ေနာက္တစ္ပြဲထိုးသတ္ဖို႔ ONE နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တဲ့ ဗီ႐ိုနီကာ

ေနာက္တစ္ပြဲထိုးသတ္ဖို႔ ONE နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တဲ့ ဗီ႐ိုနီကာ
====================
ဇန္ ၂၂
ကယန္းတိုင္းရင္းသူ ျမန္မာ့႐ိုးရာလက္ေဝွ႔မယ္ ဗီ႐ိုနီကာဟာ ေနာက္တစ္ပြဲထိုးသတ္ဖို႔ ONE နဲ႔ မေန႔ညေနကပဲ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း ပရိတ္သတ္အား အသိေပးလာၿပီျဖစ္ပါတယ္။
ONE ဟာ ဗ႐ိုနီကာနဲ႔ ေနာက္ပြဲအတြက္ သေဘာတူညီမႈ ရရွိၿပီဆိုတဲ့အေၾကာင္းကိုသာ ထုတ္ျပန္ထားေသးၿပီး ပြဲေန႔ပြဲရက္နဲ႔ ၿပိဳင္ဘက္ဘယ္သူဆိုတာကိုေတာ့ လတ္တေလာ ထုတ္ျပန္ထားျခင္း မရွိေသးပါဘူး။
ဗီ႐ိုနီကာဟာ ONE ပ႐ိုမိုးရွင္းနဲ႔ မႏွစ္က ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုအၿပီး ONE Friday Fights မွာ (၃) ပြဲထိုးသတ္ထားရာ (၂) ပြဲႏိုင္၊ တစ္ပြဲရႈးနိမ့္ထားပါတယ္။
ဗီ႐ိုနီကာဟာ ေနာက္ဆုံးပြဲအျဖစ္ ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာအတြင္းက တ႐ုတ္ဖိုက္တာ လီမင္႐ုနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ အမွတ္နဲ႔ အႏိုင္ရထားပါတယ္။
ဗီ႐ိုနီကာဟာ အဲ့ဒီပြဲမတိုင္ခင္ ထိုင္းနာမည္ႀကီး ေမြထိုင္းဖိုက္တာ ဂ်ဴနီယာနဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ထားရာမွာေတာ့ ဒုတိယအခ်ီမွာ အလဲထိုးနဲ႔ အႏိုင္ရထားပါတယ္။
ဗီ႐ိုနီကာဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာတုန္းက နာမည္ႀကီးဖိုက္တာ ျပင္သစ္ – အယ္ဂ်ီးရီးယားႏြယ္ဖြား အနီဆာမက္ဆန္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ဖို စီစဥ္ထားခဲ့ၿပီးမွ ၿပိဳင္ဘက္ေျပာင္းကာ တ႐ုတ္ဖိုက္တာ လီမင္႐ုနဲ႔ ထိုးသတ္ခဲ့ရတာျဖစ္ပါတယ္။
ဒါေၾကာင့္ အခုလာမယ့္ပြဲဟာ ႏိုဝင္ဘာတုန္းက ပြဲပ်က္ထားတဲ့ ျပင္သစ္ – အယ္ဂ်ီးရီးယားႏြယ္ဖြား အနီဆာမက္ဆန္နဲ႔ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။
ဗီ႐ိုနီကာရဲ႕ ေနာက္ပြဲဟာ ေဖေဖာ္ဝါရီအတြင္း ျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။
Photo- Vero Nika
နောက်တစ်ပွဲထိုးသတ်ဖို့ ONE နဲ့ စာချုပ် ချုပ်ဆိုလိုက်တဲ့ ဗီရိုနီကာ
====================
ဇန် ၂၂
ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာဟာ နောက်တစ်ပွဲထိုးသတ်ဖို့ ONE နဲ့ မနေ့ညနေကပဲ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ပရိတ်သတ်အား အသိပေးလာပြီဖြစ်ပါတယ်။
ONE ဟာ ဗရိုနီကာနဲ့ နောက်ပွဲအတွက် သဘောတူညီမှု ရရှိပြီဆိုတဲ့အကြောင်းကိုသာ ထုတ်ပြန်ထားသေးပြီး ပွဲနေ့ပွဲရက်နဲ့ ပြိုင်ဘက်ဘယ်သူဆိုတာကိုတော့ လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ဗီရိုနီကာဟာ ONE ပရိုမိုးရှင်းနဲ့ မနှစ်က ကာလရှည်စာချုပ် ချုပ်ဆိုအပြီး ONE Friday Fights မှာ (၃) ပွဲထိုးသတ်ထားရာ (၂) ပွဲနိုင်၊ တစ်ပွဲရှုးနိမ့်ထားပါတယ်။
ဗီရိုနီကာဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာအတွင်းက တရုတ်ဖိုက်တာ လီမင်ရုနဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်နဲ့ အနိုင်ရထားပါတယ်။
ဗီရိုနီကာဟာ အဲ့ဒီပွဲမတိုင်ခင် ထိုင်းနာမည်ကြီး မွေထိုင်းဖိုက်တာ ဂျူနီယာနဲ့ ယှဥ်ပြိုင်ထိုးသတ်ထားရာမှာတော့ ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရထားပါတယ်။
ဗီရိုနီကာဟာ ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက နာမည်ကြီးဖိုက်တာ ပြင်သစ် – အယ်ဂျီးရီးယားနွယ်ဖွား အနီဆာမက်ဆန်နဲ့ ယှဥ်ပြိုင်ထိုးသတ်ဖို စီစဥ်ထားခဲ့ပြီးမှ ပြိုင်ဘက်ပြောင်းကာ တရုတ်ဖိုက်တာ လီမင်ရုနဲ့ ထိုးသတ်ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် အခုလာမယ့်ပွဲဟာ နိုဝင်ဘာတုန်းက ပွဲပျက်ထားတဲ့ ပြင်သစ် – အယ်ဂျီးရီးယားနွယ်ဖွား အနီဆာမက်ဆန်နဲ့ ဖြစ်လာမလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
ဗီရိုနီကာရဲ့ နောက်ပွဲဟာ ဖေဖော်ဝါရီအတွင်း ဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။
Photo- Vero Nika




