ယူကရိန်းသည် နေတိုးအဖွဲ့ဝင်အဖြစ် ထိုက်တန်သည်ဟု တူရကီသမ္မတ က ပြောကြား

ဇူလိုင် ၉

လာမည့်သီတင်းပတ်တွင် လစ်သူယေးနီးယားတွင်ကျင်းပမည့် အဓိကထိပ်သီးအစည်း အဝေးမတိုင်မီ အခြားနိုင်ငံများမှ မဟာမိတ်အဖွဲ့ဝင်ဖြစ်ရန် ပြတ်သားသောလမ်းကြောင်းကို ကိယက်ဗ်က ဆက်လက်တောင်းဆိုနေသဖြင့် ယူကရိန်းသည် နေတိုးအဖွဲ့ဝင်ရန် ထိုက်တန်ကြောင်း တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က ပြောကြားခဲ့သည်။

စနေနေ့က အစ္စတန်ဘူလ်တွင် ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးနှင့် တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အာဒိုဂန်က အန်ကာရာသည် ကိယက်ဗ်နှင့် စည်းလုံးညီညွတ်မှုကို ပြသခဲ့ပြီး ခိုင်မာသောအကူအညီများ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပါတီဥက္ကဋ္ဌ တက်ရောက်

ဇူလိုင် ၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပါတီဌာနချုပ်ဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

စစ်ပွဲအတွင်း ဗုံးအကြွင်းအကျန်များဖြင့် ရုန်းကန်နေရသည့် ကမ္ဘောဒီးယားနိုင်ငံက အနောက်အုပ်စု နှင့် ယူကရိန်းကို Cluster ဗုံးအမျိုးအစားများ အသုံးမပြုကြရန် တိုက်တွန်းခဲ့

Read more

ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများအတွက် မျိုးစပါး ၁၄၀၀၀ တင်းအား တတိယအကြိမ်ပို့ဆောင်

“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်မှတောင်သူလယ်သမားများ မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရန် မျိုးစပါး ၁၄၀၀၀ တင်းအား ဇူလိုင် ၈ ရက်က တတိယအကြိမ်အဖြစ် ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊မော်ကျွန်းနှင့်ဖျာပုံမြို့တို့မှ ဝယ်ယူခဲ့သည့် ပေါ်ဆန်းရင်မျိုးစပါး ၁၄၀၀၀ တင်းအား တပ်မတော်မော်တော်ယာဉ် ၆၃ စီးဖြင့်တင်ဆောင်၍ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မျိုးစပါးများကို ကူညီတင်ဆောင် ပေးခဲ့ကြကာ ရခိုင်ပြည်နယ်သို့ ရောက်ရှိသည့် မျိုးစပါးများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိကြောင်း သိရသည်။
“မိုခါ”မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက်လိုအပ်သည့် မျိုးစပါးများအား အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနမှ တင်ပို့ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၇/၂၀၂၃) ပြုလုပ်

ဇူလိုင် ၅၊ နေပြည်တော်

Read more

ဗီယက်နမ် အမျိုးသားကာကွယ်ရေး ဒုဝန်ကြီး နှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့က ရုရှားနိုင်ငံတွင် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြပြီး ဗီယက်နမ် -ရုရှား ဘတ်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးများ ပိုမိုအားကောင်းလာစေရန် ဆွေးနွေးမှုများပြု လုပ်ခဲ့

ဇူလိုင် ၇

ဗီယက်နမ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေး ဒုဝန်ကြီး အထက်လွှတ်တော်အမတ် ဒုဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး Hoang Xuan Chien က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဇူလိုင် ၅ ရက်မှ ၇ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များက ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် ရောက်ရှိ နေကြတာလည်းဖြစ်ပါတယ်။

Read more

ကင်ဆာဝေဒနာရှင်အတွက် သွားရောက် ထောက်ပံ့

လားရှိး ဇူလိုင် ၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးတန်ဂွန်းနှင့် လားရှိးခရိုင်ဘဏ္ဍာရေးမှူး ဦးခင်အောင်ဆွေတို့သည် ၂၀၂၃ ခုနှစ်၊ဂျူလိုင်လ(၅)ရက်နေ့တွင်၊ ကင်ဆာရောဂါဝေဒနာ အပြင်းအထန်ခံစားနေရသော ပြည်နယ်ပါတီရုံးအကူ+ယာဉ်မောင်းဖြစ်သူ ဦးမောင်တူး၏ ဇနီးအား ၄င်း၏နေအိမ်သို့ သွားရောက်ကြည့်ရှု၍ ဆေးဝါးကုသစရိတ်ကျပ်(၁၁၀ဝ၀ဝ) ကျပ်ကိုသွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


Read more

မယ်စဲ့ဒေသမှ စစ်ဘေးရှောင် ပြည်ခိုင်ဖြိုးပါတီဝင်မိသားစုများအား သွားရောက်တွေ့ဆုံအားပေး

တောင်ကြီး ဇူလိုင် ၎
ရှမ်းပြည်နယ်တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် ခေတ္တအတွင်းရေးမှူး ဦးစိန်လေးမောင်တို့သည် ကယားပြည်နယ် မယ်စဲ့မြိုနယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးစိုင်းနှင်းဝေတို့အပါ မိသားစု (၂)စုအား တာချီလိတ်မြိုမှ တဆင့် တောင်ကြီးမြိုသို့ အစိုးရအစီအစဉ်ဖြင့် အောင်မြေသာစည် ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြောင်း သိရှိရသဖြင့် သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ကူညီထောက်ပံ့မှုများ ပေးခဲ့ပါသည်။

Read more

မိုင်းဖြတ်ပါတီ လူငယ်အဖွဲ့ဝင်များ ရေကြီးရေလျှံသည့်နေရာသို့ သွားရောက်ကူညီ

မိုင်းဖြတ်၊ ဇူလိုင် ၆
မိုင်းဖြတ်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ ၊ လူငယ်အဖွဲခေါင်းဆောင် ဦးစိုင်းဆေးနော်နှင့် လူငယ်များမှ ( ၅-၇-၂၀၂၃) ရက်နေ့၊( ၁၃၀၀)နာရီမှစပြီး သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် မြိုတွင်း ရေနုတ် မြောင်းများပိတ်ဆိုကာ ဈေးတန်းရပ်ကွက်၊ ၀မ်ဟွေရပ်ကွက်၊ ဟိုနားရှမ်း၊ ဟိုနားစောမွန်ရွာတို၌ ရေကြီးရေလျှံခြင်းများကြောင့် လမ်းသွား လမ်းလာပြုနေသည့် ကျောင်းကြိုပိုကားများ၊ မော်တော် ဆိုင်ကယ်များအခက်အခဲကို ကူညီပေးရန် ရေကြီးရေလျှံ ရာနေရာများသို့ သွားရောက်ကာ ရေမြောင်းများ ဖော်ပေးခြင်း အမှိက်များရှင်လင်းပေးခဲ့ကြောင်း သိရှိရပါသည်။

Read more