ဂါဇာၿငိမ္းခ်မ္းေရး ဘုတ္အဖြဲ႕ဝင္ေနရာအတြက္ ႐ုရွားသမၼတ ဖိတ္ၾကားျခင္းခံရ

ဂါဇာၿငိမ္းခ်မ္းေရး ဘုတ္အဖြဲ႕ဝင္ေနရာအတြက္ ႐ုရွားသမၼတ ဖိတ္ၾကားျခင္းခံရ
==========================
႐ုရွားသမၼတဗလာဒီမာပူတင္သည္ ဂါဇာၿငိမ္းခ်မ္းေရး ဘုတ္အဖြဲ႕ဝင္ေနရာအတြက္ ဖိတ္ၾကားျခင္းခံရေၾကာင္း ႐ုရွားသမၼတ႐ုံးက ဇန္နဝါရီလ ၁၉ ရက္တြင္ထုတ္ျပန္ထားသည္။ထိုၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕သည္ ႏိုင္ငံတကာအတိုင္းအတာအေနျဖင့္ ပဋိပကၡမ်ားကိုေျဖရွင္းရန္၊ ဂါဇာေဒသအတြင္းအုပ္ခ်ဳပ္မႈႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ႀကီးၾကပ္ကြပ္ကဲႏိုင္ရန္တို႔အတြက္ရည္႐ြယ္ျခင္းျဖစ္သည္ဟု သမၼတ႐ုံး၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ၿငိမ္းခ်မ္းေရးဘုတ္အဖြဲ႕ကို အေမရိကန္သမၼတက ဖြဲ႕စည္းလိုက္ျခင္းျဖစ္ၿပီး ကမာၻ႔ႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားကိုပါ ထိုအဖြဲ႕တြင္ပါဝင္ရန္ ဖိတ္ၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါဖိတ္ၾကားခ်က္အေပၚ ႐ုရွားအစိုးရက ေသခ်ာစြာေလ့လာ သြားမည္ျဖစ္ေၾကာင္း႐ုရွားသမၼတ႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပက္စေကာ့ကေျပာသည္။

ပဋိပကၡမ်ားကိုေျဖရွင္းရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏ႀကိဳးပမ္းမႈမ်ားကို ႐ုရွားသမၼတဗလာဒီမာပူတင္က ခ်ီးက်ဴးထားသည္။ “သူက ႏွစ္ေပါင္းမ်ားစြာတင္မက ဆယ္စုႏွစ္မ်ားစြာၾကာျမင့္ေနၿပီျဖစ္တဲ့ ပဋိပကၡမ်ားကိုေျဖရွင္းဖို႔ မ်ားစြာႀကိဳးပမ္းခဲ့ပါတယ္” ဟု ထရမ့္က ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလတြင္ေျပာသည္။ အကယ္၍ ထရမ့္၏ႀကိဳးစားမႈအတိုင္း အေကာင္အထည္ေပၚခဲ့ပါက ထိုေအာင္ျမင္မႈမ်ားမွာ သမိုင္းဝင္လာမည္ျဖစ္ေၾကာင္း ပူတင္က ေျပာထားသည္။


ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ရုရှားသမ္မတ ဖိတ်ကြားခြင်းခံရ
==========================
ရုရှားသမ္မတဗလာဒီမာပူတင်သည် ဂါဇာငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နေရာအတွက် ဖိတ်ကြားခြင်းခံရကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီလ ၁၉ ရက်တွင်ထုတ်ပြန်ထားသည်။ထိုငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် နိုင်ငံတကာအတိုင်းအတာအနေဖြင့် ပဋိပက္ခများကိုဖြေရှင်းရန်၊ ဂါဇာဒေသအတွင်းအုပ်ချုပ်မှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်တို့အတွက်ရည်ရွယ်ခြင်းဖြစ်သည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို အမေရိကန်သမ္မတက ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များကိုပါ ထိုအဖွဲ့တွင်ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖိတ်ကြားချက်အပေါ် ရုရှားအစိုးရက သေချာစွာလေ့လာ သွားမည်ဖြစ်ကြောင်းရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ကပြောသည်။

ပဋိပက္ခများကိုဖြေရှင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ကြိုးပမ်းမှုများကို ရုရှားသမ္မတဗလာဒီမာပူတင်က ချီးကျူးထားသည်။ “သူက နှစ်ပေါင်းများစွာတင်မက ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခများကိုဖြေရှင်းဖို့ များစွာကြိုးပမ်းခဲ့ပါတယ်” ဟု ထရမ့်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်ပြောသည်။ အကယ်၍ ထရမ့်၏ကြိုးစားမှုအတိုင်း အကောင်အထည်ပေါ်ခဲ့ပါက ထိုအောင်မြင်မှုများမှာ သမိုင်းဝင်လာမည်ဖြစ်ကြောင်း ပူတင်က ပြောထားသည်။