ရန္ကုန္တိုင္းေဒသႀကီး ယဥ္ေက်းလိမၼာစာေမးပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႈး ဦးေသာင္းေအးသြားေရာက္အားေပး

ရန္ကုန္တိုင္းေဒသႀကီး ယဥ္ေက်းလိမၼာစာေမးပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႈး ဦးေသာင္းေအးသြားေရာက္အားေပး
===============================
ရန္ကုန္ ၊ မတ္ ၂၃

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးသည္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲခ်ဳပ္အပါအဝင္ နယ္စပ္ေတာင္းတန္းေဒသ သာသနာႏုဂၢဟအသင္းရန္ကုန္ (တိုင္းေဒသႀကီး) ႏွင့္ သုံးရာသီလူမႈကူညီေရးအသင္း(ဗဟို)တို႔ ပူးေပါင္းက်င္းပသည့္ ဒုတိယအႀကိမ္ေျမာက္ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္ ယဥ္ေက်းလိမၼာစာေမးပြဲကို သြားေရာက္အားေပးခဲ့သည္။

အဆိုပါ ယဥ္ေက်းလိမၼာစာေမးပြဲကို ရန္ကုန္ၿမိဳ႕ရွိ အ ထ က (၂) လသာတြင္ ၂၀၂၆ခုႏွစ္ မတ္လ ၂၁ရက္ေန႔ကက်င္းပျပဳလုပ္ခဲ့ရာ အသင္းအဖြဲ႕နယကဆရာေတာ္မ်ားအပါအဝင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ဦးေသာင္းေအး ႏွင့္ တိုင္းေဒသႀကီး ၊ ခ႐ိုင္၊ ၿမိဳ႕နယ္ မ်ားမွ အသင္းတာဝန္ရွိသူမ်ား စာေျဖဆိုသူေက်ာင္းသား ေက်ာင္းသူမ်ားတက္ေရာက္ခဲ့သည္။

ဒုတိယအႀကိမ္ေျမာက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္ ယဥ္ေက်းလိမၼာစာေမးပြဲကို အႀကီးတန္း ၊ အလတ္တန္းႏွင့္ အငယ္တန္းမ်ားခြဲကာ ေက်ာင္းသား၊ေက်ာင္းသူမ်ားကို ေျဖဆိုေစခဲ့ျခင္းျဖစ္ၿပီး ႂကြေရာက္လာသည့္ နယကဆရာေတာ္မ်ားကို ေန႔ဆြမ္းဆပ္ကပ္လႉဒါန္းခဲ့သည္။


ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးလိမ္မာစာမေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှုး ဦးသောင်းအေးသွားရောက်အားပေး
===============================
ရန်ကုန် ၊ မတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲချုပ်အပါအဝင် နယ်စပ်တောင်းတန်းဒေသ သာသနာနုဂ္ဂဟအသင်းရန်ကုန် (တိုင်းဒေသကြီး) နှင့် သုံးရာသီလူမှုကူညီရေးအသင်း(ဗဟို)တို့ ပူးပေါင်းကျင်းပသည့် ဒုတိယအကြိမ်မြောက် တိုင်း ၊ ခရိုင် ၊ မြို့နယ် ယဉ်ကျေးလိမ္မာစာမေးပွဲကို သွားရောက်အားပေးခဲ့သည်။

အဆိုပါ ယဉ်ကျေးလိမ္မာစာမေးပွဲကို ရန်ကုန်မြို့ရှိ အ ထ က (၂) လသာတွင် ၂၀၂၆ခုနှစ် မတ်လ ၂၁ရက်နေ့ကကျင်းပပြုလုပ်ခဲ့ရာ အသင်းအဖွဲ့နယကဆရာတော်များအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးသောင်းအေး နှင့် တိုင်းဒေသကြီး ၊ ခရိုင်၊ မြို့နယ် များမှ အသင်းတာဝန်ရှိသူများ စာဖြေဆိုသူကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့သည်။

ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း ၊ ခရိုင် ၊ မြို့နယ် ယဉ်ကျေးလိမ္မာစာမေးပွဲကို အကြီးတန်း ၊ အလတ်တန်းနှင့် အငယ်တန်းများခွဲကာ ကျောင်းသား၊ကျောင်းသူများကို ဖြေဆိုစေခဲ့ခြင်းဖြစ်ပြီး ကြွရောက်လာသည့် နယကဆရာတော်များကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့သည်။