၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကေန အီရန္အသင္း ႏုတ္ထြက္

၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကေန အီရန္အသင္း ႏုတ္ထြက္
=======================
အီရန္အားကစားဝန္ႀကီး အာမက္ဒြန္ယာမာလီက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီရန္အသင္း ဝင္ေရာက္ယွဥ္ၿပိဳင္ေတာ့မွာမဟုတ္ေၾကာင္း အတည္ျပဳေၾကညာလိုက္ပါတယ္။
ကမာၻ႔ေဘာလုံးအဖြဲခ်ဳပ္ဥကၠ႒ အင္ဖန္တီႏိုက အေမရိကန္သမၼတ ေဒၚနယ္ထရန္႔နဲ႔ ေတြ႕ဆုံခဲ့ရာမွာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အီရန္အသင္းကို ႀကိဳဆိုသြားမယ္လို႔ ေဒၚနယ္ထရန္႔က ေျပာၾကားခဲ့ေၾကာင္း Instagram မွာ ပို႔စ္တင္ၿပီးေနာက္ အခ်ိန္ပိုင္းအတြင္းမွာပဲ အီရန္အားကစားဝန္ႀကီးက ကမာၻ႔ဖလားမယွဥ္ၿပိဳင္ဘူးလို ေၾကညာလိုက္ျခင္းလည္းျဖစ္ပါတယ္။
ဒါေၾကာင့္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ အီရန္အသင္းရဲ႕ေနရာမွာ ဘယ္အသင္းကို အစားထိုးယွဥ္ၿပိဳင္ေစမလဲဆိုတာ ဆုံးျဖတ္ရေတာ့မွာပါ။
အီရန္အသင္းဟာ အာရွေျခစစ္ပြဲ အုပ္စု (A) မွာ ထိပ္ဆုံးကေန ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး ကမာၻ႔ဖလား အုပ္စု (K) မွာ နယူးဇီလန္၊ ဘယ္လ္ဂ်ီယံ၊ အီဂ်စ္တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အီရန်အသင်း နုတ်ထွက်
=======================
အီရန်အားကစားဝန်ကြီး အာမက်ဒွန်ယာမာလီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲချုပ်ဥက္ကဋ္ဌ အင်ဖန်တီနိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံခဲ့ရာမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းကို ကြိုဆိုသွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ကြောင်း Instagram မှာ ပို့စ်တင်ပြီးနောက် အချိန်ပိုင်းအတွင်းမှာပဲ အီရန်အားကစားဝန်ကြီးက ကမ္ဘာ့ဖလားမယှဥ်ပြိုင်ဘူးလို ကြေညာလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အီရန်အသင်းရဲ့နေရာမှာ ဘယ်အသင်းကို အစားထိုးယှဥ်ပြိုင်စေမလဲဆိုတာ ဆုံးဖြတ်ရတော့မှာပါ။
အီရန်အသင်းဟာ အာရှခြေစစ်ပွဲ အုပ်စု (A) မှာ ထိပ်ဆုံးကနေ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ကမ္ဘာ့ဖလား အုပ်စု (K) မှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။



