ေဂ်ာ့ရႈဝါဗန္၏ ခ်န္ပီယံတံဆိပ္ေပးအပ္မႈတြင္ ျမန္မာအလံကို UFC ထည့္သြင္းထား

ေဂ်ာ့ရႈဝါဗန္၏ ခ်န္ပီယံတံဆိပ္ေပးအပ္မႈတြင္ ျမန္မာအလံကို UFC ထည့္သြင္းထား
=================
ျမန္မာျပည္ဖြား ခ်င္းတိုင္းရင္းသား UFC ဖိုက္တာ ေဂ်ာ့ရႈဝါဗန္ကို UFC က ခ်န္ပီယံတံဆိပ္ခ်ီးျမႇင့္ရာ၌ အဆိုပါ တံဆိပ္ေပၚတြင္ ျမန္မာအလံကို ထည့္သြင္းေဖာ္ျပေပးခဲ့သည္ကို ေတြ႕ရသည္။

ထို႔ျပင္ ပတၱျမားတစ္လုံးကို ခ်န္ပီယံျဖစ္မႈ အထိမ္းအမွတ္အျဖစ္ ထည့္သြင္းေပးထားၿပီး ခါးပတ္ကာကြယ္ႏိုင္မႈအေပၚမူတည္၍ ပတၱျမားအေရအတြက္ တိုးလာမည္ျဖစ္ကာ UFC သမိုင္း၌ ျမန္မာ့အလံကို ပထမဆုံးအႀကိမ္ ခ်န္ပီယံတံဆိပ္‌ ေပၚတြင္ ျမန္မာအလံကို ႐ို-က္ႏွိပ္ေပးအပ္ျခင္းလည္းျဖစ္သည္။

ယင္းအေပၚ ကခ်င္တိုင္းရင္းသား ဖိုက္တာ ေအာင္လအန္ဆန္ကလည္း သူ၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဂ်ာ့ရႈဝါဗန္အား ဂုဏ္ျပဳသည့္အေနျဖင့္ မွ်ေဝေပးထားသည္ကိုေတြ႕ရသည္။

ေဂ်ာ့ရႈအာဗန္သည္ ‌UFC ၏ Flyweight World Champion ဆုကို၂၀၂၅ ခုႏွစ္ ဒီဇင္ဘာ (၆)ရက္တြင္ ဆြတ္ခူးပိုင္ဆိုင္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ ပထမဆုံး UFC ခ်န္ပီယံသမိုင္းသစ္ကို ေရးထိုးႏိုင္ေပးႏိုင္ခဲ့သူ တစ္ဦးျဖစ္သည္။

ျမန္မာပရိတ္သတ္အခ်စ္ေတာ္ ခ်င္းတိုင္းရင္းသား ဖိုက္တာ Joshua Van သည္ အာရွတိုက္ (၄၈) ႏိုင္ငံအား ကိုယ္စားျပဳ၍ ပထမဆုံး UFC ခ်န္ပီယံစာရင္းဝင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။


ဂျော့ရှုဝါဗန်၏ ချန်ပီယံတံဆိပ်ပေးအပ်မှုတွင် မြန်မာအလံကို UFC ထည့်သွင်းထား
=================
မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား UFC ဖိုက်တာ ဂျော့ရှုဝါဗန်ကို UFC က ချန်ပီယံတံဆိပ်ချီးမြှင့်ရာ၌ အဆိုပါ တံဆိပ်ပေါ်တွင် မြန်မာအလံကို ထည့်သွင်းဖော်ပြပေးခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ပတ္တမြားတစ်လုံးကို ချန်ပီယံဖြစ်မှု အထိမ်းအမှတ်အဖြစ် ထည့်သွင်းပေးထားပြီး ခါးပတ်ကာကွယ်နိုင်မှုအပေါ်မူတည်၍ ပတ္တမြားအရေအတွက် တိုးလာမည်ဖြစ်ကာ UFC သမိုင်း၌ မြန်မာ့အလံကို ပထမဆုံးအကြိမ် ချန်ပီယံတံဆိပ်‌ ပေါ်တွင် မြန်မာအလံကို ရို-က်နှိပ်ပေးအပ်ခြင်းလည်းဖြစ်သည်။

ယင်းအပေါ် ကချင်တိုင်းရင်းသား ဖိုက်တာ အောင်လအန်ဆန်ကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဂျော့ရှုဝါဗန်အား ဂုဏ်ပြုသည့်အနေဖြင့် မျှဝေပေးထားသည်ကိုတွေ့ရသည်။

ဂျော့ရှုအာဗန်သည် ‌UFC ၏ Flyweight World Champion ဆုကို၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၆)ရက်တွင် ဆွတ်ခူးပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံး UFC ချန်ပီယံသမိုင်းသစ်ကို ရေးထိုးနိုင်ပေးနိုင်ခဲ့သူ တစ်ဦးဖြစ်သည်။

မြန်မာပရိတ်သတ်အချစ်တော် ချင်းတိုင်းရင်းသား ဖိုက်တာ Joshua Van သည် အာရှတိုက် (၄၈) နိုင်ငံအား ကိုယ်စားပြု၍ ပထမဆုံး UFC ချန်ပီယံစာရင်းဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။