အေရွ႕ေတာင္အာရွႏိုင္ငံအားလုံးနီးပါး ႐ုရွားထံမွ စြမ္းအင္ဝယ္ယူရန္ ဆက္သြယ္မႈမ်ားျပဳလုပ္လာဟုဆို

အေရွ႕ေတာင္အာရွႏိုင္ငံအားလုံးနီးပါး ႐ုရွားထံမွ စြမ္းအင္ဝယ္ယူရန္ ဆက္သြယ္မႈမ်ားျပဳလုပ္လာဟုဆို
========================
အေရွ႕ေတာင္အာရွႏိုင္ငံအားလုံးနီးပါးသည္ အေရွ႕အလယ္ပိုင္းေဒသ၌ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ႐ုရွားႏိုင္ငံမွ စြမ္းအင္ဝယ္ယူရန္ ဆက္သြယ္မႈမ်ားျပဳလုပ္လာေၾကာင္း ႐ုရွားစြမ္းအင္ဒုတိယဝန္ႀကီး ႐ိုမန္မာရွာဗင္က မတ္လ ၂၅ ရက္တြင္ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ အေမရိကန္ႏွင့္အစၥေရးတို႔က အီရန္ႏိုင္ငံရွိပစ္မွတ္မ်ားကိုတိုက္ခိုက္မႈေၾကာင့္ အျပန္အလွန္တုံ႔ျပန္မႈမ်ား ျပင္းထန္လာရာ အေရွ႕အလယ္ပိုင္းရွိ အေမရိကန္ စစ္စခန္းမ်ားလည္း တိုက္ခိုက္ခံခဲ့ရသည္။
ယင္းပဋိပကၡမ်ားေၾကာင့္ ကမာၻ႔ေရနံႏွင့္သဘာဝဓာတ္ေငြ႕တင္ပို႔ရာ အဓိကလမ္းေၾကာင္းျဖစ္သည့္ ေဟာ္မုေရလက္ၾကား၌ သေဘၤာမ်ားသြားလာမႈ ရပ္တန႔္သြားကာ ေဒသတြင္း ေရနံထုတ္လုပ္မႈႏွင့္ တင္ပို႔မႈမ်ား ထိခိုက္ခဲ့ရသည္။ ထို႔ေၾကာင့္ အေရွ႕ေတာင္အာရွေဒသရွိ ႏိုင္ငံအမ်ားအျပားက ႐ုရွားမွစြမ္းအင္ကို အစားထိုးအသုံးျပဳရန္ ျပင္ဆင္လာျခင္းျဖစ္သည္။
ထို႔ျပင္ သီရိလကၤာႏိုင္ငံကလည္း ႐ုရွားထံမွ ေရနံႏွင့္ အျခားစြမ္းအင္မ်ားကို ဝယ္ယူရန္ စိတ္ဝင္စားလ်က္ရွိေနၿပီး တင္သြင္းမည့္ ပမာဏကိုမူ အတည္မျပဳႏိုင္ေသးေၾကာင္း ဝန္ႀကီးကေျပာသည္။
ယခုကဲ့သို႔ စြမ္းအင္ေထာက္ပံ့ေရးလမ္းေၾကာင္းမ်ား ျပတ္ေတာက္မႈက တစ္ကမာၻလုံးဆိုင္ရာ စြမ္းအင္ေစ်းကြက္အေပၚ သက္ေရာက္မႈ ရွိၿပီး တစ္ခ်ိန္တည္းမွာပင္ ေဒသတြင္းႏိုင္ငံမ်ားက ႐ုရွားႏိုင္ငံ၏ စြမ္းအင္တင္ပို႔မႈ အခန္းက႑ကို ပိုမိုအေရးပါစြာ ရႈျမင္လာေၾကာင္း သိရသည္။
Ref: Sputnik
အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါး ရုရှားထံမှ စွမ်းအင်ဝယ်ယူရန် ဆက်သွယ်မှုများပြုလုပ်လာဟုဆို
========================
အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးသည် အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ရုရှားနိုင်ငံမှ စွမ်းအင်ဝယ်ယူရန် ဆက်သွယ်မှုများပြုလုပ်လာကြောင်း ရုရှားစွမ်းအင်ဒုတိယဝန်ကြီး ရိုမန်မာရှာဗင်က မတ်လ ၂၅ ရက်တွင်ပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံရှိပစ်မှတ်များကိုတိုက်ခိုက်မှုကြောင့် အပြန်အလှန်တုံ့ပြန်မှုများ ပြင်းထန်လာရာ အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများလည်း တိုက်ခိုက်ခံခဲ့ရသည်။
ယင်းပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် ဟော်မုရေလက်ကြား၌ သင်္ဘောများသွားလာမှု ရပ်တန့်သွားကာ ဒေသတွင်း ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများ ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံအများအပြားက ရုရှားမှစွမ်းအင်ကို အစားထိုးအသုံးပြုရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ထို့ပြင် သီရိလင်္ကာနိုင်ငံကလည်း ရုရှားထံမှ ရေနံနှင့် အခြားစွမ်းအင်များကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိနေပြီး တင်သွင်းမည့် ပမာဏကိုမူ အတည်မပြုနိုင်သေးကြောင်း ဝန်ကြီးကပြောသည်။
ယခုကဲ့သို့ စွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းများ ပြတ်တောက်မှုက တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးကွက်အပေါ် သက်ရောက်မှု ရှိပြီး တစ်ချိန်တည်းမှာပင် ဒေသတွင်းနိုင်ငံများက ရုရှားနိုင်ငံ၏ စွမ်းအင်တင်ပို့မှု အခန်းကဏ္ဍကို ပိုမိုအရေးပါစွာ ရှုမြင်လာကြောင်း သိရသည်။
Ref: Sputnik




