BAIC က ၁၁ မိနစ္အတြင္း အားအျပည့္သြင္းႏိုင္တဲ့ ဘက္ထရီတစ္မ်ိဳးကို ထုတ္လုပ္ႏိုင္

BAIC က ၁၁ မိနစ္အတြင္း အားအျပည့္သြင္းႏိုင္တဲ့ ဘက္ထရီတစ္မ်ိဳးကို ထုတ္လုပ္ႏိုင္
========================
တ႐ုတ္ေမာ္ေတာ္ကားကုမၸဏီျဖစ္တဲ့BAIC အုပ္စုဟာ ၁၁ မိနစ္အတြင္းမွာ အားအျပည့္သြင္းႏိုင္တဲ့ ဆိုဒီယမ္အိုင္ယြန္းဘက္ထရီကို ေအာင္ျမင္စြာထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ဒီဘက္ထရီဟာ လက္ရွိစံခ်ိန္စံၫႊန္းေတြကိုေက်ာ္လြန္ႏိုင္ၿပီး လီသီယံဘက္ထရီေနရာမွာ အစားထိုးနည္းပညာအျဖစ္ အာ႐ုံစိုက္ခံေနရတာပါ။

စမ္းသပ္ခ်က္ေတြအရ ဒီဘက္ထရီဟာ အပူခ်ိန္ အႏုတ္ ၄၀ ဒီဂရီဖာရင္ဟိုက္ကေန ၁၄၀ ဒီဂရီ ဖာရင္ဟိုက္အတြင္း ေကာင္းမြန္စြာအလုပ္လုပ္ႏိုင္ၿပီး အလြန္ေအးတဲ့ရာသီဥတုမွာလည္း စြမ္းေဆာင္ရည္က်ဆင္းသြားျခင္းမရွိဘူးလို႔ သိရပါတယ္။ ေဘးကင္းလုံၿခဳံမႈအပိုင္းမွာလည္း ဘက္ထရီကို အား ၂၀၀ ရာခိုင္ႏႈန္းအထိ အလြန္အကြၽံသြင္းတာ ဒါမွမဟုတ္ အပူခ်ိန္ ၃၉၂ ဒီဂရီဖာရင္ဟိုက္အထိ ျမႇင့္တင္စမ္းသပ္တာမ်ိဳးေတြမွာေတာင္ မီးေလာင္တာ ဒါမွမဟုတ္ ေပါက္ကြဲတာမ်ိဳး မရွိဘဲ တည္ၿငိမ္မႈရွိေနတာေတြ႕ရပါတယ္။

BAIC အေနနဲ႔ ဒီနည္းပညာအတြက္ မူပိုင္ခြင့္အခု၂၀ အထိ တင္ထားၿပီး အေျမာက္အျမားထုတ္လုပ္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ လွ်ပ္စစ္ကားက႑မွာ ဆိုဒီယမ္အိုင္ယြန္းဘက္ထရီေတြဟာ ကုန္က်စရိတ္သက္သာၿပီး အေအးဒဏ္ ခံႏိုင္တာေၾကာင့္ လီသီယမ္ဘက္ထရီေနရာမွာ အစားထိုးသုံးစြဲဖို႔ အလားအလာေကာင္းေနတာပါ။ Changan နဲ႔ CATL တို႔ကလည္း ဆိုဒီယမ္အိုင္ယြန္းသုံး လွ်ပ္စစ္ကားကို မိတ္ဆက္ထားပါတယ္။

Ref: IE


BAIC က ၁၁ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ ဘက်ထရီတစ်မျိုးကို ထုတ်လုပ်နိုင်
========================
တရုတ်မော်တော်ကားကုမ္ပဏီဖြစ်တဲ့BAIC အုပ်စုဟာ ၁၁ မိနစ်အတွင်းမှာ အားအပြည့်သွင်းနိုင်တဲ့ ဆိုဒီယမ်အိုင်ယွန်းဘက်ထရီကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီဘက်ထရီဟာ လက်ရှိစံချိန်စံညွှန်းတွေကိုကျော်လွန်နိုင်ပြီး လီသီယံဘက်ထရီနေရာမှာ အစားထိုးနည်းပညာအဖြစ် အာရုံစိုက်ခံနေရတာပါ။

စမ်းသပ်ချက်တွေအရ ဒီဘက်ထရီဟာ အပူချိန် အနုတ် ၄၀ ဒီဂရီဖာရင်ဟိုက်ကနေ ၁၄၀ ဒီဂရီ ဖာရင်ဟိုက်အတွင်း ကောင်းမွန်စွာအလုပ်လုပ်နိုင်ပြီး အလွန်အေးတဲ့ရာသီဥတုမှာလည်း စွမ်းဆောင်ရည်ကျဆင်းသွားခြင်းမရှိဘူးလို့ သိရပါတယ်။ ဘေးကင်းလုံခြုံမှုအပိုင်းမှာလည်း ဘက်ထရီကို အား ၂၀၀ ရာခိုင်နှုန်းအထိ အလွန်အကျွံသွင်းတာ ဒါမှမဟုတ် အပူချိန် ၃၉၂ ဒီဂရီဖာရင်ဟိုက်အထိ မြှင့်တင်စမ်းသပ်တာမျိုးတွေမှာတောင် မီးလောင်တာ ဒါမှမဟုတ် ပေါက်ကွဲတာမျိုး မရှိဘဲ တည်ငြိမ်မှုရှိနေတာတွေ့ရပါတယ်။

BAIC အနေနဲ့ ဒီနည်းပညာအတွက် မူပိုင်ခွင့်အခု၂၀ အထိ တင်ထားပြီး အမြောက်အမြားထုတ်လုပ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားကဏ္ဍမှာ ဆိုဒီယမ်အိုင်ယွန်းဘက်ထရီတွေဟာ ကုန်ကျစရိတ်သက်သာပြီး အအေးဒဏ် ခံနိုင်တာကြောင့် လီသီယမ်ဘက်ထရီနေရာမှာ အစားထိုးသုံးစွဲဖို့ အလားအလာကောင်းနေတာပါ။ Changan နဲ့ CATL တို့ကလည်း ဆိုဒီယမ်အိုင်ယွန်းသုံး လျှပ်စစ်ကားကို မိတ်ဆက်ထားပါတယ်။

Ref: IE