အေမရိကန္၏ စည္းၾကပ္ခြန္ၿခိမ္းေျခာက္မႈက လက္ခံႏိုင္ဖြယ္မရွိဟု မက္ခ႐ြန္ ဆို

အေမရိကန္၏ စည္းၾကပ္ခြန္ၿခိမ္းေျခာက္မႈက လက္ခံႏိုင္ဖြယ္မရွိဟု မက္ခ႐ြန္ ဆို
======================
(ႏိုင္ငံတကာ) ဇန္နဝါရီ ၂၀

အေမရိကန္သမၼတ ထရမ့္ က ဇန္နဝါရီလ ၁၇ ရက္တြင္ ဂရင္းလန္းကြၽန္းအား ေထာက္ခံသည့္ ဥေရာပႏိုင္ငံ မ်ားအေပၚ စည္းၾကပ္ခြန္ထပ္တိုးေကာက္ခံမည္ဟု ေၾကညာၿပီးေနာက္ ျပင္သစ္သမၼတ မက္ခ႐ြန္ က ထိုစည္းၾကပ္ခြန္ ၿခိမ္းေျခာက္မႈသည္ လက္ခံႏိုင္ဖြယ္မရွိေၾကာင္း၊ ဥေရာပအေနျဖင့္ စည္းလုံးညီၫြတ္စြာ တုံ႔ျပန္ရင္ဆိုင္သြားမည္ ျဖစ္ေၾကာင္း လူမႈမီဒီယာ၌ပို႔စ္တင္၍ ေျပာၾကားခဲ့သည္။

ျပင္သစ္ႏိုင္ငံအေနျဖင့္ ကမာၻ႔ႏိုင္ငံအသီးသီး၏ အခ်ဳပ္အျခာအာဏာႏွင့္ လြတ္လပ္မႈအား ကာကြယ္ ထိန္းသိမ္းရန္ ႀကိဳးပမ္းလ်က္ရွိၿပီး ယင္းကို အေၾကာင္းျပဳလိုက္နာကာ ဒိန္းမတ္ႏိုင္ငံက အခ်ဳပ္အျခာအာဏာ ကာကြယ္ထိန္းသိမ္းျခင္းကို ေထာက္ခံအားေပးေၾကာင္း၊ ထို႔ေၾကာင့္ ဒိန္းမတ္က ဂရင္းလန္းကြၽန္းတြင္ လုပ္ေဆာင္မည့္ စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဂရင္းလန္းကြၽန္း အေရးကိစၥသည္ အာတိတ္ေဒသ လုံၿခဳံေရးႏွင့္ ဥေရာပနယ္စပ္ေဒသလုံၿခဳံေရးႏွင့္ သက္ဆိုင္ေၾကာင္း မက္ခ႐ြန္ က ေျပာၾကားခဲ့သည္။

“ဘယ္အက်ပ္ကိုင္မႈ ၿခိမ္းေျခာက္မႈမဆို ကြၽန္ေတာ္တို႔ကို ယိမ္းယိုင္ေအာင္ မလုပ္ႏိုင္ပါဘူး ဟု မက္ခ႐ြန္က ေရးသားေဖာ္ျပခဲ့သည္။ စည္းၾကပ္ခြန္ၿခိမ္းေျခာက္မႈက လက္ခံႏိုင္ဖြယ္မရွိသလို အခ်ိန္အခါနဲ႔လည္း မသင့္ေလ်ာ္ပါဘူး။

ဥေရာပက ေသြးစည္းညီၫြတ္စြာစုေပါင္းၿပီး ညႇိႏႈိင္းကိုင္တြယ္စီမံကာ ဥေရာပအခ်ဳပ္အျခာအာဏာကို အတူတကြ ကာကြယ္သြားမွာျဖစ္ပါတယ္” ဟု ၎က ေျပာၾကားခဲ့သည္။

အေမရိကန္သည္ ေဖေဖာ္ဝါရီလ ၁ ရက္မွစကာ အေမရိကန္သို႔တင္ပို႔သည့္ ဒိန္းမတ္၊ ေနာ္ေဝ၊ ဆြီဒင္၊ ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတန္၊ နယ္သာလန္ႏွင့္ ဖင္လန္ႏိုင္ငံတို႔မွ ထုတ္ကုန္မ်ားအေပၚ စည္းၾကပ္ခြန္ ၁၀ ရာခိုင္ႏႈန္း ထပ္တိုး ေကာက္ခံမည္ျဖစ္ေၾကာင္း၊ ထပ္တိုးေကာက္ခံသည့္ စည္းၾကပ္ခြန္ႏႈန္းထားကို ဇြန္လ ၁ ရက္မွစ၍ ၂၅ ရာခိုင္ႏႈန္းအထိ ျမႇင့္တင္သြားမည္ျဖစ္ရာ ယင္းသည္ သက္ဆိုင္ရာဘက္အေနျဖင့္ အေမရိကန္က ဂရင္းလန္းကြၽန္းအား ဘက္စုံ အျပည့္အဝ ဝယ္ယူမႈအတြက္ သေဘာတူညီခ်က္ ရရွိၿပီးသည္အထိျဖစ္ေၾကာင္း ထရမ့္ က ထိုေန႔အေစာပိုင္းတြင္ လူမႈမီဒီယာ၌ ပို႔စ္တင္၍ ေျပာၾကားခဲ့သည္။

ဒိန္းမတ္ရွိ အဆိုပါကြၽန္းတြင္ လုပ္ေဆာင္မည့္ Arctic Endurance စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ရန္အတြက္ ေနာ္ေဝ၊ ဆြီဒင္၊ ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတိန္၊ နယ္သာလန္ႏွင့္ ဖင္လန္ စသည့္ ဥေရာပႏိုင္ငံမ်ားက လတ္တေလာ ရက္ပိုင္းတြင္ ဂရင္းလန္းကြၽန္းသို႔ စစ္သည္မ်ားေစလႊတ္ခဲ့ေၾကာင္း သိရသည္။
#PAN


အမေရိကန်၏ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ်မရှိဟု မက်ခရွန် ဆို
======================
(နိုင်ငံတကာ) ဇန်နဝါရီ ၂၀

အမေရိကန်သမ္မတ ထရမ့် က ဇန်နဝါရီလ ၁၇ ရက်တွင် ဂရင်းလန်းကျွန်းအား ထောက်ခံသည့် ဥရောပနိုင်ငံ များအပေါ် စည်းကြပ်ခွန်ထပ်တိုးကောက်ခံမည်ဟု ကြေညာပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန် က ထိုစည်းကြပ်ခွန် ခြိမ်းခြောက်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ဥရောပအနေဖြင့် စည်းလုံးညီညွတ်စွာ တုံ့ပြန်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း လူမှုမီဒီယာ၌ပို့စ်တင်၍ ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုအား ကာကွယ် ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပြီး ယင်းကို အကြောင်းပြုလိုက်နာကာ ဒိန်းမတ်နိုင်ငံက အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းခြင်းကို ထောက်ခံအားပေးကြောင်း၊ ထို့ကြောင့် ဒိန်းမတ်က ဂရင်းလန်းကျွန်းတွင် လုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဂရင်းလန်းကျွန်း အရေးကိစ္စသည် အာတိတ်ဒေသ လုံခြုံရေးနှင့် ဥရောပနယ်စပ်ဒေသလုံခြုံရေးနှင့် သက်ဆိုင်ကြောင်း မက်ခရွန် က ပြောကြားခဲ့သည်။

“ဘယ်အကျပ်ကိုင်မှု ခြိမ်းခြောက်မှုမဆို ကျွန်တော်တို့ကို ယိမ်းယိုင်အောင် မလုပ်နိုင်ပါဘူး ဟု မက်ခရွန်က ရေးသားဖော်ပြခဲ့သည်။ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက လက်ခံနိုင်ဖွယ်မရှိသလို အချိန်အခါနဲ့လည်း မသင့်လျော်ပါဘူး။

ဥရောပက သွေးစည်းညီညွတ်စွာစုပေါင်းပြီး ညှိနှိုင်းကိုင်တွယ်စီမံကာ ဥရောပအချုပ်အခြာအာဏာကို အတူတကွ ကာကွယ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် ဖေဖော်ဝါရီလ ၁ ရက်မှစကာ အမေရိကန်သို့တင်ပို့သည့် ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတန်၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့မှ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုး ကောက်ခံမည်ဖြစ်ကြောင်း၊ ထပ်တိုးကောက်ခံသည့် စည်းကြပ်ခွန်နှုန်းထားကို ဇွန်လ ၁ ရက်မှစ၍ ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်သွားမည်ဖြစ်ရာ ယင်းသည် သက်ဆိုင်ရာဘက်အနေဖြင့် အမေရိကန်က ဂရင်းလန်းကျွန်းအား ဘက်စုံ အပြည့်အဝ ဝယ်ယူမှုအတွက် သဘောတူညီချက် ရရှိပြီးသည်အထိဖြစ်ကြောင်း ထရမ့် က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။

ဒိန်းမတ်ရှိ အဆိုပါကျွန်းတွင် လုပ်ဆောင်မည့် Arctic Endurance စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နှင့် ဖင်လန် စသည့် ဥရောပနိုင်ငံများက လတ်တလော ရက်ပိုင်းတွင် ဂရင်းလန်းကျွန်းသို့ စစ်သည်များစေလွှတ်ခဲ့ကြောင်း သိရသည်။
#PAN