ္ဌအဖြစ် ဇင်ဘာဘွေရေကူးမယ်ဟောင်း ကိုဗင်ထရီ ကိုရွေးချယ်

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌအဖြစ် ဇင်ဘာဘွေရေကူးအားကစားမယ် ဟောင်း ကာစတီ ကိုဗင်ထရီ ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
မတ်လ ၂၀ ရက်က ဂရိနိုင်ငံမှာ ကျင်းပတဲ့ (၁၄၄) ကြိမ်မြောက် IOC အစည်းအဝေးမှာ ဥက္ကဋ္ဌရွေးကောက်ပွဲ အတွက် မဲပေးမှုပြုလုပ်ခဲ့ပြီး အသက် ၄၁ နှစ်ရှိပြီဖြစ်သူ ကိုဗင်ထရီ က ပြိုင်ဘက်ဖြစ်သူ အမျိုးသားကိုယ်စားလှယ် ခြောက်ဦးကိုကျော်ဖြတ်ကာ မဲအများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။
Read moreစပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူမည်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင်ဆန်စက်ကြီးများနှင့် ညှိနှိုင်းပေါင်းစပ်ကာ စပါးတင်း သိန်း ၁၅၀ နှင့် ဧည့်မထဆန်အိတ် ၄ သိန်း ဝယ်ယူရေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလမှာ ဆောင်ရွက် သွားမှာဖြစ်ကြောင်း မတ်လ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။
Read moreကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်မယ့် ဒန့်သလွန်သီး

ဒန့်သလွန်သီးကလည်း လူတော်တော်များများကြိုက်နှစ်သက်ကြတဲ့ ဟင်းသီးဟင်းရွက်ပါပဲ။ ဒန့်သလွန်သီးက အာဟာရဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင် သင့်ကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်စေပါတယ်။ ကျွန်တော်တို့ ဒန့်သလွန်သီးကို စားသုံးဖြစ်တဲ့ပုံစံက ပဲကုလားဟင်းအနေနဲ့ ချက်စားဖြစ်ကြတာပါ။ အရည်သောက်အနေနဲ့ချက်စားဖြစ်တာများပါတယ်။ ဒန့်သလွန်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးကို မပြောပြခင်မှာ အာဟာရဓာတ် ဘယ်လောက်ပမာဏပါဝင်တယ်ဆိုတာကို အရင်ဆုံးမျှဝေပေးပါမယ်။
Read moreနည်းပြ သီယာဂိုမော့တာကို ဂျူဗင်တပ်အသင်း ရာထူးက ထုတ်ပယ်

ဂျူဗင်တပ်စ်အသင်းက နည်းပြ သီယာဂိုမော့တာ ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး အသင်းကစားသမားဟောင်း ဖြစ်သူ တူဒေါ့ ကို အစားထိုးခန့်အပ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
လက်ရှိရာသီမှာ ဂျူဗင်တပ်စ်အသင်းက ရလဒ်တွေဆိုးရွားနေတာကြောင့် နည်းပြဖြစ်သူ သီယာဂိုမော့တာ ကို ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ သီယာဂိုမော့တာ လက်ထက် ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် (၅) မှာရပ်တည်နေပြီး အခြားဆုဖလားပွဲစဉ်တွေကနေ ထွက်ခွာနေခဲ့ရတာ ဖြစ်ပါတယ်။
Read moreရုရှားနိုင်ငံအပေါ် အီးယူကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကို ထိခိုက် စေလျက်ရှိဟုဆို

ရုရှားနိုင်ငံအပေါ် အီးယူအဖွဲ့ကချမှတ်သည့် ကန့်သတ်ပိတ်ဆို့မှုများသည် တဖြည်းဖြည်းအဓိပ္ပာယ်မဲ့လာပြီး ယင်းလုပ်ဆောင်ချက်များသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ဓားဖြင့်ထိုးသကဲ့သို့ ထိခိုက်စေလျက်ရှိသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆစ်ဂျာတိုက ပြောကြားလိုက်သည်။
ယူကရိန်းပဋိပက္ခအား အဆုံးသတ်စေရန်နှင့် ရုရှားစီးပွားရေးတည်ငြိမ်မှုပျက်ပြားစေရန် အဓိကပစ်မှတ် ထားလုပ်ဆောင်သည့် အီးယူအဖွဲ့ ၏ကန့်သတ်မှုများသည် အောင်မြင်မှုမရှိကြောင်း ဆစ်ဂျာတို က RT သတင်းဌာန နှင့် မတ်လ ၂၂ ရက်တွင် လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်း ခန်းတစ်ခု၌ ပြောကြားခြင်း ဖြစ်သည်။
Read moreအမြန်လမ်းယာဉ်ရပ်နားစခန်းမှာ EV လျှပ်စစ်ဓာတ်အားသွင်းရုံတစ်ခု ထပ်မံဖွင့်လှစ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့ ဘောနတ်ကြီးလမ်းဆုံရှိ (၃၉) မိုင် ယာဉ်ရပ်နားစခန်းမှာ EV ကားများ အတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို မတ်လ ၂၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ EV ကားများအတွက် လျှပ်စစ်ဓာတ်အားသွင်းရုံကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများတက်ရောက် ဖွင့်လှစ်ပေးခဲ့ကြပြီး ဒုတိယ ဝန်ကြီး ဦးဝင်းဖေမှ နိုင်ငံအတွင်း လျှပ်စစ်ကားများကို ပိုမိုသုံးစွဲလာနိုင်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာ ဆီတင်သွင်းမှုအား လျော့ချသုံးစွဲ နိုင်ပြီး နိုင်ငံအတွက် ကြီးမားသည့်အကျိုးကျေးဇူးဖြစ်၍ လျှပ်စစ်ကားပြေးဆွဲမှုပိုမို တွင်ကျယ်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုသည်ဟု ပြောကြားခဲ့ပါတယ်။
Read moreယူအေအီးတွင် တောင်းစားသူများဖမ်းဆီးနေ

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များ၏ ရာမာဒါန်ဥပုသ်လအတွင်း လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများအား ဖမ်းဆီးနေကြောင်းသိရသည်။
ရာမာဒါန်ဥပုသ်လ ပထမလဝက်အတွင်း တောင်းရမ်းစားသောက်သူ ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
တောင်းရမ်းစားသောက်သူများသည် ဝင်ငွေ အများအပြားရနေပြီး လူစည်ကားရာလမ်းမများတွင် ဆုတောင်းသူများအတွက် ရှုပ်ထွေးစေသောကြောင့် ဖမ်းဆီးအရေးယူရခြင်းဖြစ်ကြောင်းသိရသည်။
Read moreဂျပန်သို့ အလုပ်သမားစေလွှတ်ရာတွင် အေဂျင်စီတစ်ခုကို ၁၅ ဦးသာခွင့်ပြု

MoU နစ်ဖြင့် ဂျပန်နိုင်ငံသို့ အလုပ်သမားစေလွှတ်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုစီအား တစ်လလျှင် အလုပ်သမား ၁၅ ဦးသာ တင်ပြစေလွှတ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။
ယခင်က ဂျပန်လုပ်ငန်းရှင်များ၏ အလုပ်သမားခေါ်စာ (Demand Letter)ပါ အလုပ်သမားဦးရေအတိုင်း အကန့်အသတ်မရှိ တင်ပြစေလွှတ်နိုင်ခဲ့သော်လည်း ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းကြောင့် အေဂျင်စီတစ်ခုလျှင် တစ်လအလုပ်သမား ၁၅ ဦးသာ စေလွှတ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အလုပ်ခေါ်စာ တစ်စောင်လျှင် ၁၅ ဦးထက်မပိုစေရန်နှင့် တစ်လလျှင်တစ်ကြိမ်သာတင်ပြရန်ညွှန်ကြားထားပြီးစာချုပ်ချုပ်ဆိုသည့်ရက်မတိုင်မီ ရက်သတ္တတစ်ပတ်ကြိုတင်၍ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်မတိုင်ခင် အလုပ်သမားခေါ်စာ (Demand Letter)တင်ပြထားသည့်အေဂျင်စီများမှာလည်း လူဦးရေ ၁၅ ဦးထက်ပိုနေပါက မတ် ၂၅ ရက်တွင် ပြင်ဆင်တင်ပြရန် ညွှန်ကြားထားပြီး ဂျပန်နိုင်ငံ၏အလုပ်ခေါ် စာအသစ်များအား မေ ၂ ရက်တွင် ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မာဆာကီနိုအီရီက လက်ရှိချန်ပီယံ တာဝမ်ချိုင်းကို အနိုင်ယူပြီး ချန်ပီယံခါးပတ်သိမ်းပိုက်


ONE 172 ၏ ဖယ်သာဝိတ်တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံရှစ်ပွဲစဉ်တွင် ဂျပန်ကစားသမား မာဆာကီနိုအီရီက လက်ရှိချန်ပီယံ တာဝမ်ချိုင်းကို တတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူခဲ့ကာ Interim ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။
နိုအီရီ(၃၁ နှစ်)အနေဖြင့် ONE လက်အောက်တွင် လေးပွဲထိုးသတ်ရန် နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးမှတ်တမ်း ရရှိခဲ့ပြီး နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။
Read more








