ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ေထာပတ္သီးမ်ားကို ထိုင္းႏိုင္ငံအျပင္ တ႐ုတ္ႏိုင္ငံသို႔ပါ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ

ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ေထာပတ္သီးမ်ားကို ထိုင္းႏိုင္ငံအျပင္ တ႐ုတ္ႏိုင္ငံသို႔ပါ တင္ပို႔ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိ
====================
ဇန္နဝါရီ ၂၀
ျမန္မာႏိုင္ငံမွထြက္ရွိသည့္ ေထာပတ္သီးကို ျပည္တြင္းစားသုံးမႈအျပင္ ထိုင္းႏိုင္ငံသို႔ တင္ပို႔ႏိုင္႐ုံသာမက တ႐ုတ္ႏိုင္ငံသို႔ပါ တင္ပို႔ေရာင္းခ်ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ သိရပါတယ္။
လက္ရွိတြင္ ေထာပတ္သီးရာသီကုန္ခ်ိန္၌ အေရာင္းအဝယ္ေကာင္းမြန္ေနၿပီး ေဈးေကာင္းရရွိေနေၾကာင္းႏွင့္ ယခုႏွစ္တြင္ ထိုင္းႏိုင္ငံက ကေမာၻဒီးယားႏိုင္ငံသို႔ တင္ပို႔ျခင္းမရွိလို႔ ေထာပတ္သီးမ်ား အဝယ္နည္းခဲ့ေၾကာင္း သိရပါတယ္။
ျမန္မာ့ေထာပတ္သီးမ်ားကို တ႐ုတ္ႏိုင္ငံသို႔ တရားဝင္တင္ပို႔ခြင့္ရေအာင္ ႀကိဳးစားေနၿပီး တရားဝင္ တင္ပို႔ခြင့္ရရွိ ယခုထက္ပို၍ ေဈးေကာင္းရရွိႏိုင္မွာျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအတြင္း ေထာပတ္သီးမ်ားကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ေတာင္ႀကီး၊ ဟိုပုံး၊ ေညာင္ေ႐ႊ၊ ဆီဆိုင္၊ ကေလာ၊ ပင္းတယ၊ ႐ြာငံ၊ ရပ္ေစာက္၊ ပင္ေလာင္း၊ ဖယ္ခုံေဒသမ်ားႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ လားရႈိး၊ ကြတ္ခိုင္၊ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳႏွင့္ မႏၲေလးတိုင္းေဒသႀကီးတြင္ ျပင္ဦးလြင္ေဒသတို႔၌ လည္းေကာင္း စိုက္ပ်ိဳးလ်က္ရွိေၾကာင္း သိရပါတယ္။
မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိ
====================
ဇန်နဝါရီ ၂၀
မြန်မာနိုင်ငံမှထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစားသုံးမှုအပြင် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရုံသာမက တရုတ်နိုင်ငံသို့ပါ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
လက်ရှိတွင် ထောပတ်သီးရာသီကုန်ချိန်၌ အရောင်းအဝယ်ကောင်းမွန်နေပြီး ဈေးကောင်းရရှိနေကြောင်းနှင့် ယခုနှစ်တွင် ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံသို့ တင်ပို့ခြင်းမရှိလို့ ထောပတ်သီးများ အဝယ်နည်းခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ထောပတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရအောင် ကြိုးစားနေပြီး တရားဝင် တင်ပို့ခွင့်ရရှိ ယခုထက်ပို၍ ဈေးကောင်းရရှိနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံဒေသများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီးတွင် ပြင်ဦးလွင်ဒေသတို့၌ လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။




