ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးခင္ရီ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ Mr. Sakeson Sarobol ႏွင့္ အဖြဲ႕အား လက္ခံေတြ႕ဆုံ



ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးခင္ရီ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ Mr. Sakeson Sarobol ႏွင့္ အဖြဲ႕အား လက္ခံေတြ႕ဆုံ
==============================
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးခင္ရီသည္ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ Mr. Sakeson Sarobol ႏွင့္ အဖြဲ႕အား ၂၀၂၆ခုႏွစ္၊ မတ္လ (၆) ရက္ေန႔ (၁၀၃၀) နာရီခ်ိန္တြင္ ပါတီဌာနခ်ဳပ္၊ ဧည့္ခန္းမ၌ လက္ခံ ေတြ႕ဆုံခဲ့ပါသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး၊ ႏွစ္ႏိုင္ငံပါတီခ်င္း ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ ကိစၥမ်ားအား ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြး ခဲ့ၾကပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠဌ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠဌဦးျမတ္ဟိန္း၊ အေထြေထြအတြင္းေရးမႉးဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္မ်ား ျဖစ္ၾကသည့္ ဦးေအာင္စိုး၊ ဦးျမင့္ကိုကို တို႔တက္ေရာက္ခဲ့ၾကၿပီး ထိုင္းႏိုင္ငံ သံ႐ုံးယာယီတာဝန္ခံ Mr. Sakeson Sarobol ႏွင့္အတူ အဖြဲ႕ဝင္ (၃) ဦး တက္ေရာက္ခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
==============================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အား ၂၀၂၆ခုနှစ်၊ မတ်လ (၆) ရက်နေ့ (၁၀၃၀) နာရီချိန်တွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပါတီချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဌဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူးဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမြင့်ကိုကို တို့တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့်အတူ အဖွဲ့ဝင် (၃) ဦး တက်ရောက်ခဲ့ပါသည်။




