ခါေမနီ၏သား ေမာ့ဂ်တာဘာကို ေခါင္းေဆာင္သစ္အျဖစ္ ေ႐ြးခ်ယ္

ခါေမနီ၏သား ေမာ့ဂ်တာဘာကို ေခါင္းေဆာင္သစ္အျဖစ္ ေ႐ြးခ်ယ္
==================
မတ္ ၉
အီရန္ႏိုင္ငံရဲ႕ အျမင့္ဆုံးအာဏာပိုင္အဖြဲ႕ျဖစ္တဲ့ ကြၽမ္းက်င္သူမ်ားေကာင္စီ (Assembly of Experts) က အသက္ (၈၅) ႏွစ္ရွိၿပီျဖစ္တဲ့ အယာတိုလာ အလီ ခါေမနီရဲ႕ ေနရာမွာ ဆက္ခံဖို႔ သူ႔ရဲ႕သားျဖစ္သူ ေမာ့ဂ်တာဘာကို အတည္ျပဳလိုက္ၿပီလို႔ သတင္းရင္းျမစ္အခ်ိဳ႕က ဆိုပါတယ္။
၂၀၂၄ ခုႏွစ္၊ စက္တင္ဘာလေလာက္ကတည္းက ကြၽမ္းက်င္သူမ်ားေကာင္စီဝင္ ၆၀ ေက်ာ္ဟာ လွ်ိဳ႕ဝွက္အစည္းအေဝးျပဳလုပ္ၿပီး ေမာ့ဂ်တာဘာကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း၊ ဒါကို ဖခင္ျဖစ္သူ ခါေမနီကိုယ္တိုင္ကလည္း သေဘာတူညီခဲ့ေၾကာင္း အစၥေရးနဲ႔ အေနာက္ ႏိုင္ငံသတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ယခင္က ခါေမနီရဲ႕ အ႐ိုက္အရာကို ဆက္ခံဖို႔ ေရပန္းစားခဲ့တဲ့ သမၼတ အီဗရာဟင္ ႐ိုင္စီ (Ebrahim Raisi) ဟာ ၂၀၂၄ ခုႏွစ္ ေမလမွာ ရဟတ္ယာဥ္ပ်က္က်ၿပီး ေသဆုံးသြားခဲ့တာေၾကာင့္ ေမာ့ဂ်တာဘာအတြက္ လမ္းေၾကာင္းပြင့္သြားခဲ့တာ ျဖစ္ပါတယ္။
ေမာ့ဂ်တာဘာဟာ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) နဲ႔ အလြန္နီးစပ္သူျဖစ္ၿပီး၊ အီရန္ရဲ႕ ေထာက္လွမ္းေရးနဲ႔ လုံၿခဳံေရးက႑ေတြကို ေနာက္ ကြယ္ကေန ႀကိဳးကိုင္ေနသူလို႔ လူသိမ်ားပါတယ္။ သူဟာ ဖခင္ျဖစ္သူထက္ပင္ ပိုမိုသေဘာထားတင္းမာသူ (Hardliner) တစ္ဦးလို႔ ယူဆရပါတယ္။
ေမာ့ဂ်တာဘာ ခါေမနီအား ေခါင္းေဆာင္သစ္အျဖစ္ ေ႐ြးခ်ယ္လိုက္ၿပီဟူေသာ သတင္းမ်ားကို အီရန္အစိုးရက တရားဝင္ အသိအမွတ္ျပဳျခင္း မရွိေသးဘဲ၊ ၎သည္ ရန္သူမ်ား၏ ဝါဒျဖန႔္မႈသာျဖစ္ေၾကာင္း တုံ႔ျပန္ထားသည္။


ခါမေနီ၏သား မော့ဂျတာဘာကို ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်
==================
မတ် ၉
အီရန်နိုင်ငံရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ကျွမ်းကျင်သူများကောင်စီ (Assembly of Experts) က အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ ဆက်ခံဖို့ သူ့ရဲ့သားဖြစ်သူ မော့ဂျတာဘာကို အတည်ပြုလိုက်ပြီလို့ သတင်းရင်းမြစ်အချို့က ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလလောက်ကတည်းက ကျွမ်းကျင်သူများကောင်စီဝင် ၆၀ ကျော်ဟာ လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး မော့ဂျတာဘာကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဒါကို ဖခင်ဖြစ်သူ ခါမေနီကိုယ်တိုင်ကလည်း သဘောတူညီခဲ့ကြောင်း အစ္စရေးနဲ့ အနောက် နိုင်ငံသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ယခင်က ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံဖို့ ရေပန်းစားခဲ့တဲ့ သမ္မတ အီဗရာဟင် ရိုင်စီ (Ebrahim Raisi) ဟာ ၂၀၂၄ ခုနှစ် မေလမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တာကြောင့် မော့ဂျတာဘာအတွက် လမ်းကြောင်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။
မော့ဂျတာဘာဟာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ အလွန်နီးစပ်သူဖြစ်ပြီး၊ အီရန်ရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကဏ္ဍတွေကို နောက် ကွယ်ကနေ ကြိုးကိုင်နေသူလို့ လူသိများပါတယ်။ သူဟာ ဖခင်ဖြစ်သူထက်ပင် ပိုမိုသဘောထားတင်းမာသူ (Hardliner) တစ်ဦးလို့ ယူဆရပါတယ်။
မော့ဂျတာဘာ ခါမေနီအား ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပြီဟူသော သတင်းများကို အီရန်အစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးဘဲ၊ ၎င်းသည် ရန်သူများ၏ ဝါဒဖြန့်မှုသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။