မက္ဆီနဲ႔ အင္တာမိုင္ယာမီအသင္းကို အိမ္ျဖဴေတာ္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ ႀကိဳဆိုဂုဏ္ျပဳ

မက္ဆီနဲ႔ အင္တာမိုင္ယာမီအသင္းကို အိမ္ျဖဴေတာ္မွာ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္ ႀကိဳဆိုဂုဏ္ျပဳ
===========================
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က မက္ဆီနဲ႔ အင္တာမိုင္ယာမီအသင္းကို မေန႔က အိမ္ျဖဴေတာ္မွာ ႀကိဳဆိုဂုဏ္ျပဳခဲ့ေၾကာင္း သိရပါတယ္။

အင္တာမိုင္ယာမီအသင္းက ၂၀၂၅ ခုႏွစ္မွာ MLS Cup ကို အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအျဖစ္ ရယူႏိုင္ခဲ့တာေၾကာင့္ ေဒၚနယ္ထရန႔္က အခုလို ဖိတ္ေခၚဂုဏ္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

မက္ဆီအေနနဲ႔ အိမ္ျဖဴေတာ္ကို ပထမဆုံးအႀကိမ္ လည္ပတ္ခြင့္ရခဲ့တာျဖစ္ၿပီး စီေရာ္နယ္လ္ဒိုက ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာ ညစာစားပြဲ တက္ေရာက္ခြင့္ရခဲ့တာေၾကာင့္ ေဒၚနယ္ထရန႔္က ကမာၻ႔အေကာင္းဆုံးကစားသမားႏွစ္ဦးကို (၄)လအတြင္း ေတြ႕ဆုံခဲ့ျခင္းလည္း ျဖစ္ပါတယ္။

မက္ဆီနဲ႔ အင္တာမိုင္ယာမီအသင္းရဲ႕ ပူးတြဲပိုင္ရွင္ျဖစ္တဲ့ ေဂ်ာ့ခ်္မက္စ္၊ နည္းျပ မာေရွရာႏိုတိုက ေဒၚနယ္ထရန႔္ကို ပန္းေရာင္ေဘာလုံး၊ မိုင္ယာမီဂ်ာစီနဲ႔ နာရီေတြ အမွတ္တရလက္ေဆာင္ေပးအပ္ခဲ့ေၾကာင္းလည္း သိရပါတယ္။

ဒီေတြ႕ဆုံမႈမွာ ေဒၚနယ္ထရန႔္က ဘရာဇီးလ္ဂႏၴဝင္ပီလီ New York Cosmos အသင္းမွာ ကစားတာကို ၾကည့္ခဲ့ဖူးေၾကာင္း ေျပာၾကားခဲ့သလို၊ မက္ဆီကို ”မင္းက ပီလီထက္ ပိုေကာင္းႏိုင္တယ္” လို ေျပာၾကားခဲ့ၿပီး တျခားသူေတြကို ”ဘယ္သူပိုေကာင္းလဲ” လို ေမးခဲ့ေၾကာင္းလည္း သိရပါတယ္။

အင္တာမိုင္ယာမီအသင္းရဲ႕ ပူးတြဲပိုင္ရွင္ ေဂ်ာ့ခ်္မက္စ္ကေတာ့ မိမိတိုအေနနဲ႔ ေအာင္ျမင္မႈေတြ ဆက္လက္ရယူသြားႏိုင္ဖို ႀကိဳးစားသြားမွာျဖစ္တာေၾကာင့္ အိမ္ျဖဴေတာ္အလည္အပတ္ခရီးက တစ္ႀကိမ္တည္းမျဖစ္ဖို ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ #Eleven


မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းကို အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြိုဆိုဂုဏ်ပြု
===========================
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းကို မနေ့က အိမ်ဖြူတော်မှာ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းက ၂၀၂၅ ခုနှစ်မှာ MLS Cup ကို အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ရယူနိုင်ခဲ့တာကြောင့် ဒေါ်နယ်ထရန့်က အခုလို ဖိတ်ခေါ်ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မက်ဆီအနေနဲ့ အိမ်ဖြူတော်ကို ပထမဆုံးအကြိမ် လည်ပတ်ခွင့်ရခဲ့တာဖြစ်ပြီး စီရော်နယ်လ်ဒိုက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ညစာစားပွဲ တက်ရောက်ခွင့်ရခဲ့တာကြောင့် ဒေါ်နယ်ထရန့်က ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးကို (၄)လအတွင်း တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်ပါတယ်။

မက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဂျော့ချ်မက်စ်၊ နည်းပြ မာရှေရာနိုတိုက ဒေါ်နယ်ထရန့်ကို ပန်းရောင်ဘောလုံး၊ မိုင်ယာမီဂျာစီနဲ့ နာရီတွေ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒီတွေ့ဆုံမှုမှာ ဒေါ်နယ်ထရန့်က ဘရာဇီးလ်ဂန္ထဝင်ပီလီ New York Cosmos အသင်းမှာ ကစားတာကို ကြည့်ခဲ့ဖူးကြောင်း ပြောကြားခဲ့သလို၊ မက်ဆီကို ”မင်းက ပီလီထက် ပိုကောင်းနိုင်တယ်” လို ပြောကြားခဲ့ပြီး တခြားသူတွေကို ”ဘယ်သူပိုကောင်းလဲ” လို မေးခဲ့ကြောင်းလည်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်ကတော့ မိမိတိုအနေနဲ့ အောင်မြင်မှုတွေ ဆက်လက်ရယူသွားနိုင်ဖို ကြိုးစားသွားမှာဖြစ်တာကြောင့် အိမ်ဖြူတော်အလည်အပတ်ခရီးက တစ်ကြိမ်တည်းမဖြစ်ဖို မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ #Eleven