အီရန္စစ္ပြဲသည္ ေနတန္ယာဟု၏ ရွင္သန္ေရးအတြက္ျဖစ္ၿပီး ကမာၻ႔လူဦးေရ ၈ ဘီလီယံက ဒဏ္ခံေနရဟု သမၼတ အာဒိုဂန္ ျပင္းျပင္းထန္ထန္ ေဝဖန္

အီရန္စစ္ပြဲသည္ ေနတန္ယာဟု၏ ရွင္သန္ေရးအတြက္ျဖစ္ၿပီး ကမာၻ႔လူဦးေရ ၈ ဘီလီယံက ဒဏ္ခံေနရဟု သမၼတ အာဒိုဂန္ ျပင္းျပင္းထန္ထန္ ေဝဖန္
=======================
မတ္ ၂၆
တူရကီသမၼတ အာဒိုဂန္သည္ အဂၤါေန႔ (မတ္လ ၂၄ ရက္) က ျပဳလုပ္ခဲ့ေသာ အစိုးရအဖြဲ႕ အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲတြင္ အေရွ႕အလယ္ပိုင္း စစ္ပြဲႏွင့္ ပတ္သက္၍ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုအား ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္လိုက္သည္။
သမၼတ အာဒိုဂန္က ယခုျဖစ္ပြားေနေသာ အီရန္စစ္ပြဲသည္ အစၥေရးႏိုင္ငံ၏ လုံၿခဳံေရးအတြက္ထက္ ဝန္ႀကီး ခ်ဳပ္ ေနတန္ယာဟု၏ ႏိုင္ငံေရးအရ ဆက္ လက္ရွင္သန္ႏိုင္ေရး (War for survival) အတြက္သာ ျဖစ္သည္ဟု တိုက္႐ိုက္စြပ္စြဲခဲ့သည္။
“ၿပီးခဲ့တဲ့ ၂၅ ရက္တာ ကာလအတြင္းမွာ ဒါဟာ အစၥေရးရဲ႕ စစ္ပြဲလို႔ ဆိုၾကေပမယ့္ တကယ္ေတာ့ ကမာၻႀကီးက ဒီအတြက္ ေပးဆပ္ေနရတာပါ။ ဒါဟာ ေနတန္ယာဟုရဲ႕ ရွင္သန္ေရးအတြက္ စစ္ပြဲျဖစ္ၿပီး ကမာၻေပၚက လူဦးေရ ၈ ဘီလီယံက ဒီစစ္ပြဲရဲ႕ ကုန္က်စရိတ္ ဒဏ္ကို ခံေနရတာျဖစ္ပါတယ္” ဟု အာဒိုဂန္က ဆို သည္။
လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡ၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားသည္ ေဒသတစ္ခုတည္းတြင္သာ ကန႔္ သတ္မေနဘဲ “အစၥေရးေၾကာင့္ တစ္ကမာၻလုံးက ရင္း ႏွီးေပး ဆပ္ေနရသည္” ဟု အာဒိုဂန္က ဆိုသည္။ ၎က ယခုစစ္ပြဲေၾကာင့္ တစ္ကမာၻလုံးတြင္ ခံစားေနရသည့္ စီးပြားေရး၊ ႏိုင္ငံေရးႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ႐ိုက္ခတ္မႈမ်ားကို မီးေမာင္းထိုးျပခဲ့ျခင္းျဖစ္သည္။
အေရွ႕အလယ္ပိုင္း ပဋိပကၡေၾကာင့္ အထူးသျဖင့္ ေဟာ္မုဇ္ေရလက္ၾကား (Strait of Hormuz) ပိတ္ဆို႔မႈမ်ားႏွင့္ စြမ္းအင္ေစ်းကြက္ မတည္ၿငိမ္မႈမ်ားေၾကာင့္ တစ္ကမာၻလုံးရွိ စားသုံးသူမ်ားမွာ စက္သုံးဆီေစ်းႏႈန္း ျမင့္တက္မႈႏွင့္ ကုန္ေစ်းႏႈန္းဒဏ္ကို ခံစားေနရျခင္းကို အာဒိုဂန္က ရည္ၫႊန္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။
ေနတန္ယာဟု ဦးေဆာင္ေသာ “လူသတ္ကြန္ရက္” ကို ေဒသတြင္း ၿငိမ္းခ်မ္းေရးႏွင့္ လူသားမ်ိဳးႏြယ္အတြက္ ခ်က္ခ်င္းရပ္တန႔္ရမည္ျဖစ္ၿပီး ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနျဖင့္ ျပတ္သားေသာ ရပ္တည္ ခ်က္ယူရန္ ေတာင္းဆိုခဲ့သည္။
တူရကီႏိုင္ငံအေနျဖင့္ ယခုစစ္ပြဲအတြင္းသို႔ ပါဝင္ပတ္သက္ျခင္း မရွိေစရန္ႏွင့္ “မီးကြင္း” (Ring of Fire) အျပင္ဘက္တြင္သာ ရွိေနေစရန္ အစြမ္းကုန္ ႀကိဳးပမ္းသြားမည္ဟု အာဒိုဂန္က ထပ္ေလာင္း အတည္ျပဳခဲ့သည္။
တူရကီအစိုးရသည္ အေမရိကန္ႏွင့္ အီရန္တို႔အၾကား တင္းမာမႈမ်ား ေလ်ာ့က်ေစရန္အတြက္ ၾကားဝင္ေစ့စပ္ေပးသည့္ အခန္းက႑မွလည္း ပါဝင္ေဆာင္ ႐ြက္ေနေၾကာင္း သိရသည္။
သမၼတ အာဒိုဂန္၏ ေျပာၾကားခ်က္သည္ အစၥေရးအစိုးရအေပၚ တူရကီ၏ အျပင္းထန္ဆုံး ေဝဖန္ခ်က္မ်ားအနက္ တစ္ခုျဖစ္ၿပီး၊ စစ္ပြဲေၾကာင့္ ျဖစ္ေပၚလာသည့္ ကမာၻလုံးဆိုင္ရာ စီးပြားေရး အက်ပ္အတည္းအတြက္ ေနတန္ယာဟုတြင္ တာဝန္ရွိေၾကာင္း သတိေပးေထာက္ျပလိုက္ျခင္း ျဖစ္သည္။
အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ ေနတန္ယာဟုကလည္း အာဒိုဂန္ကို “ဟားမတ္စ္ အၾကမ္းဖက္သမားေတြကို ေထာက္ခံအားေပးေနသူ” လို႔ ယခင္က စြပ္စြဲေလ့ရွိသည္။ ေနတန္ယာဟုက “ကိုယ့္ႏိုင္ငံအတြင္းက ကာ့ဒ္ (Kurd) ႐ြာေတြကို ဗုံးႀကဲေနၿပီး အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္ေနတဲ့ အာဒိုဂန္အေနနဲ႔ အစၥေရးကို လူ႔အခြင့္ အေရးအေၾကာင္း လာေရာက္သင္ၾကားေပးဖို႔ မလိုဘူး” လို႔ ယခင္က ျပင္းျပင္းထန္ထန္ တုံ႔ျပန္ခဲ့ဖူးပါတယ္။
အီရန်စစ်ပွဲသည် နေတန်ယာဟု၏ ရှင်သန်ရေးအတွက်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၈ ဘီလီယံက ဒဏ်ခံနေရဟု သမ္မတ အာဒိုဂန် ပြင်းပြင်းထန်ထန် ဝေဖန်
=======================
မတ် ၂၆
တူရကီသမ္မတ အာဒိုဂန်သည် အင်္ဂါနေ့ (မတ်လ ၂၄ ရက်) က ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အရှေ့အလယ်ပိုင်း စစ်ပွဲနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။
သမ္မတ အာဒိုဂန်က ယခုဖြစ်ပွားနေသော အီရန်စစ်ပွဲသည် အစ္စရေးနိုင်ငံ၏ လုံခြုံရေးအတွက်ထက် ဝန်ကြီး ချုပ် နေတန်ယာဟု၏ နိုင်ငံရေးအရ ဆက် လက်ရှင်သန်နိုင်ရေး (War for survival) အတွက်သာ ဖြစ်သည်ဟု တိုက်ရိုက်စွပ်စွဲခဲ့သည်။
“ပြီးခဲ့တဲ့ ၂၅ ရက်တာ ကာလအတွင်းမှာ ဒါဟာ အစ္စရေးရဲ့ စစ်ပွဲလို့ ဆိုကြပေမယ့် တကယ်တော့ ကမ္ဘာကြီးက ဒီအတွက် ပေးဆပ်နေရတာပါ။ ဒါဟာ နေတန်ယာဟုရဲ့ ရှင်သန်ရေးအတွက် စစ်ပွဲဖြစ်ပြီး ကမ္ဘာပေါ်က လူဦးရေ ၈ ဘီလီယံက ဒီစစ်ပွဲရဲ့ ကုန်ကျစရိတ် ဒဏ်ကို ခံနေရတာဖြစ်ပါတယ်” ဟု အာဒိုဂန်က ဆို သည်။
လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဒေသတစ်ခုတည်းတွင်သာ ကန့် သတ်မနေဘဲ “အစ္စရေးကြောင့် တစ်ကမ္ဘာလုံးက ရင်း နှီးပေး ဆပ်နေရသည်” ဟု အာဒိုဂန်က ဆိုသည်။ ၎င်းက ယခုစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးတွင် ခံစားနေရသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရိုက်ခတ်မှုများကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အထူးသဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုများနှင့် စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများကြောင့် တစ်ကမ္ဘာလုံးရှိ စားသုံးသူများမှာ စက်သုံးဆီစျေးနှုန်း မြင့်တက်မှုနှင့် ကုန်စျေးနှုန်းဒဏ်ကို ခံစားနေရခြင်းကို အာဒိုဂန်က ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
နေတန်ယာဟု ဦးဆောင်သော “လူသတ်ကွန်ရက်” ကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ်အတွက် ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြတ်သားသော ရပ်တည် ချက်ယူရန် တောင်းဆိုခဲ့သည်။
တူရကီနိုင်ငံအနေဖြင့် ယခုစစ်ပွဲအတွင်းသို့ ပါဝင်ပတ်သက်ခြင်း မရှိစေရန်နှင့် “မီးကွင်း” (Ring of Fire) အပြင်ဘက်တွင်သာ ရှိနေစေရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု အာဒိုဂန်က ထပ်လောင်း အတည်ပြုခဲ့သည်။
တူရကီအစိုးရသည် အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ လျော့ကျစေရန်အတွက် ကြားဝင်စေ့စပ်ပေးသည့် အခန်းကဏ္ဍမှလည်း ပါဝင်ဆောင် ရွက်နေကြောင်း သိရသည်။
သမ္မတ အာဒိုဂန်၏ ပြောကြားချက်သည် အစ္စရေးအစိုးရအပေါ် တူရကီ၏ အပြင်းထန်ဆုံး ဝေဖန်ချက်များအနက် တစ်ခုဖြစ်ပြီး၊ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းအတွက် နေတန်ယာဟုတွင် တာဝန်ရှိကြောင်း သတိပေးထောက်ပြလိုက်ခြင်း ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း အာဒိုဂန်ကို “ဟားမတ်စ် အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးနေသူ” လို့ ယခင်က စွပ်စွဲလေ့ရှိသည်။ နေတန်ယာဟုက “ကိုယ့်နိုင်ငံအတွင်းက ကာ့ဒ် (Kurd) ရွာတွေကို ဗုံးကြဲနေပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဒိုဂန်အနေနဲ့ အစ္စရေးကို လူ့အခွင့် အရေးအကြောင်း လာရောက်သင်ကြားပေးဖို့ မလိုဘူး” လို့ ယခင်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ဖူးပါတယ်။



