follower ၁ သန္းရွိရင္ ေဒၚလာ ၃၀၀၀ ေပးေနမယ့္ Facebook

follower ၁ သန္းရွိရင္ ေဒၚလာ ၃၀၀၀ ေပးေနမယ့္ Facebook
=============================
Content Creator ေတြအတြက္ တစ္လ ျမန္မာေငြ သိန္းရာခ်ီဝင္မယ့္အစီအစဥ္ပါ။
ဒီအစီအစဥ္ကို Meta က စီစဥ္ထားတာ ျဖစ္ၿပီး Creator Fast Track လို႔ ေခၚပါတယ္။ နာမည္ႀကီး creators ေတြကို လစာသေဘာမ်ိဳးေပးထားၿပီး သူ႔ပလက္ေဖာင္းေပၚ content ေတြ ပုံမွန္တင္ခ်င္ေအာင္ ဆြဲေဆာင္တဲ့ အစီအစဥ္ပါပဲ။
TikTok ၊ YouTube ၊ Instagram ေတြမွာ follower အင္အားေကာင္းေကာင္း ရွိတဲ့ Influencer ေတြအတြက္လို႔ ေျပာရမွာပါ။ တျခား platform တစ္ခုခုမွာ follower အနည္းဆုံး ၁ သိန္းနဲ႔ အထက္ရွိရင္ တစ္လဆုေၾကး ေဒၚလာ ၁၀၀၀ ၊ follower ၁ သန္းေက်ာ္ရင္ေတာ့ ေဒၚလာ ၃၀၀၀ အထိ ေပးသြားမယ္လို႔ ဆိုပါတယ္။
follower ၂ ေသာင္းအထက္ ၁ သိန္းမျပည့္ရင္ေတာ့ တစ္လ ေဒၚလာ ၁၀၀ ကေန ၄၅၀ အၾကား ရႏိုင္ပါတယ္။ Creator Fast Track အစီအစဥ္မွာက ကိုယ္တိုင္ဖန္တီးထားတဲ့ reels တစ္လကို ၁၅ ပုဒ္ public တင္ေပးရမွာပါ။ view ဘယ္ေလာက္ engagement ဘယ္ေ႐ြ႕ဆိုတာမ်ိဳး သတ္မွတ္မထားဘူးလို႔ ဆိုပါတယ္။
follower အားေကာင္းၿပီး သတ္မွတ္ reels အေရအတြက္ မွီေအာင္ တင္ႏိုင္ရင္ ပိုက္ဆံရမွာပါ။ ဒါက တျခားပလက္ေဖာင္းေတြက နာမည္ေက်ာ္ Content Creator ေတြပါ Facebook ဆီ လာေအာင္ ဆြဲေခၚလိုက္တာပါပဲ။ Facebook က TikTok လို ၿပိဳင္ဘက္ေတြကို ေက်ာ္တက္ႏိုင္ဖို႔ Reels မွာ ပိုက္ဆံအႀကီးအက်ယ္ သုံးေနပါတယ္။
Reels စထြက္ၿပီး တစ္ႏွစ္ေလာက္မွာတင္ Creator ေတြအတြက္ ဆုေၾကး bonus program အေနနဲ႔ ေဒၚလာ ၁ ဘီလ်ံ သုံးခဲ့ၿပီး Reels Play Bonus တုန္းက အမ်ားဆုံး တစ္လ ေဒၚလာ ၃၅၀၀၀ အထိ ေပးခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ထဲ creators ေတြကို ေပးတာတင္ ေဒၚလာ ၃ ဘီလ်ံနီးပါးအထိ ရွိထားပါတယ္။
Creator Fast Track အစီအစဥ္မွာ ေလာေလာဆယ္ အေမရိကန္ နဲ႔ ကေနဒါက Creators ေတြပဲ အက်ဳံးဝင္မွာပါ။ ေနာက္ပိုင္းမွာေတာ့ တျခားႏိုင္ငံေတြလည္း မိတ္ဆက္လာႏိုင္ပါတယ္။ #Duwun


follower ၁ သန်းရှိရင် ဒေါ်လာ ၃၀၀၀ ပေးနေမယ့် Facebook
=============================
Content Creator တွေအတွက် တစ်လ မြန်မာငွေ သိန်းရာချီဝင်မယ့်အစီအစဉ်ပါ။
ဒီအစီအစဉ်ကို Meta က စီစဉ်ထားတာ ဖြစ်ပြီး Creator Fast Track လို့ ခေါ်ပါတယ်။ နာမည်ကြီး creators တွေကို လစာသဘောမျိုးပေးထားပြီး သူ့ပလက်ဖောင်းပေါ် content တွေ ပုံမှန်တင်ချင်အောင် ဆွဲဆောင်တဲ့ အစီအစဉ်ပါပဲ။
TikTok ၊ YouTube ၊ Instagram တွေမှာ follower အင်အားကောင်းကောင်း ရှိတဲ့ Influencer တွေအတွက်လို့ ပြောရမှာပါ။ တခြား platform တစ်ခုခုမှာ follower အနည်းဆုံး ၁ သိန်းနဲ့ အထက်ရှိရင် တစ်လဆုကြေး ဒေါ်လာ ၁၀၀၀ ၊ follower ၁ သန်းကျော်ရင်တော့ ဒေါ်လာ ၃၀၀၀ အထိ ပေးသွားမယ်လို့ ဆိုပါတယ်။
follower ၂ သောင်းအထက် ၁ သိန်းမပြည့်ရင်တော့ တစ်လ ဒေါ်လာ ၁၀၀ ကနေ ၄၅၀ အကြား ရနိုင်ပါတယ်။ Creator Fast Track အစီအစဉ်မှာက ကိုယ်တိုင်ဖန်တီးထားတဲ့ reels တစ်လကို ၁၅ ပုဒ် public တင်ပေးရမှာပါ။ view ဘယ်လောက် engagement ဘယ်ရွေ့ဆိုတာမျိုး သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။
follower အားကောင်းပြီး သတ်မှတ် reels အရေအတွက် မှီအောင် တင်နိုင်ရင် ပိုက်ဆံရမှာပါ။ ဒါက တခြားပလက်ဖောင်းတွေက နာမည်ကျော် Content Creator တွေပါ Facebook ဆီ လာအောင် ဆွဲခေါ်လိုက်တာပါပဲ။ Facebook က TikTok လို ပြိုင်ဘက်တွေကို ကျော်တက်နိုင်ဖို့ Reels မှာ ပိုက်ဆံအကြီးအကျယ် သုံးနေပါတယ်။
Reels စထွက်ပြီး တစ်နှစ်လောက်မှာတင် Creator တွေအတွက် ဆုကြေး bonus program အနေနဲ့ ဒေါ်လာ ၁ ဘီလျံ သုံးခဲ့ပြီး Reels Play Bonus တုန်းက အများဆုံး တစ်လ ဒေါ်လာ ၃၅၀၀၀ အထိ ပေးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲ creators တွေကို ပေးတာတင် ဒေါ်လာ ၃ ဘီလျံနီးပါးအထိ ရှိထားပါတယ်။
Creator Fast Track အစီအစဉ်မှာ လောလောဆယ် အမေရိကန် နဲ့ ကနေဒါက Creators တွေပဲ အကျုံးဝင်မှာပါ။ နောက်ပိုင်းမှာတော့ တခြားနိုင်ငံတွေလည်း မိတ်ဆက်လာနိုင်ပါတယ်။ #Duwun