အေမရိကန္က NATO တပ္ဖြဲ႕အတြင္း ပါဝင္မႈကို ေလွ်ာ့ခ်ရန္စီစဥ္

အေမရိကန္က NATO တပ္ဖြဲ႕အတြင္း ပါဝင္မႈကို ေလွ်ာ့ခ်ရန္စီစဥ္
===============
(ႏိုင္ငံတကာ) ဇန္နဝါရီ ၂၂

အေမရိကန္ႏိုင္ငံသည္ NATO တပ္ဖြဲ႕အတြင္းပါဝင္မႈကို ေလွ်ာ့ခ်ရန္စီစဥ္ထားသည္ဟု သတင္းအရင္းအျမစ္ မ်ား၏ေျပာဆိုခ်က္ကိုကိုးကား၍ Washington Post သတင္းဌာနက ဇန္နဝါရီလ ၂၁ ရက္တြင္ ထုတ္ျပန္ထားသည္။

ပင္တဂြန္စစ္ဌာနခ်ဳပ္အေနျဖင့္ NATO တပ္ဖြဲ႕၏အႀကံေပးအဖြဲ႕ႏွင့္ ေလ့က်င့္ေရးအဖြဲ႕မ်ားတြင္ပါဝင္မႈကို ေလွ်ာ့ခ်သြားမည္ျဖစ္ၿပီး ယင္းလုပ္ေဆာင္ခ်က္သည္ အေမရိကန္ႏိုင္ငံက ဥေရာပေဒသအတြင္းတည္ရွိမႈကို တျဖည္းျဖည္းေလွ်ာ့ခ်ေရးအတြက္ လုပ္ေဆာင္မႈတစ္ခုျဖစ္သည္ဟု ေလ့လာသူမ်ားကေျပာသည္။

ယခုကဲ့သို႔ ေလွ်ာ့ခ်မႈအတြက္ NATO တပ္ဖြဲ႕တြင္ အေမရိကန္စစ္သည္အင္အား ၂ဝဝ ခန႔္ေလ်ာ့က်သြားမည္ျဖစ္သည္။ ယခုေလွ်ာ့ခ်မႈ၌ အေမရိကန္စစ္သည္မ်ားကို ခ်က္ခ်င္းျပန္ေခၚသြားမည္မဟုတ္ဘဲ ေလ့က်င့္ေရး သင္တန္းေပးကာလၿပီးမွသာ ေနာက္ထပ္အစားထိုးစစ္သည္မ်ား ေစလႊတ္ျခင္းမျပဳဘဲ ထိုအစီအစဥ္မ်ားတြင္ ပါဝင္မႈကို ေလွ်ာ့ခ်သြားမည္ ျဖစ္သည္။

ယင္းကဲ့သို႔ အေမရိကန္၏ပါဝင္မႈကို ေလွ်ာ့ခ်ျခင္းေၾကာင့္ NATO တပ္ဖြဲ႕၏ အထူးစစ္ဆင္ေရးမ်ားႏွင့္ ေထာက္လွမ္းေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈရွိေစမည္ ျဖစ္သည္။

ထိုသို႔ပါဝင္မႈကို ေလွ်ာ့ခ်ရန္ လြန္ခဲ့ေသာ လမ်ားစြာကတည္းက စဥ္းစားထားျခင္းျဖစ္ေၾကာင္း သတင္းအရင္းအျမစ္ မ်ားက ေျပာသည္ဟု RT သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။


အမေရိကန်က NATO တပ်ဖွဲ့အတွင်း ပါဝင်မှုကို လျှော့ချရန်စီစဉ်
===============
(နိုင်ငံတကာ) ဇန်နဝါရီ ၂၂

အမေရိကန်နိုင်ငံသည် NATO တပ်ဖွဲ့အတွင်းပါဝင်မှုကို လျှော့ချရန်စီစဉ်ထားသည်ဟု သတင်းအရင်းအမြစ် များ၏ပြောဆိုချက်ကိုကိုးကား၍ Washington Post သတင်းဌာနက ဇန်နဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် NATO တပ်ဖွဲ့၏အကြံပေးအဖွဲ့နှင့် လေ့ကျင့်ရေးအဖွဲ့များတွင်ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံက ဥရောပဒေသအတွင်းတည်ရှိမှုကို တဖြည်းဖြည်းလျှော့ချရေးအတွက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု လေ့လာသူများကပြောသည်။

ယခုကဲ့သို့ လျှော့ချမှုအတွက် NATO တပ်ဖွဲ့တွင် အမေရိကန်စစ်သည်အင်အား ၂ဝဝ ခန့်လျော့ကျသွားမည်ဖြစ်သည်။ ယခုလျှော့ချမှု၌ အမေရိကန်စစ်သည်များကို ချက်ချင်းပြန်ခေါ်သွားမည်မဟုတ်ဘဲ လေ့ကျင့်ရေး သင်တန်းပေးကာလပြီးမှသာ နောက်ထပ်အစားထိုးစစ်သည်များ စေလွှတ်ခြင်းမပြုဘဲ ထိုအစီအစဉ်များတွင် ပါဝင်မှုကို လျှော့ချသွားမည် ဖြစ်သည်။

ယင်းကဲ့သို့ အမေရိကန်၏ပါဝင်မှုကို လျှော့ချခြင်းကြောင့် NATO တပ်ဖွဲ့၏ အထူးစစ်ဆင်ရေးများနှင့် ထောက်လှမ်းရေးလုပ်ငန်းများအပေါ် သက်ရောက်မှုရှိစေမည် ဖြစ်သည်။

ထိုသို့ပါဝင်မှုကို လျှော့ချရန် လွန်ခဲ့သော လများစွာကတည်းက စဉ်းစားထားခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ် များက ပြောသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။