အီရန္၌ လတ္တေလာျဖစ္ပြားခဲ့ေသာ အဓိက႐ုဏ္းျဖစ္ရပ္အတြင္း လူ ၃,၁၁၇ ဦး ေသဆုံးခဲ့သည္ဟု အီရန္ တရားဝင္ထုတ္ျပန္

အီရန္၌ လတ္တေလာျဖစ္ပြားခဲ့ေသာ အဓိက႐ုဏ္းျဖစ္ရပ္အတြင္း လူ ၃,၁၁၇ ဦး ေသဆုံးခဲ့သည္ဟု အီရန္ တရားဝင္ထုတ္ျပန္
=========================
(ႏိုင္ငံတကာ) ဇန္နဝါရီ ၂၃
အီရန္ႏိုင္ငံတြင္ လတ္တေလာျဖစ္ပြားခဲ့ေသာ အဓိက႐ုဏ္းျဖစ္ရပ္ေၾကာင့္ လူေပါင္း ၃,၁၁၇ ေသဆုံးခဲ့ၿပီး ယင္းအနက္ ၂,၄၂၇ ဦးမွာ အမ်ားျပည္သူႏွင့္ တရားဥပေဒစိုးမိုေရးဝန္ထမ္းမ်ားျဖစ္ေၾကာင္း အီရန္အစၥလာမ္မစ္ သမၼတႏိုင္ငံ ႐ုပ္သံလႊင့္ဌာန(IRIB) က အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ဇန္နဝါရီလ ၂၁ ရက္တြင္ သတင္းေဖာ္ျပခဲ့သည္။
အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ၏ အဆိုပါထုတ္ျပန္ခ်က္တြင္ ဇန္နဝါရီလ ၈ ရက္ႏွင့္ ၉ ရက္က အီရန္ ေဒသအခ်ိဳ႕တြင္ အၾကမ္းဖက္လႈပ္ရွားမႈ အမ်ားအျပားျဖစ္ပြားခဲ့ေၾကာင္း၊ အၾကမ္းဖက္သမားမ်ားသည္ အစြန္းေရာက္ IS အဖြဲ႕၏ လုပ္ရပ္မ်ားႏွင့္ပုံစံတူေသာ အၾကမ္းဖက္မႈမ်ားေဖာ္ေဆာင္ခဲ့ၿပီး ေသနတ္မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳခဲ့ေၾကာင္း၊ အၾကမ္းဖက္လႈပ္ရွားမႈမ်ားေၾကာင့္ ေဈး၊ ဆိုင္ခန္း၊ ဘဏ္၊ ဗလီ၊ ကယ္ဆယ္ေရးကားမ်ား၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ား၊ ေဆးကုသေရးစင္တာ၊ ဆီဆိုင္ စသည့္ အမ်ားပိုင္ႏွင့္ ပုဂၢလိကပိုင္ ပစၥည္းဥစၥာမ်ား ဆုံးရႈံးခဲ့ရေၾကာင္း ေဖာ္ျပထားသည္။
အီရန်၌ လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်အတွင်း လူ ၃,၁၁၇ ဦး သေဆုံးခဲ့သည်ဟု အီရန် တရားဝင်ထုတ်ပြန်
=========================
(နိုင်ငံတကာ) ဇန်နဝါရီ ၂၃
အီရန်နိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သော အဓိကရုဏ်းဖြစ်ရပ်ကြောင့် လူပေါင်း ၃,၁၁၇ သေဆုံးခဲ့ပြီး ယင်းအနက် ၂,၄၂၇ ဦးမှာ အများပြည်သူနှင့် တရားဥပဒေစိုးမိုရေးဝန်ထမ်းများဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန(IRIB) က အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဇန်နဝါရီလ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အီရန်အမျိုးသားလုံခြုံရေးကောင်စီ၏ အဆိုပါထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်က အီရန် ဒေသအချို့တွင် အကြမ်းဖက်လှုပ်ရှားမှု အများအပြားဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများသည် အစွန်းရောက် IS အဖွဲ့၏ လုပ်ရပ်များနှင့်ပုံစံတူသော အကြမ်းဖက်မှုများဖော်ဆောင်ခဲ့ပြီး သေနတ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှုများကြောင့် ဈေး၊ ဆိုင်ခန်း၊ ဘဏ်၊ ဗလီ၊ ကယ်ဆယ်ရေးကားများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဆေးကုသရေးစင်တာ၊ ဆီဆိုင် စသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။




