အေမရိကန္တစ္ဝန္း “No Kings” အမည္ရွိ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား က်င္းပ၊ မင္နီဆိုးတားျပည္နယ္တြင္ လူထုအင္အားအမ်ားဆုံး စုေဝးအေမရိကန္တစ္ဝန္း “No Kings” အမည္ရွိ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား က်င္းပ၊ မင္နီဆိုးတားျပည္နယ္တြင္ လူထုအင္အားအမ်ားဆုံး စုေဝး

အေမရိကန္တစ္ဝန္း “No Kings” အမည္ရွိ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား က်င္းပ၊ မင္နီဆိုးတားျပည္နယ္တြင္ လူထုအင္အားအမ်ားဆုံး စုေဝးအေမရိကန္တစ္ဝန္း “No Kings” အမည္ရွိ အစိုးရဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား က်င္းပ၊ မင္နီဆိုးတားျပည္နယ္တြင္ လူထုအင္အားအမ်ားဆုံး စုေဝး

===============================

မတ္ ၂၉
သမၼတ ထရန႔္အစိုးရ၏ မူဝါဒမ်ားကို ဆန႔္က်င္သည့္ အေနျဖင့္ “No Kings” (ရွင္ဘုရင္မ်ား မရွိေစရ) ဟု အမည္ေပးထားေသာ တတိယအေက်ာ့ ဆႏၵျပပြဲမ်ားကို စေနေန႔က အေမရိကန္တစ္ဝန္းရွိ ၿမိဳ႕ႀကီးမ်ားတြင္ တစ္ၿပိဳင္နက္ က်င္းပခဲ့ၾကသည္။​     ယခုဆႏၵျပပြဲ၏ အဓိကအက်ဆုံး လူထုစုေဝးပြဲကို မင္နီဆိုးတားျပည္နယ္၊ စိန႔္ေပါလ္ (St. Paul) ၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည္။ အဆိုပါေနရာသည္ ယခုေဆာင္းရာသီအတြင္းက လူဝင္မႈႀကီးၾကပ္ေရး အဖမ္းအဆီး စစ္ဆင္ေရးျပဳလုပ္စဥ္ အေမရိကန္ႏိုင္ငံသား ႏွစ္ဦး ေသဆုံးခဲ့သည့္ ေနရာလည္း ျဖစ္သည္။​     အေမရိကန္သမိုင္းတြင္ “အႀကီးမားဆုံးေသာ အၾကမ္းမဖက္ လႈပ္ရွားမႈေန႔” ျဖစ္လာလိမ့္မည္ဟု ပြဲစီစဥ္သူမ်ားက ခန႔္မွန္းထားၾကၿပီး အေမရိကန္ျပည္ ေထာင္စုႏွင့္ ကမာၻတစ္ဝန္းရွိ ၿမိဳ႕ႀကီးမ်ားတြင္ လူေပါင္းသန္းခ်ီ၍ စုေဝးၾကလိမ့္မည္ဟု ေမွ်ာ္လင့္ထားၾကသည္။
အေမရိကန္ျပည္ေထာင္စု၏ ျပည္နယ္ ၅၀ လုံးႏွင့္ ၿမိဳ႕ႀကီးမ်ားတြင္ ခ်ီတက္ပြဲေပါင္း ၃,၂၀၀ ေက်ာ္ကို စီစဥ္က်င္းပခဲ့ၾကသည္။ ဆႏၵျပျပည္သူမ်ားသည္ သမၼတထရန႔္၏ အီရန္ႏွင့္စစ္ပြဲကို ကိုင္တြယ္ပုံ၊ ျမင့္တက္လာေသာ ေလာင္စာဆီေဈးႏႈန္းမ်ားႏွင့္ အစိုးရ ၏ အစု လိုက္အၿပဳံလိုက္ ျပည္ႏွင္ဒဏ္ေပးေရး အစီ အစဥ္မ်ားအေပၚ ၎တို႔၏ မေက်နပ္ခ်က္မ်ားကို အသံထုတ္ေဖာ္ခဲ့ၾကသည္။​     ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားတြင္ ဆႏၵျပသူ ေသာင္းႏွင့္ခ်ီ၍ ၿငိမ္းခ်မ္းစြာ စုေဝးခဲ့ၾကၿပီး ဖမ္းဆီးထိန္းသိမ္းခံရသူ မရွိခဲ့ေသာ္လည္း အခ်ိဳ႕ေသာေနရာမ်ားတြင္မူ ဆႏၵ ျပပြဲမ်ားမွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့သည္။​     မင္နီဆိုးတားျပည္နယ္၊ စိန႔္ေပါလ္ (St. Paul) ၿမိဳ႕ကို ဆႏၵျပပြဲ၏ ဗဟိုခ်က္အျဖစ္ ေ႐ြးခ်ယ္ရျခင္းမွာ ထူးျခားေသာ အဓိပၸာယ္ရွိသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီ လအတြင္းက ဖက္ဒရယ္လူဝင္မႈႀကီးၾကပ္ေရး အဖမ္း အဆီး စစ္ဆင္ေရးတစ္ခုအတြင္း အေမရိကန္ႏိုင္ငံ သားႏွစ္ဦးျဖစ္သည့္ အဲလက္စ္ ပရက္တီ (Alex Pretti) ႏွင့္ ရီေနး ဂြတ္ဒ္ (Renee Good) တို႔ ေသဆုံးခဲ့မႈေၾကာင့္ Twin Cities ေဒသသည္ တင္းမာမႈမ်ား ျမင့္တက္ေနသည့္ ေနရာျဖစ္သည္။ အဆိုပါျဖစ္စဥ္သည္ ဆႏၵျပသူမ်ားႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအေပၚ အစိုးရ၏ ကိုင္တြယ္ပုံ နည္းဗ်ဴဟာမ်ားအေပၚ ျပင္း ထန္ေသာ ေဝဖန္ကန႔္ကြက္မႈမ်ားကို ျဖစ္ေပၚေစခဲ့သည္။
စေနေန႔က စိန႔္ေပါလ္ၿမိဳ႕တြင္ ျပဳလုပ္ေသာ လူထုစုေဝးပြဲ၌ မင္နီဆိုးတားအုပ္ခ်ဳပ္ေရးမႉး တင္မ္ ေဝါ့ဇ္ (Tim Walz) က အစိုးရ၏ လူဝင္မႈႀကီးၾကပ္ေရး အင္အားသုံးႏွိမ္နင္းမႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္သည္။ ၎က “ကြၽန္ေတာ့္ျပည္နယ္က ျပည္သူေတြဟာ ဒီေနရာမွာ သူတို႔(အစိုးရ) ဘာေတြလုပ္ခဲ့သလဲဆိုတာကို ဘယ္ေတာ့မွ ေမ့မွာမဟုတ္ဘူး” ဟု ေႂကြး ေၾကာ္သံမ်ား ဆူညံေနသည့္ လူအုပ္ႀကီးကို ေျပာၾကားခဲ့သည္။
ပထမဆုံးအႀကိမ္ “No Kings” ဆႏၵျပပြဲကို ၂၀၂၅ ခုႏွစ္၊ ဇြန္လအတြင္းက က်င္းပခဲ့ျခင္းျဖစ္သည္။ ယင္းမွာ သမၼတထရန႔္၏ ေမြးေန႔တြင္ ဝါရွင္တန္ဒီစီ၌ စစ္ ေရးျပအခမ္းအနား က်င္းပရန္ ဆုံးျဖတ္ခ်က္အေပၚ မေက်နပ္ၾကသျဖင့္ စတင္ေပၚေပါက္လာျခင္း ျဖစ္သည္။
“No Kings” လႈပ္ရွားမႈ စတင္ေပၚေပါက္လာခ်ိန္ကတည္းက ပြဲစီစဥ္သူမ်ားသည္ အၾကမ္းမဖက္ေရးမူဝါဒကိုသာ အစဥ္တစိုက္ လိုက္နာက်င့္သုံးရန္ ေဟာ ေျပာစည္း႐ုံးခဲ့ၾကသည္။ အေမရိကန္တစ္ဝန္းရွိ ၿမိဳ႕ႀကီးမ်ားတြင္ ဖက္ဒရယ္ေအးဂ်င့္ (Federal Agents) အေျမာက္အျမား ျဖန႔္ၾကက္ထားၿပီး ဟန႔္တားႏွိမ္နင္းမႈမ်ားႏွင့္ ရင္ဆိုင္ရႏိုင္ေသာ္လည္း၊ စေနေန႔တြင္ ဆႏၵျပသူမ်ားအေနျဖင့္ ၿငိမ္းခ်မ္းစြာသာ ဆက္လက္လုပ္ ေဆာင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ၎တို႔က ေျပာၾကားခဲ့သည္။
စေနေန႔က တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ျပဳလုပ္ခဲ့သည့္ “No Kings” ဆႏၵျပပြဲမ်ားႏွင့္ ပတ္သက္၍ မွတ္ခ်က္ေပးရန္ ေတာင္းဆိုမႈကို အိမ္ျဖဴေတာ္ ေျပာ ေရးဆိုခြင့္ရွိသူ အဘီေဂးလ္ ဂ်က္ဆင္ (Abigail Jackson) က  “ဒီ ‘ထရန႔္ေၾကာင့္ စိတ္ေနာက္ေနသူေတြရဲ႕ ကုထုံးသင္တန္း (Trump Derangement Therapy Sessions)’ ေတြကို စိတ္ဝင္တစားရွိေနတဲ့သူဆိုလို႔ ဒီသတင္းကို လိုက္ေရးဖို႔ အခေၾကးေငြရေနတဲ့ သတင္း ေထာက္ေတြပဲ ရွိပါတယ္” ဟု ၎က ေလွာင္ ေျပာင္ေျပာၾကားခဲ့သည္။


အမေရိကန်တစ်ဝန်း “No Kings” အမည်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပ၊ မင်နီဆိုးတားပြည်နယ်တွင် လူထုအင်အားအများဆုံး စုဝေး
===============================
မတ် ၂၉

သမ္မတ ထရန့်အစိုးရ၏ မူဝါဒများကို ဆန့်ကျင်သည့် အနေဖြင့် “No Kings” (ရှင်ဘုရင်များ မရှိစေရ) ဟု အမည်ပေးထားသော တတိယအကျော့ ဆန္ဒပြပွဲများကို စနေနေ့က အမေရိကန်တစ်ဝန်းရှိ မြို့ကြီးများတွင် တစ်ပြိုင်နက် ကျင်းပခဲ့ကြသည်။

ယခုဆန္ဒပြပွဲ၏ အဓိကအကျဆုံး လူထုစုဝေးပွဲကို မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ် (St. Paul) မြို့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါနေရာသည် ယခုဆောင်းရာသီအတွင်းက လူဝင်မှုကြီးကြပ်ရေး အဖမ်းအဆီး စစ်ဆင်ရေးပြုလုပ်စဉ် အမေရိကန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့သည့် နေရာလည်း ဖြစ်သည်။

အမေရိကန်သမိုင်းတွင် “အကြီးမားဆုံးသော အကြမ်းမဖက် လှုပ်ရှားမှုနေ့” ဖြစ်လာလိမ့်မည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းထားကြပြီး အမေရိကန်ပြည် ထောင်စုနှင့် ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် လူပေါင်းသန်းချီ၍ စုဝေးကြလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၅၀ လုံးနှင့် မြို့ကြီးများတွင် ချီတက်ပွဲပေါင်း ၃,၂၀၀ ကျော်ကို စီစဉ်ကျင်းပခဲ့ကြသည်။ ဆန္ဒပြပြည်သူများသည် သမ္မတထရန့်၏ အီရန်နှင့်စစ်ပွဲကို ကိုင်တွယ်ပုံ၊ မြင့်တက်လာသော လောင်စာဆီဈေးနှုန်းများနှင့် အစိုးရ ၏ အစု လိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေး အစီ အစဉ်များအပေါ် ၎င်းတို့၏ မကျေနပ်ချက်များကို အသံထုတ်ဖော်ခဲ့ကြသည်။

မြို့ကြီးအတော်များများတွင် ဆန္ဒပြသူ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ စုဝေးခဲ့ကြပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ မရှိခဲ့သော်လည်း အချို့သောနေရာများတွင်မူ ဆန္ဒ ပြပွဲများမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ် (St. Paul) မြို့ကို ဆန္ဒပြပွဲ၏ ဗဟိုချက်အဖြစ် ရွေးချယ်ရခြင်းမှာ ထူးခြားသော အဓိပ္ပာယ်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ လအတွင်းက ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အဖမ်း အဆီး စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်နိုင်ငံ သားနှစ်ဦးဖြစ်သည့် အဲလက်စ် ပရက်တီ (Alex Pretti) နှင့် ရီနေး ဂွတ်ဒ် (Renee Good) တို့ သေဆုံးခဲ့မှုကြောင့် Twin Cities ဒေသသည် တင်းမာမှုများ မြင့်တက်နေသည့် နေရာဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် ဆန္ဒပြသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် အစိုးရ၏ ကိုင်တွယ်ပုံ နည်းဗျူဟာများအပေါ် ပြင်း ထန်သော ဝေဖန်ကန့်ကွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

စနေနေ့က စိန့်ပေါလ်မြို့တွင် ပြုလုပ်သော လူထုစုဝေးပွဲ၌ မင်နီဆိုးတားအုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) က အစိုးရ၏ လူဝင်မှုကြီးကြပ်ရေး အင်အားသုံးနှိမ်နင်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ ၎င်းက “ကျွန်တော့်ပြည်နယ်က ပြည်သူတွေဟာ ဒီနေရာမှာ သူတို့(အစိုးရ) ဘာတွေလုပ်ခဲ့သလဲဆိုတာကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” ဟု ကြွေး ကြော်သံများ ဆူညံနေသည့် လူအုပ်ကြီးကို ပြောကြားခဲ့သည်။

ပထမဆုံးအကြိမ် “No Kings” ဆန္ဒပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းမှာ သမ္မတထရန့်၏ မွေးနေ့တွင် ဝါရှင်တန်ဒီစီ၌ စစ် ရေးပြအခမ်းအနား ကျင်းပရန် ဆုံးဖြတ်ချက်အပေါ် မကျေနပ်ကြသဖြင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“No Kings” လှုပ်ရှားမှု စတင်ပေါ်ပေါက်လာချိန်ကတည်းက ပွဲစီစဉ်သူများသည် အကြမ်းမဖက်ရေးမူဝါဒကိုသာ အစဉ်တစိုက် လိုက်နာကျင့်သုံးရန် ဟော ပြောစည်းရုံးခဲ့ကြသည်။ အမေရိကန်တစ်ဝန်းရှိ မြို့ကြီးများတွင် ဖက်ဒရယ်အေးဂျင့် (Federal Agents) အမြောက်အမြား ဖြန့်ကြက်ထားပြီး ဟန့်တားနှိမ်နင်းမှုများနှင့် ရင်ဆိုင်ရနိုင်သော်လည်း၊ စနေနေ့တွင် ဆန္ဒပြသူများအနေဖြင့် ငြိမ်းချမ်းစွာသာ ဆက်လက်လုပ် ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

စနေနေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည့် “No Kings” ဆန္ဒပြပွဲများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို အိမ်ဖြူတော် ပြော ရေးဆိုခွင့်ရှိသူ အဘီဂေးလ် ဂျက်ဆင် (Abigail Jackson) က “ဒီ ‘ထရန့်ကြောင့် စိတ်နောက်နေသူတွေရဲ့ ကုထုံးသင်တန်း (Trump Derangement Therapy Sessions)’ တွေကို စိတ်ဝင်တစားရှိနေတဲ့သူဆိုလို့ ဒီသတင်းကို လိုက်ရေးဖို့ အခကြေးငွေရနေတဲ့ သတင်း ထောက်တွေပဲ ရှိပါတယ်” ဟု ၎င်းက လှောင် ပြောင်ပြောကြားခဲ့သည်။