မန္ယူအသင္းကေန ထြက္ခြါေတာ့မယ့္ ကက္စီမီ႐ို

မန္ယူအသင္းကေန ထြက္ခြါေတာ့မယ့္ ကက္စီမီ႐ို
==================
မန္ယူအသင္းက လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ဘရာဇီးလ္ကြင္းလယ္ကစားသမား ကက္စီမီ႐ိုကို သက္တမ္းမတိုးေတာ့ဘဲ လမ္းခြဲေတာ့မယ္လို အသင္းဝက္ဘ္ဆိုက္ကတစ္ဆင့္ အတည္ျပဳေၾကညာခဲ့ပါတယ္။
အသက္(၃၃)ႏွစ္ရွိၿပီျဖစ္တဲ့ ကက္စီမီ႐ိုဟာ ၂၀၂၂ ေႏြရာသီမွာ ရီးယဲလ္မက္ဒရစ္ကေန မန္ယူကို ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၆၀)နဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူပါ။ ကက္စီမီ႐ိုဟာ လက္ရွိအခ်ိန္မွာ မန္ယူအသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၄၆)ပြဲကစားၿပီး (၂၁)ဂိုး သြင္းယူေပးထားေပမဲ့ (၄)ႏွစ္တာကာလအတြင္းမွာ ဆုဖလားေအာင္ျမင္မႈကေတာ့ လိဂ္ဖလားတစ္လုံးနဲ႔ FA ဖလားတစ္လုံးသာ ရယူႏိုင္ခဲ့ပါတယ္။


မန်ယူအသင်းကနေ ထွက်ခွါတော့မယ့် ကက်စီမီရို
==================
မန်ယူအသင်းက လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို သက်တမ်းမတိုးတော့ဘဲ လမ်းခွဲတော့မယ်လို အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့် အတည်ပြုကြေညာခဲ့ပါတယ်။
အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ကက်စီမီရိုဟာ ၂၀၂၂ နွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကနေ မန်ယူကို ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ကက်စီမီရိုဟာ လက်ရှိအချိန်မှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၁၄၆)ပွဲကစားပြီး (၂၁)ဂိုး သွင်းယူပေးထားပေမဲ့ (၄)နှစ်တာကာလအတွင်းမှာ ဆုဖလားအောင်မြင်မှုကတော့ လိဂ်ဖလားတစ်လုံးနဲ့ FA ဖလားတစ်လုံးသာ ရယူနိုင်ခဲ့ပါတယ်။