ေနျပည္ေတာ္ ၊ရန္ကုန္ ၊ဧရာဝတီတို႔တြင္ ႏွစ္ရက္ဆက္တိုက္ ငလ်င္(၃)ႀကိမ္လႈပ္ခတ္ခဲ့

ေနျပည္ေတာ္ ၊ရန္ကုန္ ၊ဧရာဝတီတို႔တြင္ ႏွစ္ရက္ဆက္တိုက္ ငလ်င္(၃)ႀကိမ္လႈပ္ခတ္ခဲ့
===================
ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္းႏွင့္ ေနျပည္ေတာ္တို႔တြင္ ယေန႔ ဇန္နဝါရီ ၂၀ ရက္ႏွင့္ ယမန္ေန႔ ဇန္နဝါရီ ၁၉ ရက္တို႔က ႏွစ္ရက္ဆက္တိုက္ ငလ်င္လႈပ္ခတ္မႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။
ယေန႔ ဇန္နဝါရီ ၂၀ ရက္နံနက္ ၁ နာရီ ၂၆ မိနစ္ ၃၁ စကၠန္႔က ဧရာဝတီတိုင္း၊ ေညာင္တုန္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္(၁၁)မိုင္ခန္႔အကြာ၊ အနက္(၁၀)ကီလိုမီတာကို ဗ ဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး(၄ ဒသမ ၅)အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဇန္နဝါရီ ၁၉ ရက္ည ၁၀ နာရီ ၁၃ မိနစ္ ၅၇ စကၠန္႔ကလည္း ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕၏ အေနာက္ ေတာင္ဘက္(၁၈)မိုင္ခန္႔အကြာ၊ အနက္(၁၀)ကီလိုမီ တာကိုဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး(၄ ဒသမ ၅)အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳနယ္၏ အေရွ႕ ေျမာက္ဘက္(၃)မိုင္ခန႔္အကြာ၊ အနက္(၁၁)ကီလိုမီတာကိုဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး(၃ ဒသမ ၀)အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ငလ်င္တစ္ခုသည္ ဇန္နဝါရီ ၁၉ ရက္ ည ၈ နာရီ ၅၄ မိနစ္ ၃၃ စကၠန္႔ကလႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။


နေပြည်တော် ၊ရန်ကုန် ၊ဧရာဝတီတို့တွင် နှစ်ရက်ဆက်တိုက် ငလျင်(၃)ကြိမ်လှုပ်ခတ်ခဲ့
===================
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင် ယနေ့ ဇန်နဝါရီ ၂၀ ရက်နှင့် ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်တို့က နှစ်ရက်ဆက်တိုက် ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၁ နာရီ ၂၆ မိနစ် ၃၁ စက္ကန့်က ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၏ အရှေ့မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကို ဗ ဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇန်နဝါရီ ၁၉ ရက်ည ၁၀ နာရီ ၁၃ မိနစ် ၅၇ စက္ကန့်ကလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့၏ အနောက် တောင်ဘက်(၁၈)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီ တာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၏ အရှေ့ မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ဇန်နဝါရီ ၁၉ ရက် ည ၈ နာရီ ၅၄ မိနစ် ၃၃ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။