
=================


အာဆင်နယ်ကို အနိုင်ယူပြီး အမှတ်ပေးဇယား စတုတ္ထနေရာ တက်လှမ်းလာတဲ့ မန်ယူ
=================
မန်ယူအသင်းဟာ ဇန်နဝါရီ ၂၅ ရက်က ပရီးမီးယားလိဂ်ပွဲစဉ်(၂၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် အာဆင်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ပက်ထရစ် ဒေါ်ဂူနဲ့ မားသီးယပ်စ် ကူညာတို့ရဲ့ အံ့အားသင့်ဖွယ် ဂိုးတွေကြောင့် ယူနိုက်တက်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်က ဒီပွဲကို အနိုင်ရနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးနဲ့ အက်စတန်ဗီလာတို့ထက် ၇ မှတ်အသာ ထပ်မံရရှိနိုင်မှာ ဖြစ်ပေမဲ့ ဒီရာသီအတွင်း အိမ်ကွင်းမှာ ပထမဆုံးအရှုံးကို ခံခဲ့ရပြီး ချန်ပီယံပြိုင်ပွဲအတွက် အခွင့်အရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးလိုက်ရပါတယ်။
လက်ရှိမှာ အာဆင်နယ်အသင်းဟာ လိဂ်ပွဲ ၂၃ ပွဲကစားပြီး အမှတ် ၅၀ ရှိနေဆဲဖြစ်ကာ မန်စီးတီးနဲ့ အက်စတန်ဗီလာတို့က ရမှတ် ၄၆ မှတ်နဲ့ နီးစပ်လာနေပါတယ်။
မန်ယူကတော့ ဒီပွဲအနိုင်ကြောင့် အမှတ် ၃၈ မှတ်နဲ့ စတုတ္ထနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။