
=========================



ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြား
=========================
ဒက္ခိဏသီရိ ဇန်နဝါရီ ၁၉

ယနေ့ ဇန်နဝါရီလ (၁၉)ရက်၊မွန်းလွဲပိုင်း၌ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဒိုးနွယ်ကျေးရွာ၊ကျေးစာဥကျေးရွာနှင့်ရွာသစ်ကျေးရွာ များသို့ သွားရောက်၍ ရပ်မိရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီကို အားပေးဝန်းရံထောက်ခံမဲပေးခဲ့ကြသူများအား ကျေးဇူးတင်စကား သွားရောက်ပြောကြားခဲ့ပြီး
ကျေးရွာများမှတင်ပြသော ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာများအား ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။