


=========================
ဇန်နဝါရီ ၂၀
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်ရီ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာနှင့် သက်နှင်းအင်းကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား
=========================
ဇန်နဝါရီ ၂၀
ဇန်နဝါရီလ (၁၉)ရက်၊မွန်းလွဲပိုင်း၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တပ်ကျေးရွာ၊ သက်နှင်းအင်းကျေးရွာ များသို့သွားရောက်၍ ရပ်မိရပ်ဖများ၊ပြည်ခိုင်ဖြိုးပါတီကိုအားပေးဝန်းရံထောက်ခံမဲပေးခဲ့ကြသူများအား ကျေးဇူးတင်စကားသွားရောက်ပြောကြားခဲ့ပြီး ကျေးရွာများမှတင်ပြသောရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာများအား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။




