ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအး ႏြယ္ႏြဲ႕ေက်း႐ြာႏွင့္ ေပါ့အိုင္႐ိုးေက်း႐ြာမ်ားရွိ ေဒသခံျပည္သူမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံ

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအး ႏြယ္ႏြဲ႕ေက်း႐ြာႏွင့္ ေပါ့အိုင္႐ိုးေက်း႐ြာမ်ားရွိ ေဒသခံျပည္သူမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံ
=======================
ေပ်ာ္ဘြယ္ ၊

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႈး ၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးသည္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိ ႏြယ္ႏြဲ႕ေက်း႐ြာႏွင့္ေပါ့အိုင္႐ိုးေက်း႐ြာမ်ားရွိ ေဒသခံျပည္သူမ်ားႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့သည္။

ေဒသခံ႐ြာသူ႐ြာသားမ်ားက မိမိတို႔ေက်း႐ြာအုပ္စုအတြင္း လမ္းတံတားမ်ား ၊ငလ်င္ဒါဏ္ေၾကာင့္ ပ်က္စီးခဲ့ရသည့္ ဘုရားေစတီမ်ား ၊ သာသနိကအေဆာက္အအုံမ်ား ႏွင့္ ေက်း႐ြာစာသင္ေက်ာင္းမ်ား ပ်က္စီးထိခိုက္ခဲ့မႈမ်ားအပါအဝင္ ေက်း႐ြာႏွင့္ပက္သက္သည့္လိုအပ္ခ်က္မ်ားကို တင္ျပေဆြးေႏြးခဲ့ၿပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးက ေက်း႐ြာလိုအပ္ခ်က္မ်ားကို ေဒသခံ႐ြာသူ႐ြာသားမ်ားႏွင့္ သက္ဆိုင္ရာဌာနဆိုင္ရာမ်ားသို႔ တင္ျပညႇိႏႈိင္းေဆြးေႏြးေဆာင္႐ြက္ခဲ့သည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးသည္ ၂၀၂၅ခုႏွစ္ ဒီဇင္ဘာလ ၂၅ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္အႏိုင္ရရွိခဲ့ကာ ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္မွ ၂၀၂၀ခုႏွစ္အတြင္းက်င္းပခဲ့သည့္ ဒုတိယအႀကိမ္လႊတ္ေတာ္သက္တမ္းတြင္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြက္ ကိုယ္စားျပဳေဆာင္႐ြက္ခဲ့သည့္ လႊတ္ေတာ္အမတ္တစ္ဦးလည္းျဖစ္သည္။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး နွယ်နွဲ့ကျေးရွာနှင့် ပေါ့အိုင်ရိုးကျေးရွာများရှိ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ
=======================
ပျော်ဘွယ် ၊

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ နွယ်နွဲ့ကျေးရွာနှင့်ပေါ့အိုင်ရိုးကျေးရွာများရှိ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ဒေသခံရွာသူရွာသားများက မိမိတို့ကျေးရွာအုပ်စုအတွင်း လမ်းတံတားများ ၊ငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဘုရားစေတီများ ၊ သာသနိကအဆောက်အအုံများ နှင့် ကျေးရွာစာသင်ကျောင်းများ ပျက်စီးထိခိုက်ခဲ့မှုများအပါအဝင် ကျေးရွာနှင့်ပက်သက်သည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက ကျေးရွာလိုအပ်ချက်များကို ဒေသခံရွာသူရွာသားများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများသို့ တင်ပြညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပျော်ဘွယ်မြို့နယ်တွင်အနိုင်ရရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်မှ ၂၀၂၀ခုနှစ်အတွင်းကျင်းပခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ပျော်ဘွယ်မြို့နယ်အတွက် ကိုယ်စားပြုဆောင်ရွက်ခဲ့သည့် လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည်။