ဘာစီလိုနာအကယ္ဒမီကစားသမားကို PSG အသင္း တရားဝင္မိတ္ဆက္

ဘာစီလိုနာအကယ္ဒမီကစားသမားကို PSG အသင္း တရားဝင္မိတ္ဆက္
=====================
PSG အသင္းဟာ ဘာစီလိုနာအသင္းက အကယ္ဒမီကစားသမား ဒ႐ိုဖာနန္ဒက္ဇ္ကို အသင္းကစားသမားသစ္အျဖစ္ တရားဝင္မိတ္ဆက္ခဲ့ပါတယ္။ ဒ႐ိုဖာနန္ဒက္ဇ္(၁၈ ႏွစ္)ဟာ PSG အသင္းနဲ႔ ၂၀၃၀ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။ သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကးကေတာ့ ယူ႐ို ရွစ္သန္းဝန္းက်င္ရွိမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။ ၎ဟာ ေႏြရာသီကာလ အာရွခရီးစဥ္မွာ ပါဝင္ခဲ့ၿပီး အသင္းႀကီးနဲ႔အတူ အခုရာသီ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္မွာ ပြဲဦးထြက္ခြင့္ ရခဲ့ပါတယ္။ ဒ႐ိုဖာနန္ဒက္ဇ္က ပြဲကစားခြင့္ပိုရေရးအတြက္ အသင္းေျပာင္းေတာ့မယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ သူ႔ရဲ႕ဆႏၵကို အေကာင္အထည္ ေဖာ္ခဲ့တာပါ။ ဥေရာပထိပ္တန္းကလပ္ေတြက သူ႔ကို စိတ္ဝင္စားခဲ့ၾကေပမဲ့ PSG က လက္ဦးမႈ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ #Eleven


ဘာစီလိုနာအကယ်ဒမီကစားသမားကို PSG အသင်း တရားဝင်မိတ်ဆက်
=====================
PSG အသင်းဟာ ဘာစီလိုနာအသင်းက အကယ်ဒမီကစားသမား ဒရိုဖာနန်ဒက်ဇ်ကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ ဒရိုဖာနန်ဒက်ဇ်(၁၈ နှစ်)ဟာ PSG အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။ သူ့ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို ရှစ်သန်းဝန်းကျင်ရှိမယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ၎င်းဟာ နွေရာသီကာလ အာရှခရီးစဉ်မှာ ပါဝင်ခဲ့ပြီး အသင်းကြီးနဲ့အတူ အခုရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ပွဲဦးထွက်ခွင့် ရခဲ့ပါတယ်။ ဒရိုဖာနန်ဒက်ဇ်က ပွဲကစားခွင့်ပိုရရေးအတွက် အသင်းပြောင်းတော့မယ်လို့ ပြောကြားခဲ့ပြီးနောက် သူ့ရဲ့ဆန္ဒကို အကောင်အထည် ဖော်ခဲ့တာပါ။ ဥရောပထိပ်တန်းကလပ်တွေက သူ့ကို စိတ်ဝင်စားခဲ့ကြပေမဲ့ PSG က လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ #Eleven